အသင်းသားတွေအပေါ် မေးခွန်းထုတ်ရင်း လီဗာပူးတို့ နိုင်ပွဲဆက်နေမှု ၊ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေး အပေါ် မှတ်ချက်ပေးလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အဲရစ် တန််ဟတ် က နံပါတ် တစ် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ဟာ ကောင်းမွန်တဲ့ ရက်သတ္တပါတ်တစ်ခုကို ပိုင်ဆိုင်ထားခဲဲ့ကြောင်း ၊ ဒါပေမဲ့ ဝက်စ်ဟမ်း နဲ့ ပွဲတုန်းက အမှား ကျူးလွန််မှုမှာတော့ အာရုံစူးစိုက်မှု နည်းပါးခဲ့ရကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဒီဂီယာဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဥ်တုန်းက ဘန်ရက်ဟ်မာ ရဲ့ ကန်ချက်ကို ဟန့်တားနိုင်ခဲ့ပေမဲ့ အာရုံစူးစိုက်မှုနည်းပါးခြင််း ၊ ပေါ့ဆမှုတွေကြောင့် ဂိုးပေးခဲ့လိုက်ရပါတယ် ။ အဲ့ဒီပွဲ မတိုင်မီမှာတော့ ယူနိုက်တက်တို့ လုခ်ရှောကြောင့်ပင်နယ်တီပေးခဲ့ရပြီး ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ရပါတယ် ။

အခုတော့ ဝုလ်ဗ် နဲ့ ကစားရမယ့် ပွဲစဥ်မတိုင်မီ သတင််းစာ ရှင်းလင်းပွဲမှာ ဒီဂီယာအကြောင်း အမေးခံလိုက်ရချိန်မှာတော့ သူ့ရဲ့ ရက်သတ္တပါတ်ဟာ ကောင်းမွန်ခဲ့ကြောင်း ၊ တစ်ဦးချင်း အမှားဆိုတာ ဘောလုံး အားကစား လောကမှာ ဖြစ်လေ့ရှိတတ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူ့ရဲ့ ရက်စွဲတွေ ကောင်းမွန်ခဲ့ပါတယ် ။ ကျွန်တော်တို့ ဒါကို လျစ်လျူရှုပစ်လို့ မရနိုင်ပါဘူး။ တစ်ဦးချင်းအမှားတွေဆိုတာက ဘောလုံး လောကမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ််တဲ့ အရာ တစ်ခုပါပဲ ။ ဘရိုက်တန် နဲ့ ပွဲစဥ်မှာလည်း တစ်ဦးတစ်ယောက်ရဲ့ အမှားဆိုတာ ရှိခဲ့သေးတာပဲလေ ”

” တစ်ခါတလေမှာတော့ အဲ့တာတွေက ဖြစ်တတ်ပါတယ် ။ တကယ်တော့ အဲ့လို အမှားတွေက မဖြစ်သင့်ဘူးလေ ။ အကယ်လို့ ခင်ဗျားဟာ မှန်မှန်ကန်ကန် အာရုံစိုက်မယ်ဆိုရင် ဒီလို အမှားတွေ ဖြစ်လာမှာ မဟုတ်ပါဘူး ။ ဒီတစ်ပါတ်မှာတော့ အဲ့တာတွေ ထပ်မဖြစ်ဖို့ ညွှန်ကြားခဲ့ရပါတယ် ” လို့ ပြောရင်း ထိပ်သီး လေးသင်း ဝင်နိုင်ရေအပေါ်…

” ဒါက အရေးမကြီးပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အရာရာက ကျွန်တော်တို့ လက်ထဲမှာ ရှိနေလို့ပါပဲ ။ ကျွန်တော်တို့ ကိုယ့်ပွဲကို အကောင်းဆုံး ကစားနိုင်မယ် ၊ စွမ်းဆောင်ရည် ကောင်းတွေ ပြနိုင်မယ်ဆိုရင် အဲ့တာက အရေးကြီးနေမှာ မဟုတ်ပါဘူး ”

” အခုချိန်မှာ အရေးကြီးတာက ဒီနေ့ ကျွန်တော်တို့ ရင်ဆိုင််ကြမယ့် အသင်းပါ ။ ဝုလ်ဗ် ပေါ့ ။ ဒီပွဲကို ကျွန်တော်တို့ဖက််က အလေးအနက်ထား ကစားကြရပါ့မယ် ။ သူတို့တွေဟာ တကယ့်ကို ကောင်းမွန်တဲ့ အရာတွေ လုပ်ပြထားနိုင်ခဲ့ကြတယ်လေ ။ ဒါ့ကြောင့် အခုပွဲကို ကျွန်တော်တို့ အာရုံစိုက််ရပါ့မယ် ”

” လီဗာပူးရဲ့ ရလဒ်ကို ကျွန်တော်တို့ လျစ်လျူရှုလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရာရာတိုင်းက ကျွန်တော်တို့ လက်ထဲမှာမို့လို့ပါ ။ ကျွန်တော်တို့ လက်ထဲ ရှိနေသမျှ သူတို့ကို လိုက်ကြည့်နေဖို့ မလိုပါဘူး ။ ကျွန်တော်တို့ ကိုယ််တိုင် ကောင်းနေအောင်ပဲ အာရုံစိုက်ရမှာပါ ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar