မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်မှုနဲ့ အထုတ်ခံရပါ့မလားဆိုတဲ့ မေးခွန်းတွေကို တုန့်ပြန်လိုက်တဲ့ အန်ဆယ်လော့တီ

မန်စီးတီးနဲ့ အသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ပွဲစဥ်က ရီးယဲ မက်ဒရစ် နည်းပြ ဖြစ်သူ ကားလို့စ် အန်ဆယ်လော့တီ အတွက် သမိုင်းဝင် ညချမ်း တစ်ခု ဖြစ်ခဲ့ရပေမဲ့ ဒီပွဲစဥ်မှ ရလဒ်ကတော့ နည်းပြရော ကစားသမားတွေ အတွက်ပါ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

ဒါဟာ အန်ဆယ်လော့တီ အတွက်တော့ ချန်ပီယံလိဂ် ပြိုင််ပွဲကြီးမှာ နည်းပြ အဖြစ်နဲ့ တာဝန်ယူ အလုပ်လုပ်ခဲ့ရတာ 191 မြောက် ပွဲစဥ် ဖြစ်သွားခဲ့ရပါတယ် ။ ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဟောင်း ဆာ အဲ့လက်စ် ဖာဂူဆန် ရဲ့ စံချိန်ကို ကျော်ဖြတ်ခြင်းပါပဲ ။

ဒါပေမဲ့ ဒီလိုညမှာ မန်စီးတီးအသင်းကို 4 ဂိုးပြတ် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာက စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။ ဒီအတွက် အန်ဆယ်လော့တီ က ရိုးရိုးသားသား ဝန်ခံရင်း နောက်ရာသီမှာ အကောင်းဆုံး လုပ်ပြသွားမယ်လို့ ပြောကာ အထုတ်ခံရမယ့် သတင်းတွေကို တုန့်ပြန်ခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ဟာ ကျွန်တော်တို့ထက်ပိုပြီးတော့ အရည််အသွေးကောင်းတဲ့ ပေါက်ကွဲအားကောင်းတဲ့ အသင်းမျိုးကို ရှုံးနိမ့်ခဲ့ရတာပါ ။ ပြီးခဲ့တဲ့ နှစ်တုန်းက ကျွန်တော်တို့ ပိုသာခဲ့ကြပါတယ် ။ ဒါပေမဲ့ ဒီနှစ်မှာတော့ သူတို့တွေ ပိုသာသွားခဲ့ကြပါပြီ ”

” ဒါက အရမ်းကို နာကျင်စေတဲ့ ရှုံးပွဲ တစ်ပွဲပါပဲ ။ ဒီပွဲစဥ်မှာ သူတို့တွေဖက်က ကျွန်တော်တို့ထက် အများကြီးပိုပြီး ​ကောင်းပြနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့မှာ အခြား ရွေးချယ််စရာ မရှိပါဘူး။ ကျွန်တော်တို့ နောက်နှစ် အကြောင်းကိုပဲ တွေးကြရတော့မှာပါ ” လို့ ပြောရင်း သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ အမေးခံရတဲ့ အခါ…

” နောက်ရာသီမှာတော့ နောက်ထပ် ချန်ပီယံလိဂ် ဖလား ဆွတ်ခူးရေး အတွက် တိုက်ပွဲဝင်နိုင်ဖို့ ကျွန်တော် ဒီမှာ ရှိနေဦးမှာပါ ။ ကျွန်တော့်အပေါ် ဘယ်သူမှ သံသယ မဖြစ်ကြပါနဲ့ ။ ဥက္ကဌကြီးက ဒါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ 15 ရက်လောက် ကတည်းက ကျွန်တော့်ကို စကားတွေ ရှင်းရှင်းလင််းလင်း ပြောခဲ့ပြီးပါပြီ ”

” သူနဲ့ ကျွန်တော်တို့ ပြောခဲ့တဲ့ စကားတွေဟာ သီးသန့်ပြောခဲ့ကြတာပါ ။ ဒါ ကျွန်တော်တို့ပဲ သိသင့်တဲ့ အတွင်း စကားမို့လို့ အဲ့တာတွေကို ကျွန်တော် ဒီမှာထုတ်ပြောသွားမှာ မဟုတ်ပါဘူး ” လို့ အန်ဆယ်လော့တီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar