ယူနိုက်တက်တို့ စိတ်ဝင်စားနေကြတဲ့ ဗစ်တာအိုဆင်ဟမ်းရဲ့ အနာဂတ်အပေါ် မှတ်ချက်ပေးလိုက်တဲ့ နာပိုလီ ဥက္ကဌ

ပူပူနွေးနွေး စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ အော်ရီလီယို ဒီ လော်ရန်တစ်က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ် ကစားသမား ဖြစ်တဲ့ သူတို့အသင်းရဲ့ အထောင် တိုက်စစ်မှူး ဖြစ်သူ ဗစ်တာ အိုဆင်ဟမ်းကို လာမယ့်နွေမှာ ရောင်းထုတ်ဖို့မရှိကြောင်း ပြောခဲ့လိုက်ပါတယ် ။

အသက် 24 နှစ်သာ ရှိနေသေးတဲ့ နာပိုလီ အသင်းရဲ့ တိုက််စစ်မှူးဖြစ်သူ ဗစ်တာ အိုဆင်ဟမ်း ဟာ ဒီရာသီ နာပိုလီ အသင်းရဲ့ တိုက်စစ်မှာ အဓိကကျသူ တစ်ဦး ဖြစ်ခဲ့ပြီး ရာသီိ ကုန်ဆုံးဖို့ 5 ပွဲ အလိုမှာ 22 ဂိုး အထိ လိဂ် ဂိုး သွင်းယူပေးထားနိုင်ခဲ့ကာ စီးရီးအေရဲ့ ဂိုးသွင်း အများဆုံး ကစား သမား ဖြစ်ထားနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် လာမယ့်နွေ အပြောင်းအရွှေ့ စျေးကွက်ထဲမှာ တိုက်စစ်မှူး တစ်ဦးကို မဖြစ်မနေ လိုချင်နေခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နာပိုလီ အသင်းကို 33 နှစ််အကြာမှာ အမှတ်ပေးဖလား ပြန်လည်ရရှိအောင် ကူညီိပေးထားနိုင်ခဲ့တဲ့ ဗစ်တာ အိုဆင်ဟမ်း ကို ဦးစားပေး ပစ််မှတ် အဖြစ် ခေါ်ယူဖို့ အဓိကထား နေခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတစ်ဖက်မှာတော့ ဘွန်ဒက်စ် လီဂါ ထိပ်သီး ဘိုင်ယန် မြူးနစ် အသင်း နဲ့ လီဂူးဝမ်း ထိပ်သီး PSG အသင်းတို့ဟာလည်း အိုဆင်ဟမ်း ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့ကြပါတယ် ။ ဒါပေမဲ့ အခုတော့ နာပိုလီ ဥက္ကဌ က သူတို့ရဲ့ တိုက်စစ်မှူးကို နွေမှာ ရောင်းထုတ်ဖို့ မရှိကြောင်း ပြောကြားသွားခဲ့လိုက်ပါတယ် ။

” လာမယ့်နွေမှာ ကျွန်တော်ဟာ ဗစ်တာ အိုဆင်ဟမ်း ကို ရောင်းထုတ်သွားဖို့ မရှိပါဘူး ။ ရောင်းထုတ်စရာ ဘယ်လို အကြောင်းမျိုးမှ ရှိမနေပါဘူး ” လို့ အီတလီ သတင်း ဖြစ်တဲ့ Rai Sport ရဲ့ အင်တာဗျူး အစီအစဥ် မှာ ဒီ လော်ရန်တစ် က ပြတ်သားတဲ့ သူ့ရဲ့ အဖြေကို ထုတ်ပြောသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

အိုဆင်ဟမ်းဟာ ဒီရာသီမှာ နာပိုလီ အသင်းအတွက် ပြိုင််ပွဲစုံ 27 ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပြီး အမှတ်ပေး ဖလား ရရှိအောင် ကူညီပေးထားနိုင်ခဲ့ပါတယ် ။ သူဟာ 2020 တုန်းက နာပိုလီ အသင်းဆီ ပြောင်းရွှေ့လာခဲ့သူဖြစ််ပြီး ကစားခဲ့တဲ့ ပွဲစဥ် 96 ပွဲမှာ 55 ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါပြီ ။

#Sports_Myanmar