အာဆင်နယ် ကစားသမား နှစ်ဦးကို ချီးကျူးရင်း ချန်ပီယံဆု နဲ့ ပတ်သက်ပြီး သတိပေးလိုက်တဲ့ ကိုလိုတိုရေး

ကိုလိုတိုရေး က အာဆင်နယ် အသင်း ရဲ့ နောက်တန်း အတွဲအဖက် ဖြစ်တဲ့ ဂါဘရီရယ် နှင့် ဆလီဘာ တို့ကို ချီးကျူး စကားဆို သွားခဲ့ပြီး ချန်ပီယံဆု အတွက် မန်စီးတီး နဲ့ အပြိုင် ကြိုးပမ်း နေချိန်မှာ သတိကြီးကြီး ထားဖို့ လိုအပ်ကြောင်း သတိပေး စကား ဆိုသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ဂါဘရီရယ် နှင့် ဆလီဘာ တို့ရဲ့ အတွဲညီမှု နဲ့အတူ ပရီးမီးယားလိဂ် ရဲ့ တတိယမြောက် ခံစစ် အကောင်းဆုံး အသင်း ဖြစ်ပါတယ် ။ ဂါဘရီရယ် ဟာ အာဆင်နယ် အသင်း ရဲ့ အဓိက နောက်ခံလူ အဖြစ် ၂၀၂၀ ခုနှစ်ကတည်းက ကစားနေတာ ဖြစ်ပြီး ဆလီဘာ ကတော့ ဒီရာသီမှ အာဆင်နယ် အတွက် ပွဲထွက် ကစားခွင့် ရတာပါ ။

ကိုလိုတိုရေး က Sky Sports မှာ ” ကျနော် ကတော့ ဆလီဘာနှင့် ဂါဘရီရယ် တို့ရဲ့ အတွဲအဖက် ကို အထင်ကြီး သဘောကျပါတယ် ။ သူတို့က ဒီရာသီ အစမှ အတူ တွဲဖက် ကစားဖူးကြတာပါ ၊ သူတို့ နှစ်ဦးက အတူတူ အတွဲညီညီ ကောင်းကောင်း ကစားပြ ထားပါတယ် ။ ”

” ဒါပေမယ့် အသင်းတစ်သင်း ခံစစ် ကစားတဲ့ အခါမှာ ဗဟို နောက်ခံလူ နှစ်ဦး တည်း အဓိက ကျတာ မဟုတ်ပါဘူး ၊ အသင်း တစ်သင်းလုံး အရေးပါပါတယ် ၊ နည်းပြ အာတီတာ ​က အာဆင်နယ် ကို အသင်း တစ်သင်းလို ဖြစ်အောင် တည်ဆောက် ထားတာပါ ။ ကစားသမား အားလုံးက ပွဲအစကနေ အဆုံး အပြင်းအထန် ကြိုးစား ကစားနေကြပါတယ် ၊ ဒါက ပွဲတစ်ပွဲ အနိုင်ရဖို့ အဓိက ကျတဲ့ အရာပါပဲ ။ ”

အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်ပေး ဇယား ထိပ်ဆုံးကနေ ဒုတိယနေရာက မန်စီးတီး အသင်းကို ၈ မှတ်အထိ ဖြတ်ထား နိုင်ပြီး ၂၀၀၃-၀၄ ခုနှစ်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို တစ်ကျော့ပြန် ပြန်လည် ရယူဖို့ အခြေအနေ ကောင်းနေပါတယ် ။

ဆက်လက်ပြီး ကိုလို တိုရေး က ” သူတို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို ရယူနိုင်တဲ့ အသင်း ပုံပေါက်ပါတယ် ။ ကစားသမားတွေရဲ့အရည်အသွေး ၊ အချင်းချင်း နားလည် ချိတ်ဆက်မှုတွေက ချန်ပီယံ အသင်းတစ်သင်းလိုပါပဲ ။ သူတို့က အတူတူ တိုက်စစ်ဆင်တယ် ခံစစ် ဆင်းတယ် ၊ ခံစားစရာတွေ ပျော်စရာတွေကိုလည်း အတူတူ မျှဝေ ခံစားကြပါတယ် ။ သူတို့က မိသားစု တစ်စုလိုမျိုး ဖြစ်နေတယ်ဆိုတာ ကျနော် ခံစားမိပါတယ် ။ ”

” ဒီကောင်လေးတွေက တစ်ယောက် အတွက် တစ်ယောက်တိုက်ပွဲ ဝင်ဖို့ အသင့် ဖြစ်နေတာပါ ။ မီခေးလ် အာတီတာ က တကယ်တော်တဲ့ နည်းပြ တစ်ဦးပါ ၊ သူ လုပ်ပြထားတဲ့ အရာတွေက ကျနော်တို့လို နည်းပြတွေအတွက် အတုယူ အားကျစရာပါပဲ ၊ သူ အသင်းထံ ယူဆောင်လာပေးတဲ့ energy ကိုလည်း ခင်ဗျားတို့ တွေ့ကြမှာပါ ။ ”

” နောက်ပြီး အာတီတာ တစ်ယောက် ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ တစ်ဦး ဖြစ်တဲ့ ဂွာဒီယိုလာ လက်အောက်မှာ သင်ယူခွင့် ရခဲ့တာ အတော်လေး ကံကောင်းတယ် ဆိုရမှာပါ ။ ဒါပေမယ့် မန်စီးတီး က အတွေ့အကြုံ ရှိတာကြောင့် အာဆင်နယ် အနေနဲ့ ခြေမချော်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ် ၊ မန်စီးတီး က နောက်ဆုံးပွဲမတိုင်ခင် အထိ ချန်ပီယံ​ဆုအတွက် အစွမ်းကုန် တိုက်ပွဲ ဝင်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM