နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လီဗာပူး ဟာ အဝေးကွင်းမှာ လက်စတာ စီးတီး ကို ၃-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၄ ဝင်ခွင့် အတွက် အမှားအယွင်းမရှိ ဆက်လက် တိုက်ပွဲဝင်နေခဲ့ ပါတယ် ။
ဒီနိုင်ပွဲကြောင့် လီဗာပူး ဟာ အဆင့် ၃ နဲ့ ၄ က နယူးကာဆယ် ၊ မန်ယူနိုက်တက် ( ၆၆ မှတ်စီ ) တို့နဲ့ ၁ မှတ်သာ ကွာဟမှုကို ဆက်ထိန်းထားနိုင်ခဲ့ ပါတယ် ။ လီဗာပူး ကတော့ တပွဲပို ကစားထားတာပါ ။

တနင်္ဂနွေနေ့ည တုန်းက ယူဗင်တပ် အတွက် ပထမဆုံး ပွဲထွက် ပါဝင် ကစားစဉ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ဟာ အဆိုပါ ပေါင်ခြံ ဒဏ်ရာကြောင့် လက်ကျန် ပွဲအားလုံး ( ယူရိုပါလိဂ် ပွဲ အပါ ) ကို လွဲချော် သွားတော့မယ်လို့ သိရှိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဆီ ဘိုင်ယန် ကနေ အငှား လာရောက် ကစားနေတဲ့ ကွင်းလယ်လူ ဆာဘစ်ဇာ ဟာလည်း ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ် ။
ယူနိုက်တက် ဟာ ဆာဘစ်ဇာ ကို အပြီးသတ် ဝယ်ယူဖို့ကို ယတိပြတ် မဆုံးဖြတ်ရသေးဘူးလို့ သိရှိရ ပါတယ် ။

ပဲလေ့စ် တောင်ပံ ကစားသမား ဇာဟာ ဟာလည်း ပြီးခဲ့တဲ့ အပတ်က ရရှိတဲ့ ဒဏ်ရာကြောင့် လက်ကျန် ပွဲစဉ်တွေ ကို ပါဝင် ကစားနိုင်မှာ မဟုတ်တော့ဘူးလို့ ကြားသိရ ပါတယ် ။

ဝုဗ် ကွင်းလယ်လူ ရူဘင်နီဗက်စ် ဟာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ် ။
ဒါပေမယ့် ဝုဗ် ကတော့ နီဗက်စ် အတွက် ယူရို ၄၅ သန်း ဈေးသတ်မှတ်ထားတယ်လို့ ကြားသိရ ပါတယ် ။

အဲဗာတန် အသင်းဟာ ဘုန်းမောက် နဲ့ ကစားမယ့် ရာသီပိတ် ပွဲစဉ် မှာ ပရိသတ်တွေ အကြီးအကျယ် သောင်းကျန်း ဆူပူနိုင်မှု အတွက် ကြိုတင်ပြင်ဆင် နေပြီး ပြင်ပ လုံခြုံရေး အဖွဲ့အစည်းတွေကိုပါ ငှားရမ်းနေတယ်လို့ သိရပါတယ် ။

အဲဗာတန် နည်းပြ ရှောင်ဒွိုက်ချ် ဟာ တိုက်စစ်မှူး ဒိုမီနစ် ကယ်လ်ဗက် လီဝင်း ရဲ့ ကြံ့ခိုင်မှု ကို အားမရတာကြောင့် နောက်ထပ် တိုက်စစ်မှူး တယောက် ထပ်မံ ခေါ်ယူလိုပြီး အယ်မာရီယာ အသင်းရဲ့ ဘီလယ် တိုရေး ကို မျက်စိကျ နေတယ်လို့ သိရပါတယ် ။

ဘရန့်ဖိုဒ့် အသင်းကတော့ ကိုရီးယားကလပ် ဆောင်နန် အသင်းမှာ ကစားနေတဲ့ ၁၈ နှစ်အရွယ် ကိုရီးယား နောက်ခံလူ ကင် ဂျီဆိုး ကို ခေါ်ယူဖို့ ဆွေးနွေး ပြောဆို နေတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ အသင်းဟာ ဘီဘာအို နဲ့ ရာသီအကုန်မှာ စာချုပ်ပြည့်မယ့် စပိန် နောက်ခံလူ အင်ဂို မာတီနက် ကို အလွတ် နဲ့ ခေါ်ယူနိုင်ဖို့ အလုံးစုံ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ ဖာဘရီဇီယို ရိုမာနို က ဖော်ပြသွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ဟာ မက်ဆီ နဲ့ စကားပြောဆို ဖြစ်ခဲ့ကြောင်းနဲ့ အရင်တုန်းက ကိစ္စ အချို့ ကိုလည်း စကားဖလှယ် ခဲ့ကြကြောင်း ပြောဆိုသွားခဲ့ ပါတယ် ။
ဒါ့အပြင် ဘာစီလိုနာ အနေနဲ မက်ဆီ ပြန်လာနိုင်အောင် အစွမ်းကုန် ကြိုးစား သွားမှာ ဖြစ်ပြီး ဖြစ်အောင် လုပ်နိုင်စွမ်းလည်း ရှိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR