ဝက်စ်ဟမ်းနဲ့ ရှုံးပွဲမှာ အမှားကျူးလွန်ခဲ့တဲ့ ဒီဂီယာ အပေါ် မှတ်ချက်ပေးလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ လန်ဒန်ကွင်းထဲ ဝက်စ်ဟမ်း အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 35 ကစားခဲ့ရပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ကာ အဖိိုးတန် ရမှတ် 3 မှတ်ကို ဆုံးရှုံးရင်း အဆင့် 3 နေရာကို တက််လှမ်းနိုင်ခွင့် လက်လွှတ်ခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ထုံးစံအတိုင်းပဲ ယူနိုက်တက် တို့ဟာ အခွင့်အရေးကောင်းတွေကို မကြာခန ပိုင်ဆိုင်နိုင်ခဲ့ကြပေမဲ့ တိုက််စစ် ကစားသမားတွေ အသုံးမချနိုင်ခဲ့တာကြောင့် အဖွင့်ဂိုး ရရှိဖို့ ရုန်းကန်ခဲ့ရတဲ့အပြင် ပွဲချိန် 27 မိနစ်မှ ဒီဂီယာရဲ့ အမှားက ယူနိုက်တက်တို့ကို နာကျင်စေခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်မှာတော့ ဒီဂီယာ အနေနဲ့ ပြိုင်ဖက် ကစားသမား ဖြစ်သူ ဘန်ရက်ဟ်မာ ရဲ့ အားသိပ် မပါတဲ့ ကန်ချက်ကို တားဆီးခြင်း ၊ ပုတ်ထုတ် ကာကွယ်ခြင်းလုပ်နိုင်ခဲ့သင့်ပါတယ် ။ ဒါပေမဲ့ ဘောလုံးက အနိမ့်ဘော အားနည််းတဲ့ ဒီဂီယာကို ထိပြီး ဂိုးထဲရောက်သွားခဲ့ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ကတော့ အမှားတွေ ကျူးလွန်နေခဲ့တဲ့ ကစားသမား ဖြစ်သူအပေါ် အပြစ်မမြင်တဲ့ အပြင် စပိန်သားကို စာချုပ် သက်တမ်းတိုးမြှင့်ပြီး အသင်းမှာပဲ ဆက်လက် ရှိစေလိုကြောင်း ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့လိုက်ပါတယ် ။

” သူဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ Clean Sheet အများဆုံး ဂိုးသမားပါ ။ သူသာမရှိရင် ကျွန်တော်တို့ ဒီလို နေရာမှာတောင်ရှိဖြစ်မှာ မဟုတ်ပါဘူး ။ သူက ကျွန်တော့်ရဲ့ ယုံကြည်မှုတွေကို အပြည့်အဝ ပိုင်ဆိုင်ထားပါတယ် ။ သူနဲ့ ပတ်သက်လို့ စိုးရိမ်စရာ ရှိမနေပါဘူး ”

” ဒီလို အမှားမျိုးက ဖြစ်တတ်ပါတယ် ။ ဒါပေမဲ့ အသင်း တစ်သင်း အနေနဲ့ ခင်ဗျားတို့ အဲ့တာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ် ။ ခင်ဗျားတို့ အနေနဲ့ ကိုယ့်ရဲ့ ကာရိုက််တာ ၊ အကြမ်းခံနိုင်ဖို့ ၊ အကောင်းဆုံး ပြန်လာဖို့ လုပ်ရပါ့မယ် ။ ဒီအသင်းက အဲ့တာကို လုပ်နိုင်ပါတယ် ”

” ကျွန်တော်တို့ကတော့ ဒီဂီယာကို အသင်းမှာဆက်လက် ရှိနေစေလိုပြီး စာချုပ်သက်တမ်းလည်း တိုးမြှင့်ချင်ကြပါတယ် ” လို့ အဲရစ် တန်ဟတ် က ဂိုးသမား ဖြစ်သူနဲ့ အနာဂတ်် အကြောင်း အမေးမြန်းခံရချိန်မှာ အခုလိုပဲ ပြန်လည် ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar