အီယန်ရိုက် ကတော့ ဒီရာသီ အာဆင်နယ် အသင်း ချန်ပီယံဆု နဲ့ လွဲချော် ခဲ့ရပေမယ့် သူ့အသင်းဟောင်း အတွက် ဂုဏ်ယူမိကြောင်း ပြောကြား လိုက်ပါတယ် ။ ဒါ့အပြင် အီယန်ရိုက် က လာမယ့် ရာသီမှာ အာဆင်နယ် အသင်းဟာ ပိုကောင်းလာပြီး ပြိုင်ဘက် အသင်း ၅ သင်း နဲ့ အတူ ချန်ပီယံဆုအတွက် ဆက်လက် ယှဉ်ပြိုင် နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။
” ချန်ပီယံဆုနဲ့ လွဲချော်ပြီးပြီးချင်းတော့ အကြီးအကျယ် စိတ်ပျက် ရတာပေ့ါဗျာ ။ ဒါပေမယ့် ဒီအာဆင်နယ် အသင်းအတွက် အကြီးအကျယ် ဂုဏ်ယူ မိပါတယ် ၊ အာဆင်နယ် အသင်း ခြေချော်မှာပဲလို့ ပြောနေခဲ့သူတွေ နဲ့ ကျနော့်ကြားမှာ ဘာပြဿနာမှ မရှိပါဘူး ၊ ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ အသက်အရွယ် အတွေ့အကြုံ မရှိမှု ဒဏ်ရာပြဿနာတွေကို ထည့်တွက်ဖို့ လိုပါတယ် ။ ”

” အာဆင်နယ် က ဒီရာသီမှာ အမြင့် ပျံသန်း နေခဲ့တာပါ ၊ သူတို့ ထိုက်ထိုက်တန်တန် ပဲ အမြင့် ပျံသန်း ခဲ့တာ ဖြစ်ပါတယ် ၊ ဒါပေမယ့် မန်စီးတီး ကိုက ဩချရလောက်အောင် ကောင်းတဲ့ အသင်းပါ ၊ ရှေ့ရေးကို တွေးကြည့်မယ်ဆိုရင် ပိုချက်တီနို ချဲလ်ဆီး ကို ရောက်လာတဲ့ အပေါ် အနည်းငယ် စိုးရိမ်မိပါတယ် ၊ ချဲလ်ဆီးက လူစာရင်း အင်အား တောင့်တင်းပြီးသားပါ ။ ”
“လာမယ့်ရာသီ မန်ယူနိုက်တက် ဘာဖြစ်မယ်မှန်း မသိပေမယ့် ကာလရှည်ကြာတော့ အိပ်ပျော်နေမှာ မဟုတ်ဘူး ဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ ။ လီဗာပူး ကလည်း အရင်ကနေရာ ပြန်ရောက်ဖို့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဖို့ လိုပါတယ် ၊ ဒီအသင်းတွေအပြင် မန်စီးတီး အာဆင်နယ် နှင့် နယူးကာဆယ်တို့လည်း ရှိနေပါတယ် ။ ”
” မန်စီးတီးကလည်းနောက်ဆုံး ၆ နှစ်မှာ ၅ ကြိမ် အထိ ဗိုလ်စွဲ ထားတဲ့ အသင်းပါ ၊ ရှေ့လျှောက်လည်း ဆက်လက် ဗိုလ်စွဲ နေဦးမှာပါပဲ ၊ စီးတီး ကို ကျော်ဖြတ်ပီး ဗိုလ်စွဲ ချင်တယ်ဆိုရင် အသင်းတွေ အနေနဲ့ အနည်းဆုံး ရမှတ် ၉၀ အထိ ရဖို့ လိုအပ်ပါတယ် ။ ”
” ကျနော်တို့က ပြင်သစ် နှင့် ဂျာမန်လိဂ်တွေကို တစ်သင်းတည်း ကြီးစိုးတဲ့ လိဂ်အဖြစ် ပြောနေကြပေမယ့် ပရီးမီးယားလိဂ်ကလည်း အဲ့ဒီလို ဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ် ။ မန်စီးတီး ကို ရပ်တန့်ဖို့ အတွက် အာဆင်နယ် အသင်းအပြင် လီဗာပူး ၊ ချဲလ်ဆီး ၊ မန်ယူနိုက်တက် ပြန်လာနိုင်ဖို့ လိုပါတယ် ။ နယူးကာဆယ်ကလည်း အမှီ လိုက်နေတာကို တွေ့ရပါတယ် ။ ”
SM