နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ မှာတော့ ရိုးမား အသင်းဟာ လေဗာကူဆင် အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ကစားပြီး ဒုတိယ အကျော့ အတွက် အခြေအနေ ကောင်းသွားခဲ့ ပါတယ် ။

ယူဗင်တပ် ကတော့ ဆီဗီးလား ကို နောက်က လိုက် ကစားပြီး ချေပနိုင်ခဲ့ကာ ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။

 

ယူရိုပါ ကွန်းဖရင့်စ် လိဂ် ဆီမီးဖိုင်နယ် မှာတော့ ဝက်စ်ဟမ်း ဟာ အိမ်ကွင်းမှာ အေဇက် အယ်လ်ခမာ အသင်း ကို ၂-၁ နဲ့ အနိုင် ရရှိပြီး ဗိုလ်လုပွဲ အတွက် အလားအလာ ကောင်းသွားခဲ့ ပါတယ် ။

နောက်ထပ် ပွဲစဉ် မှာတော့ ဘေဆယ် အသင်းက ဖီအိုရင်တီးနား အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ကစားသွားခဲ့ ပါတယ် ။

 

PSG အသင်းဟာ နယူးကာဆယ် ရဲ့ ဘရာဇီး ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ် ကို စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ ဆာဂျီယို ဘူးစကွက် ထွက်ခွာဖို့ သေချာ သွားအပြီးမှာ သူတို့ရဲ့ ကနဦး စောင့်ကြည့် ပစ်မှတ် တခု ဖြစ်တဲ့ ဂွီဒို ရိုဒရီဂွက် ကို ချိတ်ဆက်မှု ပြုလုပ်တော့မယ်လို့ ကြားသိရ ပါတယ် ။

 

ရီးရဲမက်ဒရစ် ဟာ ဘိုင်ယန် ကွင်းလယ်လူ ဂျိုရှုဝါ ကင်မစ်ချ် ကို တိုနီကရူးစ် ရဲ့ နေရာကို အစားထိုးမယ့် ကစားသမား အဖြစ် မျှော်လင့် ထားပြီး ၂၀၂၄ မှာ ကမ်းလှမ်းဖို့ စီစဉ် နေတယ်လို့ သိရှိရ ပါတယ် ။

 

ဘာစီလိုနာ ပရိသတ်တွေ ၊ ပက် ဂွာဒီယိုလာ တို့ရဲ့ တောင်းဆိုမှုတွေ ထွက်ပေါ်လာ အပြီးမှာတော့ လီယွန်နယ် မက်ဆီ ဘာစီလိုနာ ပြန်ရောက်လာနိုင်ချေ ဟာ အလေးပေးမှုတွေ မြင့်တက်လာခဲ့တယ် လို့ သိရပါတယ် ။

 

ချဲလ်ဆီး ကွင်းလယ်လူ အန်ဂိုလို ကန်တီ ကတော့ သူဟာ လန်ဒန် ကလပ်မှာ ဆက်လက် ကစားဖို့ ဆန္ဒ ရှိပါတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

မန်ယူနိုက်တက် ပိုင်ရှင် ဂလေဇာ မိသားစု ဟာ အသင်းကို ရှယ်ယာ တစိတ်တပိုင်း ဆက်လက် ပိုင်ဆိုင်ခွင့် ရရှိရေး ကို ပိုမို လိုလားတာကြောင့် ဗြိတိန် ဘီလီယံနာ ဆာ ဂျင် ရတ်ကလစ်ဖ် ကို ရှိတ် ဂျာဆင်း ထက် ပိုမို ဦးစားပေးဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ် ။

 

ယူဗင်တပ် နည်းပြ မက်စ် အယ်လီဂရီ ဟာ လာမယ့် နွေရာသီမှာ စီးရီးအေ ထိပ်သီး ကနေ ထွက်ခွာပြီး ရိုနယ်ဒို ရှိနေတဲ့ အယ်လ်နက်ဆာ အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်နိုင်တယ်လို့ သတင်းတွေ ပေါ်ထွက်လာခဲ့ ပါတယ် ။

 

အာဆင်နယ် နောက်ခံလူ ဇင်ချန်ကို နဲ့ ဝီလ်ယံ ဆလီဘာ တို့ ၂ ယောက်ဟာ ရာသီကုန်တဲ့ အထိ အနားယူရမယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဇင်ချန်ကို ဟာ နယူးကာဆယ် နဲ့ ပွဲမှာ ဒဏ်ရာ ရခဲ့တာ ဖြစ်ပြီး ဆလီဘာ ကတော့ မတ်လ အလယ်လောက်တည်းက မကစားနိုင်တော့တာ ဖြစ်ပါတယ် ။

 

ချဲလ်ဆီး လူငယ် နောက်ခံလူ ဒူဂျွန် စတာလင် ဟာ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းထံ အလွတ် နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

 

UEFA ဟာ တူရကီ နိုင်ငံ အတွင်းက ရွေးကောက်ပွဲ အလွန် ကိစ္စရပ်တွေ အတွက် စဉ်းစား နေပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မူလ သတ်မှတ်ထားတဲ့ အစ္စတန်ဘူလ် အစား ပေါ်တူဂီ နိုင်ငံ လစ္စဘွန်း ကို ပြောင်းရွှေ့ဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

 

SPORTS MYANMAR