အန်တိုနီ ရဲ့ အားနည်းချက်ကို ထုတ်ပြောလိုက်ပြီး ယူနိုက်တက်ရဲ့ ဘောလုံးရာသီအပေါ် ထင်ကြေးပေးလိုက်တဲ့ အိုဝင် ဟားဂရေ့ဗ်

ယူနိုက်တက် ကစားသမားဟောင်း ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က ဝုလ်ဗ် နဲ့ ပွဲစဥ်မှာ အခွင့်အရေးတွေကို လွဲချော်ခဲ့ရတဲ့ တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ အန်တိုနီ ဟာ အဆုံးသတ် စွမ်းရည်ပိုင်း တိုးတက်ဖို့ လိုအပ်နေကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဝုလ်ဗ် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် ကစားခဲ့ရပြီး ပွဲချိန် 32 မိနစ်မှ အန်သိုနီ မာရှယ် ၊ 94 မိနစ်မှ ဂါနာချို တို့ရဲ့ သွင်းဂိုးတွေကြောင့် 2 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မာရှယ် ရဲ့ အဖွင့်ဂိုးကို အန်တိုနီ က ဖန်တီးပေးခဲ့ပါတယ် ။ ဒါပေမဲ့ ဘရာဇီးသား ကိုယ်တိုင်ကတော့ အခွင့်အရေး အချို့ကို ရရှိခဲ့ပေမဲ့ အဆုံးသတ် ဂိုးသွင်းယူနိုင်ဖို့ အခက်ကြုံခဲ့ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဒီပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည် ကောင်းခဲ့ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 4 ဂိုး သွင်းယူ ၊ 2 ဂိုးမျှသာ ဖန်တီး ထားနိုင်ခဲ့ပါသေးတယ် ။ အခုတော့ ဟားဂရေ့ဗ် က အန်တိုနီ အဆုံးသတ် စွမ်းရည် တိုးတက်ဖို့ လိုအပ်နေသေးကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အန်တိုနီဟာ အမြဲတမ်း ဒီထက် အများကြီး ပိုပြီးတော့ လုပ်ပြနိုင်သူ တစ်ဦးပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ အဆုံးသတ်် စွမ်းရည်ကတော့ ပျောက်ဆုံးနေခဲ့ရပါတယ် ။ သူအနေနဲဲ့ အဲ့တာကို လုပ်နိုင်ဖို့ နည်းလမ်း ရှာဖွေဖို့ လိုအပ်နေပါတယ် ” လို့ ဟားဂရေ့ဗ် က ပြောခဲ့လိုက်တာ ဖြစ်ပါတယ် ။

ယူနိုက်တက်တို့ ဒီပွဲကို အနိုင် ကစားနိုင်ခဲ့တာကြောင့် အဆင့် 5 နေရာမှ လီဗာပူး အသင်းကို 4 မှတ် ဖြတ်ထားနိုင်ခဲ့သလို အဆင့် 3 နေရာမှ နယူးကာဆယ် အသင်းနဲ့လည်းရမှတ် တူညီသွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ ယူနိုက်တက်တို့ ထိပ်သီိး 4 သင်း စာရင်းဝင်ဖို့ အခွင့်များနေပါပြီ ။

အခြားတစ်ဖက်မှာတော့ ယူနိုက်တက်တို့ ကာရာဘောင် ဖလားကို ဆွတ်ခူးထားနိုင်ခဲ့သလို မန်စီးတီး အသင်းနဲ့လည််း FA ဖလား ဖိုင်နယ်ပွဲ ကစားရဖို့ ရှိနေပါတယ် ။ ဒါနဲ့ ပတ််သက်လို့ ဟားဂရေ့ဗ် က ယူနိုက်တက်တို့ ကောင်းမွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့ကြောင်း ပြောလိုက်ပါတယ် ။

” ဒါဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီပါ ။ သူတို့ဟာ မှန်ကန်တဲ့လမ်းကြောင်း အပေါ်မှာ ရှိနေကြတာပါပဲ ။ သူတို့ ဆုဖလား 2လုံး ရရှိနိုင််ခြေရှိနေသလို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ခြေလည်း ရှိနေကြပြီလေ ” လို့ ဟားဂရေ့ဗ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar