ကစားသမား 5 ဦးအထိ ရောင်းထုတ်သွားနိုင်ဖွယ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း

အခုတလော ထွက်ပေါ်လာတဲ့ သတင်းတွေကတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လာမယ့် အပြောင်းအရွှေ့စျေးကွက်ထဲမှာ အသင်းရဲ့ ကစားသမား 5 ဦး အထိကို ရောင်းထုတ်သွားနိုင်ဖွယ်ရှိနေတယ်လို့ သိလိုက်ရပါတယ် ။

အဆိုပါ ကစားသမားတွေထဲမှာတော့ ခံစစ်မှူး နှစ်ဦး ဖြစ်ကြတဲ့ ဖီးလ် ဂျုံးစ် နဲ့ အေဇဲလ် တွမ်ဇီဘီတို့ ပါဝင်နေကြပါတယ် ။ အသက် 31 နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဖီးလ် ဂျုံးစ် ဟာ ဒူး ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ 3 နှစ် အတွင်း စီနီယာ အသင်းအတွက် 2 ပွဲသာ ပွဲထွက် ကစားပေးခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ အသက် 25 နှစ်သာ ရှိနေသေးတဲ့ အေဇဲလ် တွမ်ဇီဘီ ဟာ ဒဏ်ရာ ပြသနာကြောင့် 2021 ယူရို ပါလိဂ် ဖိုင်နယ်ပွဲ နောက်ပိုင်း အသင်းအတွက် ပွဲထွက် ကစားပေးနိုင်ခြင်း မရှိခဲ့သေးပါဘူး ။ ဒါ့ကြောင့် သူတို့က အရောင်းစာရင်းထဲ ပါဝင်လာခဲ့ကြပါတယ် ။

တွမ်ဇီဘီ ရဲ့ အစ်ကို ဖြစ်သလို သူ့ရဲ့ အနာဂတ် အတွက်ပါ ဆုံးဖြတ်ခွင့် ရရှိထားတဲ့ ဒီမစ်ထရီ ကတော့ ပြီးခဲ့တဲ့လတုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကာရင်တန်် လေ့ကျင့်ရေးကွင်းထဲ ရောက်လာခဲ့သေးပြီး ညီငယ်ဖြစ်သူရဲ့ အနာဂတ် အကြောင်း ဆွေးနွေးခဲ့တယ်လို့ သတင်းထွက််လာခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ မြောက်အိုင်ယာလန် နိုင်ငံသား ကွင်းလယ် ကစား သမား ဖြစ်သူ အီသန် ဂယ်လ်ဂရိတ် ဟာလည်း အသင်းမှ ထွက််ခွာဖို့ ရှိနေတယ်လို့ သိရပါတယ်။ သူဟာ လက်ရှိ လိဂ် တူး ကလပ် ဆဲလ်ဖို့ဒ် မှာ ကစားနေပြီး အသင်းမှ ထွက််ခွာနိုင်တယ်လို့ အပြောခံထားရသူပဲ ဖြစ်ပါတယ် ။

ဂယ်လ်ဘရိတ် ဟာ 2019 ယူရိုပါလိဂ် ပြိုင်ပွဲတုန်းက အက်စ်တာနာ အသင်းနဲ့ ပွဲစဥ်မှာ ယူနိုက်တက် စီနီယာ အသင််းအတွက် တစ်ကြိမ်မျှသာ ကစားပေးခွင့် ရရှိထားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ကစားသမား ဖြစ်သူ ကိုယ်တိုင််က အသင်းမှ ထွက်ခွာချင်နေတာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက်မှ နောက်ထပ် ထွက်ခွာသွားနိုင်တဲ့ ကစားသမားတွေကတော့ အကယ်ဒမီ မှ ဂိုးသမား အွန်ဒရပ် မက်စ်နီ နဲ့ ချာလီ ဝီးလန်း တို့ပဲ ဖြစ်ကြပါတယ် ။ အဆိုပါ ကစားသမား 5 ဦးကတော့ မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာဖို့ အလေးသာနေသူတွေပဲ ဖြစ်ပါတယ် ။

အခြားတစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ စပိန်နိုင်ငံသား တိုက်စစ် ကစားသမား ဖြစ်သူ မာတီယို မေဂျီယာ နဲ့ ဝါရင့် ဂိုးသမားကြီး တွမ်ဟီတန် ၊ လူငယ်် ဂိုးသမား ဖြစ်တဲ့ နသန် ဘစ်ရှော့ တို့လည်း အသင်း မှ ထွက်ခွာနိုင်ခြေ မြင့်နေတယ်လို့ သိခဲ့ရပါတယ် ။

#Sports_Myanmar