ဒီဂီယာကို လှောင်ရယ်လိုက်တဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင််း ဂျာမိန်း ဒီဖိုး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တနင်္လာနေ့ နံနက််တုန်းက လန်ဒန် ကွင်းထဲမှာ ဝက်စ်ဟမ်း ယူနိုက်တက် အသင််းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး ပွဲချိန် 27 မိနစ်မှ ပြိုင်ဖက် တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဘန်ရက်ဟ်မာ ရဲ့ တစ်လုံးတည်းသော ဂိုးကြောင့် ရှုံးနိမ့်သွားခဲ့ရပါတယ် ။

အဆိုပါ ပေးဂိုးမှာတော့ ဘန်ရက်ဟ်မာရဲ့ ကန်ချက် သိပ်ပြီးတော့ အားမပြင်းခဲ့ပါဘူး ။ ဒါပေမဲ့ အနိမ့်ဘောတွေကို ဖမ်းယူရာမှာ အားနည်းလေ့ ရှိတတ်တဲ့ ဒီဂီယာ ဟာတော့ ဘောလုံးကို ထိရုံသာ ထိနိုင်ခဲ့ပြီး မိမိရရ မဖမ်းနိုင်ခဲ့ပဲ လွတ််ထွက်ခဲ့တဲ့ အတွက် ဂိုးပေးခဲ့ရပါတယ် ။

အဆိုပါ ပေးဂိုးကြောင့် ယူနိုက်တက် ပရိသတ် အများစုဟာ အသင်း အနေနဲ့ စပိန်သားနဲ့ လမ်းခွဲသင့်ပြီ ဖြစ်ကြောင််း ၊ ဒီဂီယာ ဟာ ယူနိုက်တက် တို့ကို ဆုဖလားတွေ ဆွတ််ခူးပေးနိုင်တဲ့ ဂိုးသမားမျိုး မဟုတ်ကြောင်း ပြောဆို ဝေဖန််ခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် နည်းပြ တန်ဟတ် ကတော့ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ clean sheet အများဆုံး ရယူထားသူ ဖြစ်ကြောင်း ၊ သူ့ကို စာချုပ် သက်တမ်း တိုးမြှင့်ပြီး အသင်းမှာပဲ ဆက်လက်ရှိနေစေလိုကြောင်း ကာကွယ် စကား ပြောခဲ့ပါသေးတယ် ။

အခုတော့ တော့တင်ဟမ် ဟော့ စပါး နဲ့ အင်္ဂလန် လက််ရွေးစင် အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဂျာမိန်း ဒီဖိုး က သူသာ ဒီဂီယာ ရဲ့ နေရာမှာ ရှိနေခဲ့ရင် အဆိုပါ ကန််ချက်ကို ဖမ်းနိုင်ခဲ့မှာ ဖြစ်ကြောင်း ပြောကြားခြင်းဖြင့် စပိန်သားကို လှောင်ရယ် သွားခဲ့လိုက်ပါတယ် ။

” လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ကျွန်တော်ဟာ ဂိုးသမား အများစုကို ဝမ်းနည်းကြေကွဲအောင် လုပ်ဆောင်နိုင်ခဲ့ဖူးပါတယ် ။ အဲ့တာကို ကျွန်တော် ထပ်လုပ်ရပါတော့မယ် ။ ပွဲစဥ် 540 ကျော် ကစားထားခဲ့ဖူးတဲ့ ကစားသမား ၊ ခင််ဗျားဟာ ဒီလို စီနီယာ ဆီက အမှားနည်းဖို့ပဲ မျှော်လင့်နေမှာပါ ”

” သူဟာ ဝက်စ်ဟမ်း ပရိသတ်တွေနဲ့ ကစားသမားတွေကို ပျော်ရွှင်စေခဲ့ပါတယ် ။ ရိုးရိုးသားသား ပြောရရင်ဖြင့် ကျွန်တော့်အတွက်တော့ ကျွန်တော် သူ့ကို ကြည့်တဲ့အခါတိုင််း သူ့ရဲ့ စွမ်းဆောင်ရည် ပိုပြီး ဆုတ်ယုတ်သွားခဲ့တာကိုပဲ မြင်တွေ့ခဲ့ရပါတယ် ”

” ဒီပွဲမှာ ဝက်စ်ဟမ်းက ကောင်တာ တိုက်စစ်ဆင် ကစားခဲ့ပါတယ် ။ သူတို့ရဲ့ ကစားပုံဟာ အန္တရာယ် မရှိခဲ့ပါဘူး ။ ခင်ဗျား ပြန်ကြည့်ရင် အဲ့ဒီမှာ ကစားသမား တစ်ယောက် က ပြိုင်ဖက် လေးယောက်ကြားမှာ ရှိနေခဲ့တာကို မြင်တွေ့ရပါ့မယ် ။ ဒါကို ကျွန်တော် ဘယ်လို ပြောရမလဲ? ”

” ဘန်ရက်ဟ်မာ ရဲ့ ကန်ချက်က သာမန် ဘောလုံး ပေးပို့မှု တစ်ခုလိုပဲ ဖြစ်ခဲ့ရပါတယ် ။ ဒါကို ဘာကြောင့် သူဟာ အခုလို ဒိုင်ဗင်ထိုးခဲ့တာလဲ ကျွန်တော် နားကို မလည်မိပါဘူး ။ ဒီလို ပြောရမှာတော့ မုန်းပါတယ် ၊ ဒါပေမဲ့ သူ့နေရာမှာ ကျွန်တော်သာဆိုရင် ဒါကို ကာကွယ်နိုင်ခဲ့မှာပါ ”

” ဒါက တကယ့်ကို ကြီးမားလွန်းတဲ့ အမှား တစ်ခု ကျူးလွန််ခြင်းပါပဲ ။ ဒါက အာရုံစူးစိုက်မှု အပိုင်းမှာ အားနည်းတာကြောင့် ဖြစ်တာလားတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး ” လို့ ဒီဖိုး က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ််ပါတယ် ။

#Sports_Myanmar