နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဖူလ်ဟမ် အသင်းက လက်စတာ စီးတီး အသင်းကို အိမ်ကွင်းမှာ ၅-၃ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။
ဒီရှုံးပွဲကြောင့် လက်စတာတို့ တန်းဆင်းဇုံ ထဲကို ရောက်သွားခဲ့ ပါတယ် ။

တန်းဆင်းဇုံ ထဲက အဲဗာတန် ဟာ ဘရိုက်တန် ကို အဝေးကွင်းမှာ ၅-၁ နဲ့ အံ့အားသင့်ဖွယ် အနိုင် ကစားပြီး အဆင့်တက်လာခဲ့ သလို နော်တင်ဟမ် ဖောရက်စ် ကလည်း အဆင့် ၂၀ က ဆောက်သမ်တန် ကို ၄-၃ နဲ့ အနိုင်ကစားကာ အဆင့် ၁၇ နေရာကို တက်လှမ်း လာခဲ့ ပါတယ် ။

 

PSG အသင်းဟာ ရိုးမား နည်းပြ မော်ရင်ညို ကို နောက်ရာသီမှာ ခေါ်ယူ ခန့်အပ်ဖို့ လှုပ်ရှား နေတယ်လို့ သတင်း ပေါ်ထွက်လာပါတယ် ။

မော်ရင်ညို ရဲ့ အသိုင်းအဝိုင်း ကတော့ ဒီသတင်းကို ငြင်းဆိုထားတယ်လို့ သိရပါတယ် ။

 

ဆော်ဒီကလပ် အယ်လ်ဟီလေ ဟာ လီယွန်နယ် မက်ဆီ ကို ဆွဲဆောင် နိုင်ဖို့ အတွက် မက်ဆီ ရဲ့ အသင်းဖော်တွေ ဖြစ်ကြတဲ့ ဘက်စကွက် ၊ ဂျော်ဒီ အယ်လ်ဘာ နဲ့ မာကို ဗာရက်တီ တို့ကို ခေါ်ယူဖို့ စဉ်းစား နေတယ်လို့ ကြားသိရ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး အသင်းကတော့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့် ကတ်ဆီ အတွက် ဈေးနှုန်းကို ကတ်တလန် ကလပ်ထံ မေးမြန်း စုံစမ်းသွားတယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ တောင်ပံ ကစားသမား ရာဖင်ညာ ဟာ မက်ဆီ ရဲ့ အပြောင်းအရွှေ့ သတင်းကို နားစွင့် နေပြီး မက်ဆီ ပြန်ရောက်လာပါက အသင်းမှာ နေရာပျောက်ဖို့ အလားအလာ များတာကြောင့် အသင်းသစ် ရှာဖွယ် ရှိနေပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ နာပိုလီ ကို စီးရီးအေ ချန်ပီယံ ဖြစ်အောင် အဓိက ကူညီ စွမ်းဆောင် ပေးခဲ့တဲ့ ကိုရီးယား ခံစစ်မှူး ကင်မင်ဂျေး ကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

 

မန်စီးတီး နောက်ခံလူ နေသန် အကီ ဟာ ရီးရဲမက်ဒရစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ် အတွက် လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်လာခြင်း မရှိခဲ့ပါဘူး ။ အကီ ဟာ လိဒ် နဲ့ ပွဲမှာ ကြွက်သား ဒဏ်ရာ ရရှိထားပြီး အနားယူနေရဖွယ် ရှိပါတယ် ။

 

ချဲလ်ဆီး ဟာ ဘိုင်ယန် တိုက်စစ်မှူး မာနေး နဲ့ အေစီ တိုက်စစ်မှူး ရာဖေး လီယို တို့ ကို နွေရာသီ အဓိက ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားပြီး အနည်းဆုံး တဦးကို အရ ခေါ်ယူသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရှိရ ပါတယ် ။

 

နယူးကာဆယ် ကတော့ လေဗာကူဆင် ကစားသမား မူဆာ ဒီယာဘီ အပေါ် စိတ်ဝင်စားမှု လျော့ကျ လာခဲ့ကာ ဘီဘာအို မှာ ကစားနေတဲ့ နီကို ဝီလ်ယံ ကို ပြောင်းလဲ ပစ်မှတ်ထားတော့မယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR