နယူးကာဆယ် ကို အနိုင်ရဖို့အတွက် အာတီတာ လုပ်ဆောင်ခဲ့တဲ့ ပြောင်မြောက်တဲ့ နည်းဗျူဟာတစ်ခု အကြောင်း ထုတ်ပြောလာတဲ့ ရမ်စ်ဒေးလ်

နယူးကာဆယ် အသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်း အတွက် လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ပေးခဲ့တဲ့ ဂန်းနား ဂိုးသမား အာရွှန် ရမ်စ်ဒေးလ် ဟာ ပွဲအပြီး မှာ နည်းပြ အာတီတာ ရဲ့ ပွဲကြို လုပ်ဆောင်မှု တစ်ခု အကြောင်းကို ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီ စိန့်ဂျိမ်းစ်ပတ်ခ့် မှာ နယူးကာဆယ် အသင်း ကို ၂ ဂိုးပြတ် အရေးနိမ့်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အဆုံးသတ်ခဲ့ရဖူးတာ ဖြစ်ပါတယ် ။ နယူးကာဆယ် နဲ့ ရှုံးပွဲ အပြီး အာဆင်နယ် အသင်းသားတွေရဲ့ စိတ်ပျက်မှု ကို Amazon က ရိုက်ကူးတဲ့ All or Nothing Series မှာ အတိုင်းသား မြင်တွေ့ ခဲ့ရပါတယ် ။ ဒီနှစ်မှာတော့ အာဆင်နယ် အသင်းဟာ မနှစ်က ရှုံးကြွေး ကို အကောင်းဆုံး ပုံစံ နဲ့ ပြန်ဆပ် နိုင်ခဲ့ပါပြီ ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ မနေ့က နယူးကာဆယ် နဲ့ ပွဲ မတိုင်မှီမှာ မနှစ်က ရှုံးပွဲ video clip ကို ပြန်ပြပြီး အနိုင် ကစားဖို့ လှုံ့ဆော် တွန်းအား ပေးခဲ့တယ်လို့ ရမ်စ်ဒေးလ် က ပွဲအပြီး အင်တာဗျူးမှာ ဖွင့်ဟ သွားခဲ့ပါတယ် ။ ” မနှစ်က ရှုံးပွဲ အကြောင်းကို ဟိုတယ် က မထွက်ခွာမှီ လုပ်တဲ့ နောက်ဆုံး အစည်းအဝေး မတိုင်ခင် အထိ ကျနော်တို့ မပြောဖြစ် ခဲ့ကြပါဘူး ။ ”

” အဲ့ဒီ အစည်းအဝေး မှာ မန်နေဂျာ က မနှစ်က ရှုံးခဲ့တဲ့ clip ကို ပြန်ပြ ခဲ့ပါတယ် ၊ ဝန်ထမ်းတွေ အပါအဝင် ကျနော်တို့ အားလုံး ရဲ့ မျက်နှာတွေ ၊ ရှုံးပွဲကြောင့် ကျနော်တို့ ဘယ်လောက် အထိ နာကျင် ခံစားခဲ့ရပြီး စိတ်ပျက် လက်ပျက် ဖြစ်ခဲ့ကြသလဲ ဆိုတာကို ပြန်ပြသ ခဲ့ပါတယ် ။ အဲ့ဒီ clip ကို ကြည့်ပြီးတဲ့ အချိန် ကျနော်တို့ အားလုံးရဲ့ စိတ်ထဲမှာ မနှစ်ကလိုမျိုး လုံးဝ ထပ်မဖြစ်စေရဘူးဆိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ ကိန်းအောင်း သွားခဲ့ပါတယ် ။ ”

” အာတီတာ ရဲ့ လုပ်ဆောင်မှု က ကျနော်တို့ကို အများကြီး စိတ်ဓတ် တက်ကြွမှု ဖြစ်စေခဲ့ပါတယ် ။ ကျနော်တို့က ချန်ပီယံဆု အတွက် မန်စီးတီး အသင်း နဲ့ ယှဉ်ပြိုင် နေရတာ ဖြစ်ပြီး စပါယ်ရှယ် ဖြစ်တဲ့ အရာတွေကို လုပ်ဆောင်နေဖို့ လိုနေတာပါ ၊ အဲ့ဒီလို အချိန်မှာ ဒီအရာက တကယ့်ကို အထောက်အကူ ဖြစ်စေခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM