ဆလီဘာ ဒဏ်ရာရသွားမှုကြောင့် အာဆင်နယ် အသင်း ကျဆင်း သွားခဲ့တာ မဟုတ်ကြောင်း ချက်ကျလက်ကျ ရှင်းပြလိုက်တဲ့ ကာရေဂါ

 

လီဗာပူး အသင်း ရဲ့ နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က အာဆင်နယ် အသင်း ချန်ပီယံဆု ရဖို့ အခြေအနေ ကောင်းနေရာကနေ ရလဒ်တွေ တောက်လျှောက် ယိမ်းယိုင်ပီး ချန်ပီယံ မဖြစ်နိုင်တော့တဲ့ အနေအထား ရောက်သွားမှုမှာ ဆလီဘာ နဲ့ မသက်ဆိုင်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာ ဘရိုက်တန် ကို ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီး အသင်းကို ချန်ပီယံဆု ပေးရဖို့ ရာနှုန်းပြည့် နီးပါး သေချာသွားခဲ့ပြီ ဖြစ်ပါတယ် ။ လာမယ့် ပွဲမှာသာ အာဆင်နယ် အသင်း ဖောရက်စ် ကို အရေးနိမ့် သွားခဲ့ရင် မန်စီးတီး အသင်း အလိုအလျောက် ချန်ပီယံ ဖြစ်သွားမှာပါ ၊ အာဆင်နယ် နဲ့ ဖောရက်စ် သရေကျရင်တော့ မန်စီးတီး အသင်း ချဲလ်ဆီး ကို သရေ သို့မဟုတ် အနိုင် ကစားတာနဲ့ ချန်ပီယံ ဖြစ်မှာပါ ။

အာဆင်နယ် အသင်း ဖောရက်စ် ကို အနိုင် ရခဲ့ရင်တောင် အီတီဟက် မှာ ချဲလ်ဆီး ကို အနိုင် ကစားရုံနဲ့ စီးတီးတို့ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်မှာ ဖြစ်ပါတယ် ။ ပရိသတ် အများစုကတော့ ဆလီဘာ ဒဏ်ရာ ရရှိ သွားမှုဟာ အာဆင်နယ် အသင်း ချန်ပီယံဆုကို လက်လွှတ်လိုက်ရတဲ့ အဓိက အကြောင်းအရင်း တစ်ရပ် ဖြစ်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေကြပါတယ် ။

ဆလီဘာ ဟာ အာဆင်နယ် အသင်း ရဲ့ နောက်ဆုံး ၉ ပွဲဆက် ပါဝင် မကစားနိုင်ခဲ့တာ ဖြစ်ပြီး ဆလီဘာ မပါဝင်နိုင်တဲ့ ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ၄ ပွဲနိုင် ၊ ၃ ပွဲသရေ ၊ ၂ ပွဲ ရှုံးနိမ့် ခဲ့ပါတယ် ။ ကာရေဂါ က Sky Sports မှာ ” ကမ္ဘာ့ဖလား ပွဲအပြီး ဆလီဘာ ပါဝင်ကစားခဲ့တဲ့ ​၁၃ ပွဲမှာလည်း အာဆင်နယ် က ၁၄ ဂိုး ပေးခဲ့ရပါတယ် ။ ”

” အာဆင်နယ် က ကမ္ဘာ့ဖလား မတိုင်ခင် က ခံစစ် အကောင်းဆုံး အသင်းအဖြစ်ကနေ ကမ္ဘာ့ဖလား အပြီး ပေးဂိုး မှတ်တမ်းမှာ အဆင့် ၁၀ ရောက်သွားခဲ့ပါတယ် ။ ဒါက ကြီးမားတဲ့ ကျဆင်းမှုပါပဲ ၊ Clean-Sheet တွေလည်း မရတော့ပါဘူး ၊ ကမ္ဘာ့ဖလား အပြီး ၂ ဂိုးထက် ပိုပေးခဲ့ရတဲ့ ပွဲအရေအတွက် ကို ကြည့်ရင်လည်း အာဆင်နယ် က အဆင့် ၁၂ ရောက်နေပါတယ် ။ ”

” ဆလီဘာ ပါတဲ့ ၁၃ ပွဲမှာ ၂ ဂိုးအထက် ပေးခဲ့ရတာ ၅ ကြိမ် အထိ ရှိ ခဲ့ပါတယ် ။ ဒါက ဘာကို ပြောနေသလဲဆိုရင် အာဆင်နယ် က ကမ္ဘာ့ဖလား အပြီးမှာကတည်းက အရင်ကနဲ့ လုံးဝ ခြားနား သွားတယ် ဆိုတာပါပဲ ၊ ဆလီဘာ မရှိတော့ ပိုပြီး ဆိုးရွားသွားတာပေါ့ဗျာ ၊ ဒါပေမယ့် ဆလီဘာ သာပါရင် အာဆင်နယ် အသင်း ဒီလောက် ဂိုးတွေ မပေးဘူး ခံစစ်က မယိုယွင်းဘူးလို့ ပြောဆိုနေကြတာတွေကတော့ စိတ်ကူးယဉ် ဆန်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM