နံနက်ခင်း အားကစားသတင်များ

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အပြီးမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ အဖြေထွက် သလောက် ဖြစ်သွားခဲ့ ပါတယ် ။
မန်ချက်စတာ စီးတီး ဟာ အဲဗာတန် ကို အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင် ကစားနိုင်ခဲ့ချိန်မှာ ဒုတိယ နေရာက အာဆင်နယ် ဟာ ဘရိုက်တန် ကို အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့် သွားခဲ့ရလို့ ပါပဲ ။

ဒါကြောင့် သူတို့ ၂ သင်း အကြားမှာ ၄ မှတ်အထိ ကွာဟသွားခဲ့ပြီး မန်စီးတီး ၃ မှတ်ရလိုက်ရုံ နဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ရယူသွားနိုင်တော့မှာ ဖြစ်ပါတယ် ။

စပိန် လာလီဂါ မှာလည်း ဘာစီလိုနာ အသင်းဟာ ကတ်တလန် ဒေသတွင်း ပြိုင်ဘက် အက်စ်ပန်ညော် အသင်းကို အဝေးကွင်းမှာ ၄-၂ နဲ့ အနိုင် ကစားပြီး လာလီဂါ အမှတ်ပေး ချန်ပီယံဆု ကို ရယူ သိမ်းပိုက် သွားနိုင်ခဲ့ ပါတယ် ။
အက်သလက်တီကို မက်ဒရစ် ကတော့ ရှုံးပွဲတွေ့ ခဲ့တာကြောင့် ရီးရဲမက်ဒရစ် ကို အဆင့် ၂ ပြန်လွှဲပေးလိုက် ရပါတယ် ။

ဘာစီလိုနာ အသင်းဟာ ဒီကနေ့ မှာ လာလီဂါ ဖလား နဲ့ အတူ ဘာစီလိုနာမြို့ကို လှည့်ပတ် အောင်ပွဲခံမယ်လို့ သိရှိရ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ ချန်ပီယံ ဖြစ်ပြီးသွားတဲ့ နာပိုလီ ဟာ မွန်ဇာ အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ ပါတယ် ။ အဆင့် ၂ က ယူဗင်တပ် ကတော့ ခရီမွန်နီးစ် အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ဘိုလော့ညာ နဲ့ ရိုးမားတို့ ဂိုးမရှိ သရေကျခဲ့ပါတယ် ။
ဒီသရေ ပွဲကြောင့် မော်ရင်ညို ရဲ့ ရိုးမား ဟာ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ပြီး လက်ကျန် ၃ ပွဲ ကနေ အလားအလာ မရှိသလောက် နည်းပါးသွားခဲ့ပြီ ဖြစ်ပါတယ် ။

ချန်ပီယံရှစ် ရဲ့ Play-off ဆီမီးဖိုင်နယ် ပထမအကျော့ မှာတော့ ကိုဗစ် ထရီ နဲ့ မစ်ဒယ်ဘရော့ တို့ ဂိုးမရှိ သရေ ရလဒ် ပေါ်ထွက်ခဲ့ ပါတယ် ။

အင်္ဂလန် အမျိုးသမီး FA Cup ဗိုလ်လုပွဲမှာတော့ ချဲလ်ဆီး အမျိုးသမီး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အမျိုးသမီး အသင်းကို တိုက်စစ်မှူး ဆမ်ခါး ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိပြီး ၃ နှစ်ဆက် ဗိုလ်စွဲ သွားခဲ့ ပါတယ် ။
ဝင်ဘာလေ ကွင်းကြီးထဲမှာ ကျင်းပခဲ့တဲ့ အဆိုပါ ဗိုလ်လုပွဲကို ပရိသတ်ပေါင်း ၇၇၃၉၀ ဝင်ရောက် ကြည့်ရှုခဲ့ပြီး အမျိုးသမီး ပြည်တွင်းလိဂ် သမိုင်းမှာ ကမ္ဘာ့စံချိန်သစ် တင်တဲ့ အရေအတွက် ဖြစ်လာခဲ့ ပါတယ် ။

SPORTS MYANMAR