ကွင်းလယ်လူ တစ်ဦးနဲ့ ညှိုနှိုင်းနေပြီး နောက်ထပ် ကွင်းလယ်လူတစ်ဦးကို စောင့်ကြည့်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း

ထွက်ပေါ်လာတဲ့ သတင်း တစ်ရပ်ကတော့ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စီးရီအေးထိပ်သီး ဂျူဗင်တပ် အသင်းရဲ့ ကွင်းလယ််လူ အက််ဒရီယန် ရာဘီယော့ ကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိလိုက်ရပါတယ် ။

အသက် 28 နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ရှိဖို့ အတော်လေး နီးစပ်ခဲ့ပါသေးတယ် ။ သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်တို့ ပြောင်းရွှေ့ကြေးပိုင်းဆိုင််ရာ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ လစာကိစ္စ ညှိနှိုင်းရာမှာ အဆင်မပြေ ဖြစ်ခဲ့ရတဲ့ အတွက် ကစားသမားဟာ တူရင်မြေမှာပဲ ဆက်လက် ရှိခဲ့ရပါတယ် ။ အခုတော့ ယူနိုက်တက်တို့ဟာ ကစားသမားကို အသင်းရဲ့ လစာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာနိုင်တဲ့ လစာမျိုးနဲ့ ကမ်းလှမ်းခဲ့ပြန်ပါတယ် ။

ဒါပေမဲ့ အဆိုပါ ပမာဏဟာ ကစားသမား အတွက် စိတ်လှုပ်ရှားစရာ မဖြစ်ခဲ့ရပါဘူး ။ ရာဘီယော့ဟာ ဒီရာသီမှာ ဂျူဗင်တပ် အသင်းအတွက် ပြိုင်ပွဲစုံ 44 ပွဲ ကစားထားခဲ့ပြီး 11 ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ် ။ ဒါဟာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး မှတ်တမ်းပါပဲ ။

အခြားတဖက်မှာတော့ သူဟာ ဒီရာသီ အကုန်မှာ ဂျူဗင်တပ် အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ် ။ ဒါ့ကြောင့် အသင်းကို အင်အား တိုးမြှင့်ဖို့ ကြံရွယ်နေတဲ့ အဲရစ် တန်ဟတ် ဟာ သူ့ကို မြင့်မားတဲ့ လစာငွေ နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ RMC Sport မှ ဖော်ပြသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီရာသီ နည်းပြသစ် အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ တိုးတက်လာခဲ့ပေမဲ့ လူအင်အား တောင့်တင်းမှု မရှိခဲ့တာကြောင့် အဓိက ကစားသမားတွေ ဒဏ်ရာရချိန်၊ ပွဲပယ်ခံရချိန်တွေမှာ ရုန်းကန််ခဲ့ရပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက်တို့ လာမယ့်နွေမှာ နေရာ အများကြီး အင်အား ဖြည့်တင်းဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဂျူဗင်တပ် နည်းပြ မက်စ် အယ်လီဂရီ ကလည်း ကစားသမားကို အသင်းမှာ ဆက်လက် ရှိနေစေရေး အတွက်် ကြိုးစားနေတယ်လို့ သိခဲ့ရပြန်ပါတယ် ။

အခြားတဖက်မှာတော့ ကစားသမားရဲ့ မိခင် ဖြစ်သလို အေးဂျင့် အဖြစ်ပါ တာဝန် ထမ်းဆောင်နေခဲ့ရတဲ့ ဗာရောနစ် ရာဘီယော့ က သားဖြစ်သူအတွက် အကောင်းဆုံး ဖြစ််နိုင်မယ့် ကမ်းလှမ်းမှုကို ရှာဖွေနေတာကြောင့် လာရောက်် ဆက်သွယ်မယ့် အသင်းတွေနဲ့ ဆွေးနွေးသွားဖို့ ရှိနေပါတယ် ။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မိုချိန်ဂလာဘတ် အသင်းရဲ့ ကွင်းလယ်လူ မာနူ ကိုနေး ကို အရ ခေါ်ယူနိုင်ဖို့လည်း ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိလိုက်ရပါတယ် ။ အသက် 21 နှစ်သာ ရှိသေးတဲ့ ကွင်းလယ်လူဟာ တူးလော့စ် အသင်းမှာ အလားအလာ ကောင််းတွေ ပြသခဲ့တာကြောင့် ဂလာဘတ် က ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

ဂလာဘတ် အသင်းဆီ ရောက်လာခဲ့တဲ့နောက်လည်း ကိုနေးဟာ ခြေစွမ်းကောင်း ဆက်လက် ပြသနိုင်ခဲ့တာကြောင့် ပြင်သစ် U-21 မှာ အရွေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူဟာ 2025 အထိ ဂလာဘတ် နဲ့ စာချုပ် သက်တမ်း ရှိနေပြီး လီဂူးဝမ်း ထိပ်သီး PSG အသင်းကလည်း သူ့ကို စိတ်ဝင််စားနေတယ်လို့ သိခဲ့ရပါတယ် ။

#Sports_Myanmar