နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီး ဟာ ရီးရဲမက်ဒရစ် အသင်းကို အိမ်ကွင်းမှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင် ကစားပြီး ဗိုလ်လုပွဲ အဆင့်ကို တက်လှမ်း သွားခဲ့ ပါတယ် ။
စီးတီး ဟာ ရီးရဲ ကို ခြေအပြတ်အသတ် အသာရခဲ့ပြီး ဘာနာဒို ဆေးလ်ဗား ၊ အယ်လ်ဗာရက်စ် တို့က ဂိုးတွေ သွင်းယူ ခဲ့ကြပြါတယ် ။

ဗိုလ်လုပွဲမှာတော့ မန်စီးတီး ဟာ အင်တာမီလန် အသင်းနဲ့ ရင်ဆိုင် ကစားရမှာပါ ။

ပရီးမီးယားလိဂ် တန်းတက်ခွင့် တနေရာအတွက် Play-off ကစားနေတဲ့ ချန်ပီယံရှစ် Play-off ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ကိုဗင်ထရီ စီးတီး ဟာ မစ်ဒယ်ဘရော့ အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင် ကစားခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၁-၀ နဲ့ ဗိုလ်လုပွဲ ကို တက်လှမ်း သွားခဲ့ပါတယ် ။
သူတို့ဟာ ဗိုလ်လုပွဲမှာ လူတန်တောင်း အသင်းနဲ့ ယှဉ်ပြိုင် ကစားပြီး အနိုင်ရတဲ့ အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရရှိလာတော့မှာ ဖြစ်ပါတယ် ။

လက်ရွေးစင် အသင်းမှာ ၁၇ နှစ် ကျော် ကစားပေးခဲ့ အပြီးမှာတော့ အန်ဒရီးယက်စ် ဂွာဒါဒို ဟာ မက္ကဆီကို လက်ရွေးစင် ဘောလုံး အသင်းကနေ အနားယူပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့ ပါတယ် ။
ဂွာဒါဒို ဟာ ကမ္ဘာ့ဖလား ကို ၅ ကြိမ်အထိ ပါဝင် ကစားပေးနိုင်တဲ့ ၆ ယောက်တည်းသော ကစားသမားတွေထဲက တဦးလည်း ဖြစ်ခဲ့ပါတယ် ။

အီတလီ နဲ့ ယူဗင်တပ် ခံစစ်မှူးကြီး လီယိုနာဒို ဘိုနူချီ ဟာလည်း အခု ရာသီအကုန်မှာ ဘောလုံး ကစားခြင်း ကနေ အနားယူတော့မှာ ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန် သွားခဲ့ ပါတယ် ။

နယူးကာဆယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေဟာ ဘိုင်ယန်မြုးနစ်က ပြန်လည် ရောင်းထုတ်ဖို့ ရှိနေတဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ဆာဒီယို မာနေး ကို စောင့်ကြည့် နေတယ်လို့ သတင်း ထွက်ပေါ်လာပါတယ် ။

PSG အသင်းကတော့ မက်ဆီ ထွက်ခွာ ခဲ့ပါက မန်စီးတီး ရဲ့ ဘာနာဒို ဆေးလ်ဗား ကို အစားထိုး ခေါ်ယူဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

ဆော်ဒီ ကလပ် အယ်လ်ဟီလေ ဟာ စပါး နဲ့ ရာသီအကုန်မှာ လမ်းခွဲမယ့် ဝါရင့် ဂိုးသမားကြီး ဟူဂိုလိုရစ် ကို ခေါ်ယူဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

ဘရိုက်တန် နည်းပြ ဒီဇာဘီ က ဒေါ့မွန် ကွင်းလယ်လူ မိုဟာမက် ဒါဟွတ် ဟာ အသင်းရဲ့ ကစားသမားသစ် ဖြစ်လာမယ် ဆိုတာကို အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။
ဘရိုက်တန် ဟာ ဒေါ့မွန် နဲ့ ရာသီအကုန်မှာ စာချုပ်ပြည့်မယ့် ဒါဟွတ် ကို အလွတ် နဲ့ ခေါ်ယူမှာပါ ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ဟာ အသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီ ပြန်လည် ရောက်ရှိ လာခဲ့ပါပြီ ။

အဲဗာတန် အသင်းကတော့ အမေရိက ရင်းနှီးမြှပ်နှံရေး ကုမ္ပဏီ တခု ဖြစ်တဲ့ 777 ကို လာမယ့် ရက်သတ္တပတ် ထဲမှာ ရောင်းထုတ်ဖို့ အလားအလာတွေ ရှိနေပြီလို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ် ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဟာ ဘရန်ဖိ့ုဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေး ကို လောင်းကစား စည်းမျဉ်း ချိုးဖောက်မှုတွေ အတွက် ၈ လ အထိ ဘောလုံးနဲ့ မပတ်သက်ဖို့ ပြစ်ဒဏ် ချမှတ်ခဲ့သလို ပေါင် ၅ သောင်း ဒဏ်ငွေ ပေးဆောင်ဖို့လည်း သတ်မှတ်ခဲ့ ပါတယ် ။
အိုင်ဗန် တိုနေး ကတော့ ဒီ အပြစ်ဒဏ် အတွက် အလွန် စိတ်ပျက်ရကြောင်း နဲ့ အရင်ကထက် ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ ပြန်လာမယ်လို့ အသိပေး ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR