နံနက်ခင်း အားကစားသတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာတော့ အဆင့် ၃ နဲ့ ၄ က ယူနိုက်တက် ၂ သင်းစလုံး ရှုံးပွဲ တွေ့ခဲ့ကြပါတယ်

နယူးကာဆယ် ယူနိုက်တက် ဟာ အဆင့် ၂ က အာဆင်နယ် ကို ၂-၀ နဲ့ အရေးနိမ့် ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ တန်းဆင်း အန္တရာယ် ရှိနေတဲ့ ဝက်စ်ဟမ်း အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့် ခဲ့တာပါ ။

ဒီရှုံးပွဲတွေကြောင့် ယူနိုက်တက် ၂ သင်း ရဲ့ ချန်ပီယံ လိဂ် ဝင်ခွင့် အလားအလာဟာ စိုးရိမ်စရာ ဖြစ်လာခဲ့ပြီး လီဗာပူး ၊ ဘရိုက်တန် တို့ အတွက် အခွင့်အလမ်းတွေ ပိုမို ဖြစ်လာစေခဲ့ ပါတယ် ။

ဘွန်ဒစ်လီဂါ မှာတော့ ဒေါ့မွန် ဟာ ဝုဖ်ဘတ် အသင်းကို အိမ်ကွင်းမှာ ၅-၀ နဲ့ အနိုင် ကစားပြီး အမှတ်ပေး ချန်ပီယံဆု အတွက် ဘိုင်ယန် ကို ဆက်လက် ဖိအားပေး နေခဲ့ ပါတယ် ။

ပြင်သစ် လီဂူးဝမ်း မှာတော့ PSG ဟာ အဝေးကွင်းမှာ ၃-၁ နဲ့ နိုင်ပွဲ ရခဲ့ပြီး တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ က အကောင်းဆုံး ကစားသွားခဲ့ ပါတယ် ။

စီးရီးအေ မှာ နာပိုလီ တို့ အိမ်ကွင်းမှာ ပရိသတ်တွေ နဲ့ အောင်ပွဲခံ ခဲ့ကြသလို ဖီအိုရင်တီးနား ကိုလည်း ၁-၀ နဲ့ အနိုင် ကစားသွားခဲ့ ပါတယ် ။ ချန်ပီယံအသင်းအတွက် အနိုင်ဂိုးရှင် ကတော့ ဗစ်တာ အိုဆီမန် ပါပဲ ။

SPORTS MYANMAR

အင်္ဂလန် လိဂ်ဝမ်း မှာတော့ ပလိုင်းမောက် အသင်းဟာ ၁၀၁ မှတ် နဲ့ အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့ပြီး လာမယ့် ရာသီ ချန်ပီယံရှစ် ကို တန်းတက်ခွင့် ရရှိသွားခဲ့ ပါတယ် ။ အစ်ပ်ဆွစ်တောင်း အသင်းဟာလည်း ၉၈ မှတ် နဲ့ ဒုတိယ နေရာကနေ တန်းတက်ခဲ့ ပါတယ် ။

စကော့တလန် လိဂ် မှာလည်း ဆဲလ်တစ် အသင်းဟာ အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့ပြီး ပရိသတ်တွေနဲ့ အောင်ပွဲခံ သွားခဲ့ ပါတယ် ။ ဒါဟာ သူတို့ ကလပ် အတွက် ၅၃ ကြိမ်မြောက် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တာပါ ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ မန်ချက်စတာ စီးတီး ဟာ ဘိုင်ယန်မြုးနစ် ကွင်းလယ်မှာ နေရာ မရ ဖြစ်နေတဲ့ နယ်သာလန် ကွင်းလယ်လူ ရိုင်ယန် ဂရာဗန်ဘရတ်ချ် ကို စောင့်ကြည့် စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

မော်ရင်ညို ရဲ့ ရိုးမား အသင်းကတော့ လီယွန် ကွင်းလယ်လူ ဟာဆန် အူဝါ ကို လာမယ့် နွေရာသီ မှာ အလွတ် နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရယူ နိုင်ခဲ့ပြီလို့ ကြားသိရ ပါတယ် ။

ဘန်လေ ကို ပရီးမီးယားလိဂ်ဆီ တန်းပြန်တက် လာအောင် ကြိုးစား ပဲ့ကိုင် ပေးခဲ့တဲ့ နည်းပြ ဗင်းဆင့် ကွန်ပနီ ဟာ ဘန်လေ အသင်းနဲ့ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆို လိုက်ပြီ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ နည်းပြသစ် မရောက်ရှိ လာခင်မှာ တိုက်စစ်မှူး အော်ဘားမီးယန်း ရဲ့ စာချုပ်ကို ဖျက်သိမ်းပြီး အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ ရှိနေပါတယ် ။
အော်ဘားမီးယန်း ဟာ ဘာစီလိုနာ အသင်းထံ ပြန်သွား ကစားဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ် ။

ဘရန့်ဖိုဒ့် အသင်းဟာ သူတို့ရဲ့ နံပါတ် ၁ ဂိုးသမား ဒေးဗစ် ရာယာ ကို ဆုံးရှုံးခဲ့ရ ပါက လီဗာပူး အရန် ဂိုးသမားလေး ခယ်လီဟာ နဲ့ အစားထိုးသွားဖို့ စိတ်ကူး နေတယ်လို့ သိရပါတယ် ။

စီးရီးအေ ကလပ် ယူဗင်တပ် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမားလေး မေဆင် ဂရင်းဝုဒ် ကို ခေါ်ယူဖို့ ဆန္ဒ ရှိနေပြီး ပေါလ် ပေါ့ဘာ နဲ့ အတွဲညီနိုင်တယ်လို့ သုံးသပ်နေတယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

ချဲလ်ဆီး ဟာ မိုနာကို နောက်ခံလူ ယူဆက် ဖိုဖာနာ ကို ခေါ်ယူဖို့ စတင် လှုပ်ရှား နေတယ်လို့ သိရပါတယ် ။
အဆိုပါ ကစားသမား ရောက်ရှိလာပါက ချဲလ်ဆီး တသင်းတည်းမှာ ဖိုဖာနာ ၃ ယောက် အထိ ရှိလာတော့မှာပါ ။