ပုံစံကောင်းရနေတဲ့ လီဗာပူးနဲ့ ပတ်သက်လို့ အသင်းဖော်တွေဆီ မက်ဆေ့ပို့ စိန်ခေါ်လိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်း ခေါင်းဆောင် ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် က ပြိုင်ဖက် လီဗာပူး အသင်းဟာ ဘာတွေ လုပ်ပြနေသလဲဆိုတာကို မေ့လိုက်ဖို့ ၊ လိုအပ်နေတဲ့ နိုင်ပွဲ နှစ်ပွဲကို ရယူလိုက်ဖို့ အသင်းဖော်တွေကို စိန်ခေါ်သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ စနေ့နေ့တုန်းက အိုးလ် ထရပ်ဖို့ဒ် မှာ ဝုလ်ဗ် အသင်းကို အနိုင် ကစားနိုင်ခဲ့တဲ့နောက် အဆင့် 3 နေရာမှ နယူးကာဆယ် ယူနိုက်တက် အသင်းနဲ့ ရမှတ်တူ ၊ ဂိုးကွာ အဖြစ် အဆင့် 4 နေရာမှာဆက််လက် ရပ်တည်နိုင်ခဲ့ပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ အဆင့် 5 မှ လီဗာပူး အသင်းနဲ့ 4 မှတ် အကွာမှာ ရပ်တည်နေတာပဲ ဖြစ််ပါတယ် ။ ဒီလို အနေအထားမျိုးမှာ ယူနိုက်တက်တို့ 2ပွဲ ထပ်ပြီး အနိုင် ကစားနိုင်မယ်ဆိုရင် လီဗာပူးရဲ့ ရလဒ် ကို စောင့်ကြည့်စရာမလိုပဲ ချန်ပီယံလိဂ် ဝင်ခွင့်ရပါလိမ့်မယ် ။

ဒါ့ကြောင့် ယူနိုက်တက် အသင်း ခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က လီဗာပူးတို့ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိိနေခဲ့တာကို မစိုးရိမ်မိကြောင်း ၊ ကိုယ့်အသင်း လိုအပ်တဲ့ ရလဒ်မျိုး မရနိုင်မှာကိုပဲ စိုးရိမ်မိကြောင်း ထုတ်ပြောသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော် လီဗာပူးနဲ့ ပတ်သက်လို့ မစိုးရိမ်မိခဲ့ရပါဘူး ။ ကိုယ့် အလုပ်အပေါ်ပဲ စိုးရိမ်နေရတာပါ ။ ဒါ ကျွန်တော်တို့ အပေါ်မှာပဲ မူတည်နေတာပါ ။ ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ကိုယ့်အလုပ် မှန်မှန်လေးလုပ်မယ် ၊ နိုင်ပွဲတွေ ရယူမယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရလိုက်မှာပါပဲ ”

” ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ အမှတ်ပေး ဇယားတွေနဲ့ အခြားအသင်းတွေကို လိုက်ကြည့်နေစရာ မလိုတော့ပါဘူး ” လို့ ဘရူနို ဖာနန်ဒက်စ် က ပြောခဲ့လိုက်ပြီး အဝေးကွင််းထက် အိမ်ကွင်းမှာ ရလဒ်တွေပိုကောင်းနေခဲ့တာနဲ့ ပတ်သက််လို့ …

” ကျွန်တော်တို့ အရင်က အဝေးကွင်း မှတ်တမ်းကောင်းတာမျိုး ပိုင်ဆိုင်ခဲ့ဖူးကြပါသေးတယ် ။ အခုနှစ် ဘယ်လို ဖြစ်တာလဲ မရှင်းပြတတ်တော့ပါဘူး ။ ဒါဟာ ကျွန်တော်တို့ အဝေးကွင်းမှာ ရလဒ် ဆိုးရွားခဲ့ရတဲ့ ရာသီ တစ်ခုပဲလို့ ကျွန်တော် ပြောနိုင်ပါတော့တယ် ”

” ဒါပေမဲ့ အဲ့တာက အတိတ် ဖြစ်သွားခဲ့ရပါပြီ ။ အခုချိန်မှာ ကျွန်တော်တို့ အနာဂတ်ကို ကြည့်ရှုရမယ် ။ အနာဂတ် မှာတော့ ကျွန်တော်တို့ ဘုန်းမောက်နဲ့ အဝေးကွင်းကစားရဖို့ ရှိနေပါတယ် ။ ထိပ်သီး လေးသင်းဝင်ဖို့ ခက်ခဲတာ သိပါတယ် ။ အဲ့တာက ကျွန်တော်တို့ အပေါ်ပဲ မူတည်နေပါတယ် ” လို့ ဘရူနို က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar