ယူနိုက်တက် စတားကို ချီးကျူးရင်း ဘယ်လို အပြောင််းအလဲတွေ မြင်တွေ့ခဲ့လဲဆိုတာ ဖွင့်ဟလိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဟောင်းဖြစ််သူ ရဲ့လ်ဖ် ရန်းဂနစ် က အဇာဘိုင်ဂျန် နဲ့ ပွဲစဥ်မှာ 2 ဂိုးထိ သွင်းယူပေးခဲ့တဲ့ ကွင်းလယ်ကစားသမားဖြစ်သူ မာဆယ် ဆာဗစ်ဇာ ရဲ့ အရည််အသွေးတွေကို ထုတ်ဖော် ချီးကျူး သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အားထားရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ အဲရစ်ဆင်ကို 3 လလောက်် ဆုံးရှုံးရဖို့ သေချာသွားခဲ့ချိန်မှာ ကွင်းလယ်ပိုင်းကို အင််အား ဖြည့်တင်းဖို့ အတွက် ဘိုင်ယန် မြူးနစ် အသင်းရဲ့ ကွင်းလယ်လူ ဆာဗစ်ဇာ ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ကွင်းလယ်မှာ ကာစီမီရို နဲ့ ဖရက်ဒ် တို့ အတွဲညီနေခဲ့ကြတဲ့အတွက် ဆာဗစ်ဇာက ပုံမှန်ပွဲထွက် ကစားခွင့်တွေ မပိုင်ဆိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ ကစားခွင့် ရရှိခဲ့ချိန်တွေမှာ သူ့ရဲ့ မာမာထန်ထန် ကစားဟန် ၊ အဝေးကန်ချက်တွေကို ပရိသတ်တွေ သဘောတွေ့ခဲ့ကြပါတယ် ။

အခုတော့ ရဲ့လ်ဖ် ရန်းဂနစ် ဦးဆောင်နေခဲ့တဲ့ သြစတြီးယား လက််ရွေးစင်် အသင်းဟာ မနေ့ညက အဇာဘိုင်ဂျန် အသင််း နဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 4 – 1 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက် ကွင်းလယ်လူ ဆာဗစ်ဇာ က နှစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ယာယီ နည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ရဲ့လ်ဖ် ရန်းဂနစ် က လက်ရွေးစင်် အသင်းမှာ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူဟာ ဘိုင်ယန်မြူးနစ် အသင်းမှာတုန်းကထက် ယုံကြည်ချက်တွေ ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်ကြောင််း ချီးကျူးသွားခဲ့လိုက်ပါတယ် ။

” သူဟာ ဘိုင်ယန် မြူးနစ် အသင်းမှာ ရှိနေခဲ့စဥ်တုန်းကထက် ယုံကြည်ချက်ပိုင်းမှာ ပိုမို အားကောင်းလာခဲ့ပါပြီ ။ ဒီပွဲမှာ ဘယ်သူ့ကိုမှ မချန်ထားခဲ့ပါဘူး ။ ဒါပေမဲ့ ဆာဗီက နှစ်ဂိုး သွင်းယူ ၊ တစ်ဂိုး ဖန်တီးပေးလိုက်တဲ့နောက်မှာ အရင်ကထက် ခြားနားတဲ့ ကစားသမား ဖြစ်လာခဲ့တယ်ဆိုတာကို မြင်တွေ့ရပါလိမ့်မယ် ” လို့ ရန်းဂနစ် က ချီးကျူးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဆာဗစ်ဇာ ဟာ ဆောင်းရာသီ အပြောင်းအရွှေ့တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အငှားပြောင်းရွှေ့လာခဲ့တဲ့နောက် 9 ပွဲ အထိ ကစားခွင့် ရရှိထားခဲ့ပြီပဲ ဖြစ်ပါတယ် ။ အဲ့ဒီထဲမှာတော့ ယူနိုက်တက်တို့ ဖူလ်ဟမ် အသင််းကို အနိုင် ရရှိခဲ့ကြတဲ့ FA ဖလား ပွဲစဥ်မှာ သူဟာ ဒီအသင်းအတွက် ပထမဆုံး သွင်းဂိုးကို သွင်းယူပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

#SPORTS_MYANMAR