ထိပ်သီး လေးသင်း စာရင်း ဝင်ခွင့် ရရှိရေး တိုက်ပွဲနဲ့ ပတ်သက်လို့ ဝန်ခံမှု ပြုလုပ်လိုက်တဲ့ ယူနိုက်တက် နောက်ခံလူ လုခ်ရှော

နောက်ဆုံး ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 3 ပွဲမှာ 1 ပွဲ နိုင် ၊ 1 ပွဲ သရေ ၊ 1 ပွဲ ရှုံး ရလဒ် နဲ့ အတူ ရမှတ် 5 မှတ် အထိ ဆုံးရှုံးထားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ 2 ပွဲ ပိုကစားထားတဲ့ လီဗာပူး အသင်းထက် 1 မှတ် အသာမှာသာ ရပ်တည် နေနိုင်ပါတော့တယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် 7 ပွဲမှာ 2 ပွဲသာ အနိုင်ရရှိထားခဲ့ပြီး 3 ပွဲ သရေ ၊ 2 ပွဲ ရှုံးနိမ့်ကာ form ပျက်နေခဲ့တဲ့ အတွက် ထိပ််သီး လေးသင်း စာရင်း ဝင်ခွင့် ရရှိဖို့ အလေးအနက်ထား ကြိုးစားရပါဦးမယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက်တို့ဟာ လက်ကျန် ပွဲစဥ် 5 ပွဲမှာ အဝေးကွင်း 2 ပွဲ ၊ အိမ်ကွင်း 3 ပွဲ ကစားရမှာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် ဘယ် နောက်ခံလူ လုခ်ရှော က သူတို့ ပြီးခဲ့တဲ့ ပွဲစဥ်တွေကို အနိုင် ရရှိခဲ့သင့်ကြောင်း ဖွင့်ဟလိုက်ပါတယ် ။

” ကျွန်တော်တို့ ရိုးသားဖို့ လိုမယ်လို့ ထင်မိပါတယ် ။ ပြီးခဲ့တဲ့ ပွဲစဥ်တွေမှာ မနိုင်ခဲ့တာက တကယ့်ကိုပဲ စိတ်ပျက်ဖို့ ကောင်းလှပါတယ် ။ ကျွန်တော်တို့ ပြန်လည် အာရုံစိုက်ဖို့ လိုအပ်ပါလိမ့်မယ် ။ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေဖို့ လိုအပ်လှပါတယ် ”

” ဝက်စ်ဟမ်း အသင်းက သူတို့ရဲ့ ဘဝ အတွက် တိုက်ပွဲဝင်နေရတာလေ ။ ကျွန်တော်တို့ အဲ့ဒီကို သွားခဲ့ရတဲ့အခါတိုင််း ခက်ခဲတဲ့ ပွဲစဥ်တွေချည်း ကစားခဲ့ရပါတယ် ။ ကျွန််တော်တို့ အရင် ရလဒ်တွေကနေ ထွက်ပေါက်ရှာပြီး ပြန်လည်် အာရုံစိုက်ဖို့ လိုနေပါတယ် ”

” ဒီလိဂ်မှာ လွယ်ကူတဲ့ ပွဲစဥ်ဆိုတာ မရှိပါဘူး ။ အသင်းတိုင်းက တိုက်ပွဲဝင်နေကြပြီး ပွဲစဥ်တိုင်းက ခက်ခဲနေခဲ့ရပါတယ် ။ ထိပ်သီး လေးသင်း စာရင်းဝင်နိုင်ဖို့ ကျွန်တော်တို့ အမှတ်တွေ စုဆောင်းရန် လိုအပ်ပါသေးတယ် ။ ကျွန််တော်တို့ အမြန်ဆုံး ပြန်လည် အစပြုနိုင်ဖို့ လုပ်ရပါ့မယ် ”

” တနင်္ဂနွေမှာ ကျွန်တော်တို့ အကောင်းဆုံး ပြန်လာနိုင်ဖို့ လိုအပ်ပါတယ် ။ ဝက်စ်ဟမ်း ဟာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းပါ ။ သူတို့ရဲ့ ပရိသတ်တွေကလည်း အသင်းရဲ့ အနောက်မှာ အမြဲရှိနေတတ်ကြပါတယ် ။ ဒီပွဲအတွက် ကျွန်တော်တို့ ready ဖြစ်နေဖို့ လိုအပ်လှပါတယ် ” လို့ ရှော က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar