နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် နဲ့ ယူရိုပါ ကွန်းဖရင့်စ်လိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်တွေ အပြီးမှာတော့ ရိုးမား ၊ ဆီဗီးလား ၊ ဖီအိုရင်တီးနား နဲ့ ဝက်စ်ဟမ်း တို့ဟာ ဗိုလ်လုပွဲတွေဆီ အသီးသီး တက်လှမ်း လာခဲ့ကြ ပါတယ် ။
အီတလီ ကလပ်တွေ အတွက်တော့ ဒီနှစ်ဟာ ဂုဏ်ယူစရာ ဖြစ်ခဲ့ပြီး အင်တာမီလန် ၊ ရိုးမား နဲ့ ဖီအိုရင်တီးနား တို့ဟာ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် နဲ့ ကွန်းဖရင့်စ်လိဂ် ဖိုင်နယ်တွေဆီ အရောက်လှမ်း နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဝက်စ်ဟမ်း ကတော့ အင်တာတိုတို ဖလား ရယူအပြီး နှစ်ပေါင်း များစွာကြာချိန်မှာ နောက်ထပ် ဥရောပ ဗိုလ်လုပွဲ တခုဆီ ရောက်ရှိ လာခဲ့တာပါ ။
ဆီဗီးလား ကတော့ ယူရိုပါလိဂ် ဘုရင်ကြီးဆိုတဲ့ ဘွဲ့ကို ဆက်ထိန်းဖို့ နဲ့ ၇ ကြိမ်မြောက် ယူရိုပါလိဂ်ဖလားကို ရယူဖို့ ရိုးမား နဲ့ ယှဉ်ပြိုင်ရတော့ မှာပဲ ဖြစ်ပါတယ် ။

နယူးကာဆယ် ကတော့ ဘရိုက်တန် နဲ့ ပွဲကျန် ကို အနိုင် ကစားပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို လက်တဘက် ဆုပ်ကိုင် နိုင်ခဲ့ ပါတယ် ။
အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ နယူးကာဆယ် ဟာ ဘရိုက်တန် ကို ၄-၁ နဲ့ အနိုင်ရခဲ့ပြီး ကယ်လမ် ဝီလ်ဆင် က အကောင်းဆုံး ကစားပြသွားခဲ့ ပါတယ် ။

အပြောင်းအရွှေ့ သတင်းတွေမှာတော့ ဘရိုက်တန် အသင်းဟာ လိဒ်ယူနိုက်တက် မှာ အငှားလာကစား နေတဲ့ ယူဗင်တပ် ရဲ့ အမေရိကန် ကွင်းလယ်လူ ဝက်စတန် မက်ကိန်း ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

အေစီမီလန် ကတော့ ချဲလ်ဆီး ကွင်းလယ် ကစားသမား ရူဘင် လော့ဖ်တပ် ချိက် ကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေး နေတယ်လို့ ကြားသိရ ပါတယ် ။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဆောက်ဂိတ် ဟာ လာမယ့် ဇွန်လ အလယ်မှာ ကစားဖို့ ရှိနေတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ မှာ မန်ချက်စတာ စီးတီး အသင်းက အင်္ဂလန် ကစားသမားတွေကို အသုံးမပြုဘဲ အနားပေးဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ် ။
မန်စီးတီး ဟာ ဇွန် ၁၀ ရက်နေ့မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားဖို့ ရှိနေပြီး ၆ ရက် အကြာမှာ အင်္ဂလန် အသင်း ကစားဖို့ ရှိနေတာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ စီးတီး ဟာ လိုက်ပ်ဇစ် ရဲ့ ခရိုအေးရှား ခံစစ်ကြယ်ပွင့် ဂျီဗာဒေါ ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေပါတယ် ။
စီးတီး ရဲ့ စပိန် ခံစစ်မှူး အိုင်းမရစ် လာပေါ့တ် ဟာ အစ်တီဟတ် ကနေ ထွက်ခွာဖို့ ရှိနေပြီး အဆိုပါ နေရာ အတွက် အစားထိုးမယ့် ကစားသမားကို စီးတီး တို့ ရှာဖွေ နေပြီလို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းကို ပြောင်းရွှေ့ ကစားလာတာ ၅ နှစ်ခွဲကျော် ရှိပြီ ဖြစ်တဲ့ ဘရာဇီး တောင်ပံ ကစားသမား လူးကပ်စ် မော်ရာ ဟာ ရာသီအကုန်မှာ လန်ဒန် ကနေ ကနေ ထွက်ခွာမယ်လို့ စပါး ဘက်က အတည်ပြုသွားခဲ့ ပါတယ် ။

လောင်းကစား စည်းမျဉ်းတွေကို ချိုးဖောက်တာကြောင့် ၈ လ ဘောလုံး ကစားခွင့် ပိတ်ပင် ခံခဲ့ရပေမယ့် ဘရန့်ဖိုဒ့် အသင်းကတော့ တိုက်စစ်မှူး အိုင်ဗန် တိုနေး ကို စာချုပ် သက်တမ်းတိုးဖို့ အစီအစဉ် လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။
တိုနေး ဟာ ၂၀၂၃ နှစ်ကုန်အထိ ဘောလုံး နဲ့ ပတ်သက်ခွင့် ( ကစားခွင့် ၊ အသင်းမှာ လာရောက် လေ့ကျင့်ခွင့် ) ရရှိမှာ မဟုတ်ပါဘူး ။

ဘာစီလိုနာ ကနေ ထွက်ခွာမယ်လို့ သတင်း ထွက်ခဲ့တဲ့ ဒါရိုက်တာ မက်သီယူး အလီမာနီ ဟာ သူ့ရဲ့ ဆုံးဖြတ်ချက် ကို ပြန်ပြင် ခဲ့ပြီး အသင်းမှာ ဆက်နေခဲ့ပါတယ် ။
ဒါကြောင့် ဒေကို ဟာ ဘာစီလိုနာနဲ အမှန်တကယ် လမ်းခွဲသွားတဲ့ အားကစား ဒါရိုက်တာ ဂျော်ဒီ ခရပ်ဖ် ရဲ့ နေရာကို အစားထိုး ဝင်ရောက် တာဝန်ယူသွား တော့မှာပါ ။

ကမ္ဘာကျော် တင်းနစ် ချန်ပီယံဟောင်း ရာဖေး နာဒယ် ဟာ ဒဏ်ရာကြောင့် ပြင်သစ် အိုးပင်း တင်းနစ်ပြိုင်ပွဲ ကနေ နှုတ်ထွက် သွားခဲ့ပါတယ် ။
ဒီပြိုင်ပွဲဟာ နာဒယ် အတွက် နောက်ဆုံး ဂရမ်းစလမ်း ပြိုင်ပွဲ ဖြစ်လာမယ်လို့ သုံးသပ်မှုတွေ ရှိထားတာကြောင့် တင်းနစ် ဂန္ထဝင်ကြီးကို ထပ်မြင်ရဖို့ အလားအလာ နည်းပါးနေပြီလို့ ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ် ။

SPORTS MYANMAR