ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာ ရီးရဲ မက်ဒရစ် နဲ့ မန်ချက်စတာ စီးတီး တို့ဟာ တဘက် ၁ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ ပါတယ် ။
အိမ်ရှင် ရီးရဲ က ကစားပုံ ပိုကောင်းခဲ့ပြီး အဖွင့်ဂိုး ကိုလည်း ဗီနီဆီယပ် ဂျူနီယာ က သွင်းယူပေးခဲ့ ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကယ်ဗင် ဒီဘရိုင်းနား က စီးတီး အတွက် ချေပဂိုးကို ပြန်သွင်းပြီး ဂွာဒီယိုလာ ကို အသက်ရှူ ချောင်စေခဲ့ ပါတယ် ။
လီယွန်နယ် မက်ဆီ ရဲ့ ဖခင် ဖြစ်သူ ဟော်ဟေး က ဆော်ဒီ ကလပ် နဲ့ သဘောတူညီမှု ရရှိနေပြီ ဆိုတဲ့ သတင်းတွေ ကို လုံး၀ ငြင်းဆန် သွားခဲ့ပြီး မက်ဆီ ဟာ လာမယ့် ရာသီ အတွက် ယတိပြတ် ဆုံးဖြတ်မှု မပြုလုပ် ရသေးပါဘူးလို့ ဆိုသွားခဲ့ ပါတယ် ။
မက်ဆီ ကို အသင်းဟောင်း ဘာစီလိုနာ ၊ ဆော်ဒီလိဂ် က အယ်လ်ဟီလေ အပြင် ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်းတို့က ခေါ်ယူဖို့ ကြိုးစားနေပြီး ၃ သင်းစလုံး အခွင့်အရေး ရှိနေဆဲလို့ ကြားသိရ ပါတယ် ။
PSG တိုက်စစ်မှူး နေမာ ဟာလည်း ပြင်သစ် ကလပ် ကနေ ထွက်ခွာမှာ ဖြစ်ပေမယ့် ဆော်ဒီ ဘက်ကို သွား ကစားဖို့ အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ် ။
နေမာ ရဲ့ အခြေအနေကို ပရီးမီးယားလိဂ် ကလပ်တွေက စောင့်ကြည့်နေပြီး ချဲလ်ဆီး ကစားသမား ဖြစ်လာနိုင်တယ် ဆိုတဲ့ အလေးပေးမှုတွေလည်း ပေါ်ထွက် နေပါတယ် ။
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာစီရယ် ကိုလည်း ဆော်ဒီ ကလပ် အသင်း တသင်းက ကမ်းလှမ်းထားတယ် ဆိုတဲ့ သတင်း တခု ထွက်ပေါ်လာခဲ့ ပါတယ် ။
ဘာစီလိုနာ အသင်းဟာ လာမယ့် နွေရာသီ ရာသီကြို ခရီးစဉ် မှာ ကွင်းလယ်လူဟောင်း အန်ဒရေ အင်နီယေစတာ ကစားနေတဲ့ ဂျပန် ကလပ် ဗစ်ဆယ်ကိုဘေး နဲ့ တိုကျို မြို့မှာ ခြေစမ်းပွဲ ကစားသွားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ ပါတယ် ။
လာမယ့် ၂၀၂၃-၂၀၂၄ ပရီးမီးယားလိဂ် ဘောလုံး ရာသီ ရဲ့ ပွဲစဉ်တွေကို လာမယ့် ဇွန်လ ၁၅ ရက်နေ့ မှာ ထုတ်ပြန် ကြေညာသွားမယ်လို့ သိရှိရ ပါတယ် ။
လီဗာပူး ကတော့ အန်ဖီးလ် ကို အဆင့်မြှင့်တင်မှု ပြုလုပ်နေတာကြောင့် သူတို့ရဲ့ ရာသီသစ် အဖွင့် ပွဲစဉ် ကို အဝေးကွင်း ပွဲစဉ် အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒဟဲယား ဟာ အသင်းမှာ စာချုပ်သက်တမ်းတိုးပြီး ဆက်ကစားဖို့ သဘောတူခဲ့တယ်လို့ ကြားသိရ ပါတယ် ။
ဒဟဲယား ဟာ စာချုပ်သစ်မှာ လုပ်ခ လျော့ယူသွားဖို့ ကိုလည်း သဘောတူခဲ့ ပါတယ် ။
ဘာစီလိုနာ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဆာဂျီယို ဘက်စကွက် ဟာ ရာသီအကုန်မှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ သေချာ သွားပြီလို့ သိရပါတယ် ။
ဘက်စကွက် ဟာ ဘာစီလိုနာ အကယ်ဒမီ ကနေ ပေါ်ထွက်ခဲ့သူ တယောက် ဖြစ်ပြီး အသင်းမှာ ၁၅ နှစ်ကြာ ကစားလာခဲ့သူ ဖြစ်ပါတယ် ။
အာဆင်နယ် ကလည်း စတား ကစားသမားလေး ဘူကာယို ဆာကာ ရဲ့ စာချုပ်သစ် ကို ရာသီမကုန်ခင်မှာ အပြီးသတ် ချုပ်ဆို ကြေညာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ် ။
SPORTS MYANMAR