အနာဂတ် အကြောင်းကို ထုတ်ပြောရင်းနဲ့ ဆန်းဒါးလန်း ပရိသတ်တွေကို မျှော်လင့်ချက်ပေးလိုက်တဲ့ ယူနိုက်တက် ကြယ်ပွင့်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်တဲ့ အာမတ် ဒီယာလို က သူဟာ လာမဲ့ ရာသီမှာ ဆန်ဒါးလန်း အသင်းဆီ ပြန်လာနိုင်ဖွယ်ရှိကြောင်း မျှော်လင့်ချက်ပေးလိုက်ပေမဲ့ သူ့ရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲဆိုတာ မသိရှိကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

အာမတ် ဒီယာလို ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက်် အသင်းမှ ဆန်းဒါးလန်း အသင်းဆီ အငှားလာရောက် ကစားနေသူ ဖြစ်ပြီး 27 ကြိမ် ပွဲထွက် ကစားပေးခဲ့ရာမှာ ကိုယ်တိုင် 13 ဂိုး သွင်းယူ ၊ 3 ဂိုး ဖန်တီး ပေးထားနိုင်ခဲ့ပြီး ပုံစံကောင်းတွေပြသထားနိုင်ခဲ့တာကြောင့် ချီးကျူးမှုတွေ ရရှိထားခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဆန်းဒါးလန်း ပရိသတ်တွေဟာလည်း ဒီယာလို ကို အသင်းဆီ အပြီးသတ် ခေါ်ယူစေချင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အခုတော့ ကစားသမား ဖြစ်သူက ပရက်စတန် နဲ့ ပွဲစဥ်မှာ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ အနာဂတ် အကြောင််း အမေးခံလိုက်ရချိန်မှာ ဆန်းဒါးလန်းဆီ ပြန်လာနိုင်ဖွယ် ရှိကြောင်း မျှော်လင့်ချက် ပေးခဲ့လိုက်ပါတယ် ။

” လူတန် အသင်းနဲ့ (play off) ကစားဖို့ ဆိုတာက တကယ့်ကို ခက်ခဲမှာ သေချာလှပါတယ် ။ ဒါပေမဲ့ ကျွန်တော်ကတော့ နောက်ရာသီ ကျွန်တော်တို့ ပရီးမီးယားလိဂ်ပြိုင််ပွဲမှာ ကစားရဖို့ မျှော်လင့်နေပါတယ် ။ ကျွန်တော် အသင်းဆီ ပြန်လာကောင်း ပြန်လာနိုင်ပါတယ် ။ သေချာရဲ့လား ဆိုတာတော့ ကျွန်တော်လည်း မသိဘူးပေါ့ဗျာ ”

” ပရက်စတန် နဲ့ ပွဲစဥ်မှာ အနိုင်ရရှိခဲ့ကြလို့ ကျွန်တော်တို့ ပျော်ရွှင်နေကြပါတယ် ။ အခုတော့ ကျွန်တော်တို့ လူတန်တောင်း နဲ့ play off ပွဲစဥ် အပေါ်ကိုပဲ အပြည့်အဝ အာရုံစိုက််သွားကြမှာပါ ။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရောက်နိုင်ဖို့ ကျွန်တော်မျှော်လင့်နေပါတယ် ” လို့ ဒီယာလို က ပြောလိုက်ပြီး အသင်းဖော် လုခ် အိုနေးလ် က …

” သူရောက်လာတဲ့နေ့က စတင်ပြီး အသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲမှာ ဘောလုံးကိုင် ကစားရင်း ပြသခဲ့တဲ့ အဆင့်အတန်းက အထင်ကြီးဖွယ်ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်တို့ လုပ်စရာရှိနေပါသေးတယ် ။ ကျွန်တော်တို့ သူ့ကို ချစ်ကြသလို ပရိသတ်တွေကလည်း သူ့ကို ချစ်ကြတာ ကျွန််တော်တို့ သိကြပါတယ် ” လို့ အသင်းဖော် နဲ့ ပတ်သက်လို့ မှတ်ချက်​ပေးခဲ့လိုက်ပါတယ် ။

#Sports_Myanmar