ချန်ပီယံလိဂ် ဖိုင်နယ်မှာ အင်တာမီလန် နဲ့ ဘယ်အသင်းကို တွေ့ဆုံစေချင်သလဲ ဆိုတာ ဖွင့်ဟလာတဲ့ ဇနက်တီ

 

အင်တာမီလန် အသင်း ရဲ့ ဒုဥက္ကဌ ဇနက်တီ က ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာ ရီးရဲလ်မက်ဒရစ် ထက်စာရင် မန်ချက်စတာစီးတီး အသင်း နဲ့ တွေ့ဆုံ ကစားချင်ကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။ ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယ အကျော့မှာ အင်တာမီလန် အသင်းဟာ အေစီမီလန် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင် ရသွားခဲ့ပါတယ် ။

အင်တာမီလန် အသင်းဟာ ပထမအကျော့မှာ ကတည်းက အေစီမီလန် အသင်းကို ၂ ဂိုးပြတ် အနိုင်ရထားခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၃-၀ နဲ့ ဗိုလ်လုပွဲကို တက်လှမ်း သွားခဲ့တာပါ ။ အင်တာမီလန် အသင်း အတွက်တော့ ၂၀၁၀ ခုနှစ် နောက်ပိုင်း ဗိုလ်လုပွဲ ကို ပထမဆုံး အကြိမ် တက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဗိုလ်လုပွဲကို တက်လှမ်း သွားအပြီးမှာ အင်တာမီလန် အသင်း ရဲ့ ဂန္တဝင် ခံစစ်မှူး ဇနက်တီ က ” တကယ့်ကို ကြီးကျယ် ခမ်းနားတဲ့ ခံစားချက်ပါပဲ ။ ဒီအစုအဖွဲ့က ဒီ ခံစားချက် နဲ့ လုံးဝ ထိုက်တန် ပါတယ် ၊ အခု အချိန်မှာတော့ မနက်ဖြန်ကျရင် ဗိုလ်လုပွဲမှာ ဘယ်အသင်း နဲ့ တွေ့ဆုံ ရမလဲ ဆိုတာ အဖြေပေါ်မှာကို စောင့်ဆိုင်း နေပါတယ် ။ ”

” ကျနော်ကတော့ ဗိုလ်လုပွဲ မှာ ရီးရဲလ်မက်ဒရစ် နဲ့ မဆုံချင်ပါဘူး ၊ ဒီပြိုင်ပွဲ က သူတို့ အတွက် ပြုလုပ်ထားသလိုကို ဖြစ်နေတာပါ ၊ ဒါပေမယ့် ဘယ်အသင်း နဲ့ ဆုံရမလဲ ဆိုတာ စောင့်နေရုံပေါ့ဗျာ ၊ ဆီမီးဖိုင်နယ် မှာ ဒါဘီ ပွဲ ကစားခဲ့ရတာက တကယ့်ကို ခက်ခဲပါတယ် ၊ ကျနော်ကိုယ်တိုင်လည်း ရှုံးနိမ့်တဲ့ အသင်းဘက်က ကစားသမား အဖြစ် ဒီအတွေ့အကြုံကို ခံစားခဲ့ဖူးပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM