မန်စီးတီး နဲ့ ပွဲမှာ ဟာလန်း ကို ဘယ်လို ထိန်းချုပ် ရပ်တန့်ခဲ့သလဲ ထုတ်ဖော် ပြောကြားလာတဲ့ ကော်တွိုက်စ်

 

ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ဂိုးသမား ကော်တွိုက်စ် က မန်စီးတီး နဲ့ ပွဲမှာ ဒီရာသီ ဂိုး ၅၀ ကျော် သွင်းထားတဲ့ ဟာလန်း လှုပ်မရအောင် ဘယ်လို ထိန်းချုပ် ခဲ့သလဲ ဆိုတာ ပွဲအပြီး အင်တာဗျူး မှာ ပြောကြား သွားခဲ့ပါတယ် ။ ဒီမနက် ဘာနေဗျူးမှာ ကစားခဲ့တဲ့ ပွဲဟာ တစ်ဖက် တစ်ဂိုးစီ သရေ နဲ့ ပြီးဆုံး သွားခဲ့တာ ဖြစ်ပါတယ် ။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗင်နီးရှပ်ဂျူနီယာ ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပြီး မန်စီးတီး အသင်း အတွက် ချေပဂိုး ကို ဒီဘရိုင်းနား က သွင်းယူ ပေး ခဲ့တာပါ ။ ရီးရဲလ် မက်ဒရစ် နဲ့ ပွဲမှာ စီးတီးရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ဟာလန်း ဟာ ဂိုးပေါက် ကန်သွင်းမှုတောင် များများစားစား လုပ်နိုင်ခဲ့ခြင်း မရှိဘဲ ဘောလုံး ထိချက်ကလည်း ဂိုးသမား အီဒါဆန် ထက်တောင် နည်းပါး ခဲ့ပါတယ် ။

ပွဲအပြီး အင်တာဗျူးမှာတော့ ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ဂိုးသမား ကော်တွိုက်စ် က အာလင် ဟာလန်း လှုပ်မရအောင် ဘယ်လို ထိန်းချုပ် ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ” ဟာလန်း ကို ထိန်းချုပ် ကစားချင်တယ်ဆိုရင် သူ ပြေးလို့ရအောင် နေရာလွှတ်တွေ ပေးလို့ မရပါဘူး ၊ ကျနော်တို့ သူ နေရာလွတ်မရအောင် ကြိုးစား ကစားခဲ့ပါတယ် ။ ”

” ကျနော်တို့ ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ် ။ သူတို့ဘက်ကလည်း အဝေးကနေပဲ ဂိုးပေါက် ကန်သွင်းမှုတွေ ပိုလုပ်ခဲ့ပါတယ် ၊ သရေရလဒ် က ကောင်းပါတယ် ၊ နောက်တစ်ပတ်ကျရင် အရာအားလုံး ပေးဆပ်ပြီး ဖိုင်နယ်ပွဲ တစ်ပွဲလို ကစားသွားမှာပါ ၊ ကျနော်တို့က ဖိုင်နယ်ပွဲတွေမှာ ကောင်းကောင်း အနိုင်ယူ ကစားတတ်တဲ့ အသင်းပါ ၊ ကျနော်တို့ အနိုင်ရကို ရရမယ် ဆိုတဲ့ စိတ်ဓတ်ထားပြီး ကစားနိုင်ဖို့ မျှော်လင့်ပါတယ် ။ ”

” မန်စီးတီး က ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစားတဲ့ အသင်းပါ ၊ ဟာလန်း ရောက်လာတော့ သူ့ဆီ တိုက်ရိုက် ဘောလုံး ပေးပို့ပြီး ကစား လာပါတယ် ၊ ကျနော်တို့ အနေနဲ့ စီးတီး ကစားသမားတွေ နေရာလွတ် မရအောင် ပြင်ဆင် ကစားခဲ့ပါတယ် ၊ တစ်ခါတစ်လေမှာ သူတို့ရဲ့press ကြောင့် ကျနော်တို့ ပွဲကို မထိန်းချုပ်နိုင်တဲ့ အခိုက်အတန့်တွေတော့ ရှိပါတယ် ၊ အဲ့ဒီမျိုးမှာ နောက်တန်းမှာ risk ယူပြီး ကစားနေလို့ မရပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM