ဝက်စ်ဟမ်းနဲ့ ပွဲစဥ်မတိုင်မီ ယူနိုက်တက် နည်းပြ ဘဝ မအောင်မြင်ခဲ့တဲ့ မိုယက်ဆီ မက်ဆေ့ ပို့လိုက်တဲ့ တန်ဟတ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟတ် ကတော့ ဝက်စ်ဟမ်း နဲ့ ပွဲစဥ် မတိုင်မီ ပြိုင်ဖက် နည်းပြ ဖြစ်သူကို ခင်တွယ်ကြောင်း ၊ ဆာ အဲလက်စ် ရဲ့ အသင်းကို လက်လွှဲယူခဲ့တဲ့ သတ္တိကို လေးစားကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

ဒေးဗစ် မိုယက်စ် ဟာ လွန်ခဲ့တဲ့ 10 နှစ်တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာပြီး ဘောလုံးအား ကစား လောကမှ အနားယူခဲ့တဲ့ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပထမဆုံးကိုင််တွယ်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ အသင်းကို ရာသီကုန် အထိ ကိုင်တွယ်ခွင့် မရရှိခဲ့ပဲ သင်္ချာနည်း အရ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ မသေချာတော့တဲ့ အချိန် ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲ ရာသီ မကုန်ဆုံးမီ 4 ပွဲ အလိုမှာပဲ မန်ချက်စတာ ယူနိုက်တက်မှ ထုတ်ပယ်ခံခဲ့ရပါတယ် ။

ဒါပေမဲ့ သူဟာ ဝက်စ်ဟမ်း အသင်းကို ပြန်လည်ကိုင်တွယ််ခဲ့တဲ့နောက် 2 ရာသီ ဆက်တိုက် ရလဒ်ကောင်းအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒီရာသီမှာတော့ ဝက်စ်ဟမ်း တို့ဟာ ပရီးမီးယားလိဂ်မှာ ဆက်လက် ကျန်ရစ်ခဲ့ဖို့ အတွက် တိုက်ပွဲဝင်နေရပါတယ် ။

အခုတော့ ဝက်စ်ဟမ်း အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ပွဲ မတိုင်မီ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဒေးဗစ် မိုယက်စ် ရဲ့ သတ္တိကို ချီးကျူးလိုက်ပြီး ဆာ အဲလက်စ် လို နည်းပြမျိုး ထွက်ခွာချိန်မှာ သူ နည်းပြအဖြစ် တာဝန်မယူ ခဲ့ရတဲ့ အတွက် ဝမ်းမြောက်မိကြောင်း ပြောခဲ့ပါတယ် ။

” ဒါဟာ ဖြစ်နိုင်ခြေ ရှိတဲ့ အရာ တစ်ခုပါ ။ ဒါမျိုးတွေကို ဘယ်တော့မှ ကြိုတင် ခန့်မှန်းလို့ မရနိုင်ပါဘူး ။ ခင်ဗျားတို့ ဆာ အဲလက်စ် ရဲ့ နေရာကို ဆက်ခံရမယ် ဆိုရင်တော့ ဒါဟာ တကယ့်ကို ကြီးမားလွန်းတဲ့ စိန်ခေါ်မှုတွေကို ကြုံံတွေ့ရမှာ အသေအချာပါပဲ ”

” ဒီအလုပ်ကို လုပ်ကိုင်ဖို့ အရမ်းကို ခက်ခဲနေမှာ သေချာလှပါတယ် ။ ဒါကို သူ လုပ်ဆောင်ခဲ့ပါတယ် ။ ဒါကို လုပ််ကိုင်ဖို့ အတွက် သူ တကယ်ပဲ သတ္တိရှိခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း ကျွန်တော် သူ့အပေါ် လေးစားသမှုရှိပြီး ခင်တွယ်ရတာပါ ”

” ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ အသင််းတွေ အများကြီးနဲ့ နှစ်တွေ အကြာကြီး နည်းပြ အလုပ်ကို လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ် ။ သူဟာ စကေး တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ခမ်းနားလှတဲ့ နည်ပြ တစ်ဦးပဲ ဖြစ်ပါတယ် ”

” ဒီပွဲမှာ ကျွန်တော့် အသင်းဖက်က အကောင်းဆုံး ရှိနေဖို့ လိုအပ်မှာ ကျွန်တော် ကောင်းကောင်းသိပါတယ် ။ လိုချင်တဲ့ ရလဒ်ကို ရနိုင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင််မှ ဖြစ်မှာပါ ။ ကျွန်တော်တို့ နိုင်ချင်ပါတယ် ” လို့ တန်ဟတ်် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar