နံနက်ခင်း အားကစားသတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့မှာတော့ အင်တာမီလန် ဟာ အေစီမီလန် အသင်းကို အိမ်ကွင်းမှာ လူတာရို မာတီနက် ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ယူပြီး နှစ်ကျော့ပေါင်း ရလဒ် ( ၃-၀ ) နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးဆီ တက်လှမ်း သွားခဲ့ပါတယ် ။

ဒါဟာ အင်တာ အတွက် ၂၀၁၀ နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် ဥရောပ ဗိုလ်လုပွဲဆီ အရောက်လှမ်း နိုင်ခဲ့တာပါ ။

 

တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ရဲ့ ကိုယ်စားလှယ်တွေ ဟာ ပြင်သစ် ထိပ်သီး PSG ဒါရိုက်တာ လူးဝစ် ကမ်ပိုစ့် နဲ့ တွေ့ဆုံ ခဲ့တယ်လို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ် ။

 

ဘိုင်ယန်မြုးနစ် ဟာ လီဗာပူး ကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူး မာနေး ကို တရာသီ အပြီးမှာ ပြန်လည် ရောင်းထုတ်ဖို့ စဉ်းစားနေပြီလို့လည်း သိရပါတယ် ။

 

ပဲလေစ့် ကို ယာယီ ကိုင်တွယ်ပေးနေတဲ့ ဝါရင့် နည်းပြကြီး ရွိုင်းဟော့ဆန် ဟာ လာမယ့် ရာသီမှာလည်း လန်ဒန် ကလပ်ရဲ့ ပဲ့ကိုင်ရှင် အဖြစ် ဆက်လက် ရှိနေဖို့ အလားအလာများနေပါတယ် ။

 

လိဒ် ၊ လက်စတာ ၊ နော်တင်ဟမ် ဖောရက်စ် ၊ ဆောက်သမ်တန် နဲ့ ဘန်လေ အသင်းတွေဟာ အဲဗာတန် ရဲ့ ဘဏ္ဍာရေး အရှုံး ဆက်တိုက်ပြမှု အပေါ် ပရီးမီးယားလိဂ် အဖွဲ့ချုပ်ထံ ထပ်မံ တင်ပြ ထားပြီး အဲဗာတန် တန်းဆင်းရလျင်တောင်မှ အမှတ်လျော့ အပြစ်ဒဏ် ချမှတ်ပေးဖို့ ဆန္ဒ ရှိကြတယ်လိ့ု သိရပါတယ် ။

 

စီးရီးအေ ချန်ပီယံ နာပိုလီ အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ ခရစ်ရှန် ပူလီဆစ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

 

ကာတာ ဘီလီယံနာ ရှိတ် ဂျာဆင်း ဟာ မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူဖို့ အတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှု ပြုလုပ် လိုက်တယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

ရှိတ် ဂျာဆင်း ဟာ အသင်းကို ၁၀၀% ပိုင်ဆိုင်ခွင့် အတွက် ကမ်းလှမ်းမှု ပြုလုပ် ထားပြီး ဂလေဇာ မိသားစုကြောင့် တင်နေတဲ့ အကြွေးတွေကိုပါ ပေးလျော်သွားဖို့ ကတိပြု ထားပါတယ် ။

 

စီးရီးအေ ကလပ် မွန်ဇာ အသင်းဟာ အာဆင်နယ် ကနေ အငှား ခေါ်ယူထားတဲ့ ပါဘလို မာရီ ကို အပြီးသတ် ဝယ်ယူဖို့ နီးစပ် နေပြီး အာဆင်နယ် အနေနဲ့ ပေါင် ၆ သန်း ရရှိမယ်လို့ ကြားသိရ ပါတယ် ။

 

ယူဗင်တပ် အသင်း နောက်ခံလူ အဲလက်စ် ဆန်ဒရို ကတော့ အသင်းနဲ့ ၂၀၂၄ အထိ စာချုပ် ထပ်မံ သက်တမ်း တိုးတော့မယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ အသင်းရဲ့ အားကစား ဒါရိုက်တာ ဂျော်ဒီ ခရပ်ဖ် ဟာ ရာသီအကုန်မှာ အသင်းနဲ့ နှုတ်ဆက် လမ်းခွဲတော့မယ်လို့ သိရပါတယ် ။

လက်ရှိမှာ ကစားသမားဟောင်း ဒေကို က ဒါရိုက်တာသစ် ဖြစ်လာဖို့ သေချာသလောက် ရှိနေပြီး ဥက္ကဌ လာပေါ်တာ နဲ့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ် ။

 

ဘာစီလိုနာ ဟာ ဝါရင့် နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာ ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေး စကားပြောခဲ့ပြီး စပိန်သား အနေနဲ့ လုပ်ခ ၆၀% လျော့ယူကာ ၂ နှစ် သက်တမ်းတိုးဖို့ အတွက် ပြောဆို ခဲ့ကြတယ်လို့ ကြားသိရ ပါတယ် ။

 

ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အယ်လ်နက်ဆာ အသင်းကတော့ မနေ့ညက ဆော်ဒီလိဂ် ပွဲစဉ် မှာ ပြိုင်ဘက် အသင်းကို ၂-၀ နဲ့ အနိုင် ရခဲ့ပါတယ် ။

ဒီပွဲမှာ ရိုနယ်ဒို ဂိုးရခဲ့ပြီး ၅၂ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီ ကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ် ။

 

အယ်လ်နက်ဆာ ဟာ အဆင့် ၁ က အယ်လ်အစ်တီဟတ် သရေကျမှု ကို အခွင့်အရေး ယူနိုင်ခဲ့တာကြောင့် ရာသီကုန်ဖို့ ၃ ပွဲ အလိုမှာ အဆင့် ၁ က အသင်းနဲ့ ၃ မှတ်အကွာထိ နီးကပ်လာနိုင်ခဲ့ ပါတယ် ။

 

SPORTS MYANMAR