မာရှယ် ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်နေခဲ့ရတဲ့ အကြောင်းအရင််းကို အရွှန်းဖောက် ပြောကြားလိုက်တဲ့ ဘရူနို

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က ဝုလ်ဗ် အသင်းနဲ့ ပွဲစဥ်မှာ တိုက်စစ်မှူး ဖြစ်သူ အန်သိုနီ မာရှယ် ဂိုးသွင်းနိုင်လိမ့်မယ်လို့ ယုံကြည်နေခဲ့ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းက နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဝုလ်ဗ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 2 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ် ။

ဒီပွဲမတိုင်မီမှာတော့ ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ ဒဏ်ရာ ရရှိနေခဲ့တဲ့ အတွက် မာရှယ် ၊ ဆန်ချို ၊ အန်တိုနီ နဲ့ ဘရူနို တို့ တိုက်စစ် ကစားသမားတွေ အဖြစ်် ပွဲထွက်လာခဲ့ကြပါတယ် ။

ဒီပွဲရဲ့ ပွဲချိန် 32 မိနစ်မှာ အန်တိုနီ ရဲ့ ဖန်တီးပေးမှုကို မာရှယ် က အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး လူးစားဝင် ကစားခဲ့တဲ့ ဂါနာချို က 94 မိနစ်မှာ ဘရူနို ရဲ့ ဖန်တီးမှုကို ဂိုးသွင်းယူခဲ့ကာ 2-0 ဖြစ်စေခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ်အပြီးမှာတော့ ဘရူနို ဖာနန်ဒက်စ် က အန်သိုနီ မာရှယ် အတွက် ဒါဟာ ဂိုးသွင်းယူဖို့ အချိန်ကျခဲ့ပြီ ဖြစ်ကြောင်း ၊ ဒီပွဲမှာ သူ ဂိုးသွင်းနိုင်လိမ့်မယ်လို့ ကြိုပြောခဲ့ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” သူ့အတွက် ဒါဟာ ဂိုးသွင်းဖို့ အချိန်ကျရောက်ခြင်း ဖြစ််ခဲ့ရပါတယ် ။ ‘ မင်းဒီနေ့ ဂိုးသွင်းနိုင်လိမ့်မယ်ဆိုတာ ငါသိနေတယ် ‘ လို့တောင် ကျွန်တော် သူ့ကို ပြောဖြစ်နေခဲ့ပါသေးတယ် ”

” ဒီလို ပြောရခြင်းရဲ့ အကြောင်းအရင်းက သူဟာ မ​နေ့က ကျွန်တော်တို့ ဆံပင်ဆရာဆီမှာ ဆံပင်ညှပ်ခဲ့လို့လေ ။ သူဟာ ဆံပင် တစ်ခါညှပ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တာချည်းပါပဲ ။ ဒါဟာ အရင်ထဲက ဖြစ်နေကျပါ ”

” ကျွန်တော်ဆိုရင် ပွဲတစ်ပွဲမတိုင်ခင် အန်သိုနီရေ ၊ ဆံပင်ညှပ်ပါဦးလို့တောင် စနောက်တာမျိုး ရှိခဲ့ဖူးပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လိုအပ်နေတာ အခုလို ဂိုးသွင်းပေးတဲ့ အန်သိုနီ ဖြစ်နေလို့ပါပဲ ”

” သူ့ရဲ့ သွင်းဂိုးအတွက် ကျွန်တော် အရမ်းပဲ ကျေနပ်မိပါတယ် ။ ကျွန်တော်ကတော့ ဒီနေ့ကစပြီး သူ ဆံပင်ညှပ်ရဲ့လားဆိုတာကို အမြဲလို သတိတရ စောင့်ကြည့်ဖြစ်တော့မှာပါ ” လို့ ဘရူနို က အရွှန်းဖောက်ခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar