နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့မှာ အင်တာမီလန် ဟာ အေစီမီလန် အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားပြီး ဗိုလ်လုပွဲဆီ ခြေတဘက် လှမ်းနိုင်ခဲ့ ပါတယ် ။
အင်တာ ဟာ ပွဲအစ ၁၁ မိနစ် အတွင်းမှာတင် အေစ ကို ၂-၀ နဲ့ ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပြီး ဒီဇစ်ကို နဲ့ မစ်ခီတာရမ် တို့က ဂိုးတွေ သွင်းယူပေးခဲ့ ကြတာ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျိုဝေါင် ဖဲလစ် ကို အပြီးသတ် ခေါ်ယူဖို့ စိတ်ကူးထားပြီး အော်ဘားမီးယန်း နဲ့ ကူကူရီယာ တို့ကို အပြောင်းအရွှေ့မှာ ထည့်သွင်း ပေးသွားဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ကွင်းလယ်လူ မေဆင်မောင့် ကတော့ ပိုချက်တီနို နည်းပြ ဖြစ်လာပါက အသင်းမှာ ဆက်ရှိနေဖွယ် ရှိနေပါတယ် ။

အေစီမီလန် အသင်းကတော့ တိုက်စစ်မှူး ရာဖဲ လေယို ကို ၅ နှစ် စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီလို့ ယမန်နေ့ ညပိုင်းက သတင်းထွက်လာခဲ့ ပါတယ် ။
လေယို ဟာ စာချုပ်သစ်မှာ တနှစ်ကို ယူရို ၅ သန်း လုပ်ခ ရရှိမှာ ဖြစ်ပြီး အပိုဆုကြေးတွေလည်း ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ် ။

ဘာစီလိုနာ လူငယ် အကယ်ဒမီကနေ အသင်းကြီးဆီ တက်လှမ်းလာခဲ့ပြီး နူးကမ့် မှာ ၁၅ နှစ်ကြာ ကစားခဲ့တဲ့ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဆာဂျီယို ဘူးစကွက် ဟာ ရာသီအကုန်မှာ ဘာဆာ နဲ့ လမ်းခွဲ နှုတ်ဆက်တော့မယ်လို့ အတည်ပြု သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နဲ့ ခြေစမ်းပွဲ ကစားမယ့်ပွဲစဉ်ဟာ အင်နီယေစတာ အတွက် ဗစ်ဆယ် ကိုဘေး အသင်းနဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်လာမယ်လို့ သိရပါတယ် ။
ဂျပန် ကလပ် မှာ ကစားနေတဲ့ စပိန်သားကြီးဟာ လာမယ့် နွေရာသီ အပြီးမှာ ကိုဘေး အသင်းကနေ ထွက်ခွာတော့မှာပါ ။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာ ကတော့ လီယွန်နယ် မက်ဆီ အနေနဲ PSG ကနေ ထွက်ခွာ ဖြစ်ပါက ဘာစီလိုနာ အသင်းထံ ပြန်သွား ကစားသင့်တယ်လို့ မှတ်ချက်ပေးသွားခဲ့ ပါတယ် ။

ဆန်းဒါးလန်း အသင်းကို အငှားထွက် ကစားပြီး ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ မန်ယူနိုက်တက် လူငယ်လေး အာမက် ဒီရယ်လို ဟာ လာမယ့် ရာသီမှာ အသင်းနဲ့ ဆက်လက် ရှိနေဖို့ စိတ်ကူးထာတးယ်လို့ သိရပါတယ် ။

လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ခွင့်ရဖို့ နီးစပ် နေတဲ့ နယူးကာဆယ် ဟာ နွေရာသီမှာ ဈေးဝယ်ထွက်ဖို့ စာရင်းတွေ ပြုလုပ် နေပြီး လေဗာကူဆင် မှာ ပုံစံကောင်း ပြနေတဲ့ ပြင်သစ် စတား မူဆာ ဒီယာဘီ ကို စောင့်ကြည့် နေတယ်လို့ ကြားသိရ ပါတယ် ။

ဝေးလ် ဘောလုံးသမားဟောင်းကြီး ဂါရတ်ဘေးလ် ရဲ့ အေးဂျင့်ကတော့ ဘေးလ် ဟာ ဘောလုံးနဲ့ နောက်ထပ် ပတ်သက်တော့မှာ မဟုတ်ပါဘူးလို့ ပြောဆိုကာ ရက်ဆမ်း အသင်းနဲ ကောလဟာလတွေကို အပြီးသတ်ခဲ့ ပါတယ် ။

SPORTS MYANMAR