ကစားသမားတွေဟာ ယူနိုက်တက်ဆီ ပြောင်းလာဖို့ စိတ်အားထက်သန်နေကြပြီလို့ ပြောလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းကထက် ဒီရာသီမှာ ကစားသမားတွေကို အသင်းဆီ လာရောက် ကစားစေဖို့ ပိုမို ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင််း ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဖေဖော််ဝါရီလတုန်းက ကာရာဘောင်ဖလားကို ဆွတ်ခူးပြနိုင်ခဲ့တဲ့နောက် ဖလားလက်မဲ့ဖြစ်နေခဲ့တာကို အဆုံးသတ် ပြနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် နောက်ထပ် နိုင်ပွဲ သုံးပွဲ ရရှိရုံနဲ့ နောက်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားဖို့ ရှိနေပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ ဇွန်လ 3 ရက်နေ့မှာ မန်စီးတီး အသင်းနဲ့ FA ဖလား ဖိုင်နယ်ပွဲ ကစားရဖို့လည်းရှိနေပါသေးတယ် ။ ယူနိုက်တက်တို့ အရင်ကထက် ပိုပြီး တိုးတက်လာခဲ့တာ ဒီရာသီမှာ သိသာထင်ရှားနေခဲ့ရပြီး အသင်းကို ပိုမို တောင့်တင်းအောင်လုပ်ဖို့သာ ကျန်နေပါတော့တယ် ။

ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက်တို့ဟာ တိုက်စစ်် အတွက် တော့တင်ဟမ် မှ ဟယ်ရီ ကိန်း ၊ ကွင်းလယ် အတွက် ဘာစီလိုနာ မှ ဖရန်ကီ ဒီဂျောင် နဲ့ ဒေါ့မွန် အသင်းမှ ဘယ်လင်ဂမ် ၊ ညာခံစစ်အတွက် လေဗာကူဆင် မှ ဖရင််ပေါင် ၊ ဂိုးသမား နေရာအတွက် အန်ဒါလက်ချ် မှ ဘာဘရူဂန် တို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ် ။

အဲ့ဒီထဲမှာတော့ ဘယ်လင်ဂမ်ဟာ ရီးယဲ မက်ဒရစ် အသင််းဆီ ရောက်ရှိဖို့ သတင်းကြီးနေခဲ့ပါပြီ ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေကနဲ့ ယှဥ်ရင် မန်ချက်စတာ ယူနိုက်တက်် အသင်းဟာ ကစားသမားတွေကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ပြီးခဲ့တဲ့ ရာသီတုန်းကနဲ့ယှဥ်ကြည့်လိုက်ရင် ကျွန်တော်ဟာ ကြီိးမားတဲ့ ခြားနားချက်တွေကို မြင်တွေ့ခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ ရာသီက ကစားသမားတွေကို ကျွန်တော် မေးကြည့်ခဲ့တဲ့အခါ သူတို့ရဲ့ သီးသန့် ဆန္ဒတွေ အများကြီးရှိတာကို မြင်ခဲ့ရပါတယ် ”

” အခုတော့ ကစားသမား အများစုက ကျွန်တော်တို့ရဲ့ ပရောဂျက်၊ ရည်မှန်းချက်နဲ့ အရည်အသွေးတွေကို မြင်တွေ့ခဲ့ပြီးကြပါပြီ ။ သူတို့ တကယ်ပဲ အသင်းဆီ လာရောက်ဖို့ စိတ်အားထက်သန်နေခဲ့ကြပါပြီ ။ အဲ့တာကို ကျွန်တော်တကယ််ပဲ သတိထားမိခဲ့ပါတယ် ”

” ပြီးခဲ့တဲ့ နှစ်တုန်းက လူတွေရဲ့အတွေးဟာ ခြားနားနေခဲ့ရပါတယ် ။ ကျွန်တော်တို့ဖက်က ကစားသမားတွေကို ချဥ်းကပ်ကြတဲ့အခါ သံသယဖြစ်နေကြတာကို မြင်တွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီနှစ်တော့ အရည်အသွေး ကောင်းမွန်တဲ့ ကစားသမားတွေဟာ အသင်းဆီ လာချင်နေကြပါပြီ ”

” အသင်းအပေါ် လူအများစုရဲ့ မျှော်လင့်ချက်တွေ မြင့်မားလာခဲ့ရပါပြီ ။ အရင့်အရင် နှစ်တွေတုန်းက အသင်းဟာ ဘယ်နေရာမှာ ရှိခဲ့လဲဆိုတာ ကျွန်တော် သိပါတယ် ။ ကျွန်တော်တို့ကတော့ အသင်းကို ဆက်လက် တည်ဆောက််ရပါဦးမယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar