ယူနိုက်တက်မှ အန်တိုနီ နဲ့ လီဗာပူးမှ နူးနက်ဇ် တို့ကို နှိုင်းယှဥ်ရင်း အကြံပေးလိုက်တဲ့ အီယန်ရိုက်

အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အီယန်ရိုက် က လီဗာပူး အသင်းမှာ အံမဝင်နိုင် ဖြစ်နေခဲ့ရတဲ့ တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်ကို ဥပမာပေးရင်း ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ အန်တိုနီ အပေါ် စိတ်ရှည်ပေးသင့်ကြောင်း အကြုံပြုသွားခဲ့လိုက်ပါတယ် ။

အန်တိုနီ ဟာ ပြီးခဲ့တဲ့ နွေတုန်းက အေဂျက်ဇ် အသင်း မှ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ မြင့်မားတဲ့ပြောင််းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပေမဲ့ ပရိသတ်တွေ မျှော်လင့်နေခဲ့ကြတဲ့ စွမ်းဆောင်ရည်မျိုးကို ချက်ချင်း ပြသနိုင်ဖို့ ရုန််းကန်ခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ လီဗာပူး အသင်းရဲ့ တိုက်စစ်မှူး ဒါဝင် နူးနက်ဇ် ဟာလည်း မားဆေးအခြေစိုက် ကလပ်ဆီ ရောက်ခါစတုန်းက ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုတွေအောက်ကျရောက်ခဲ့ကာ လှောင်ပြောင်မှုတွေပါ ခံခဲ့ရပါသေးတယ် ။

အခုတော့ သူဟာ ပုံစံကောင်း အချို့ကို ပြသထားနိုင်ခဲ့တဲ့ အနေအထား တစ်ရပ်မှာ အီယန်ရိုက် က အန်တိုနီဟာ ဒုတိယ ရာသီမှာ အသင်းအတွက် ပိုကောင်းအောင် ကစားပေးနိုင်လိမ့်မယ်လို့ ပြောရင်း ယူနိုက်တက် ပရိသတ်တွေကို စိတ်ရှည်ဖို့ အကြံပေးခဲ့လိုက်ပါတယ် ။

” ကျွန်တော်ဟာ အန်တိုနီကို အတော်လေး အချိိန်ပေးပြီး စောင့်ကြည့်ဖြစ်ခဲ့ပါတယ် ။ သူ့ရဲ့ အနေအထားက ဒါဝင် နူးနက်ဇ် နဲ့ အတူတူပဲလို့ ကျွန်တော် ထင်မိပါတယ် ။ ဒါက သူတို့ရဲ့ ပြောင်းရွှေ့ကြေးတွေကြောင့် ဖြစ်လာခဲ့တာလို့လည််း တွေးမိပါတယ် ”

” သူတို့မှာ အရည်အသွေးကောင်းတွေ ရှိနေတာကို ကျွန််တော်တို့ သိကြပါတယ် ။ ဒါပေမဲ့ အခုက သူတို့ရဲ့ ပထမဆုံး ဘောလုံးရာသီပါ ။ ဒီကစားသမားတွေဟာ ဘယ်လို အရည်အသွေးတွေ ပိုင်ဆိုင်ထားလဲဆိုတာကို သိခဲ့ရချိန်မှာ ခင်ဗျား အနေနဲ့ သူတို့ကို အချိန်ပေးရပါ့မယ် ”

” အန်တိုနီဟာ ဝုလ်ဗ် နဲ့ ပွဲစဥ်မှာ ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ သူခေါင်းတိုက်ဂိုး ရရှိခဲ့သင့်တာကို အဆုံးသတ််ပုံ မကောင်းခဲ့ပါဘူး ။ ဒါဟာ သူ့အတွက် ဂိုးသွင်းယူဖို့ အလွယ်ကူဆုံး အခွင့်အရေး ဖြစ်ခဲ့ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူ တိုးတက်လာဦးမှာပါ ”

” ဒါပေမဲ့ သူဟာ မာရှယ်အတွက် တကယ့်ကို လွယ်ကူတဲ့ အခွင့်အရေး ဖန်တီးပေးသွားနိုင်ခဲ့ပါတယ် ။ သူ နေရာလွတ််ရှာတယ် ၊ မျှောပေးလိုက်တယ် ၊ မာရှယ် အတွက်တော့ တစ်ချက်ထိလိုက်ရုံပါပဲ ။ ဒီနေရာမှာ သူ့ရဲ့ မြန်နှုန်း ၊ အရည််အသွေးနဲ့ ၊ အလိမ်အခေါက် စွမ်းရည် မြင်ခဲ့ရပါတယ် ” လို့ အီယန်ရိုက် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar