ပွဲကစားချိန် မိနစ်တွေ နည်းပါးနေခဲ့တာနဲ့ ပတ်သက်လို့ အဲရစ် တန်ဟတ်ဆီ မက်ဆေ့ပို့ အမှာစကားပါးလိုက်တဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခေါင်းဆောင် ဖြစ််သူ ဟယ်ရီ မက်ဂွားယား ကတော့ ဒီရာသီ ကလပ် နဲ့ နိုင််ငံ့ အသင်းတွေအတွက် သူ့ရဲ့စွမ်းဆောင်ရည်ဟာ ကောင််းမွန်ခဲ့ကြောင်း ၊ အိုးလ် ထရပ်ဖို့ဒ် မှာ ပွဲထွက်ခွင့် ပြန်လည် ရရှိလိုကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

ဟယ်ရီ မက်ဂွားယားဟာ လက်ရှိအချိန်မှာ လက်ရွေးစင် အသင်းဆီ ရောက်ရှိနေတာ ဖြစ်ပြီး အင်္ဂလန် တို့ အီတလီ ကို 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်တုန်းက ခံစစ်မှာ မန်စီးတီး အသင်းရဲ့ နောက်ခံလူ ဂျွန်စတုန်း နဲ့ အတူ ပွဲထွက် ကစားခွင့် ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ မက်ဂွားယားဟာ လက်ရွေးစင်အသင််းအတွက် ပုံစံကောင်း ပြသသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်် ။ ဒါ့အပြင် အဆိုပါ နိုင်ပွဲဟာ အင်္ဂလန် အတွက်တော့ 1961 ခုနှစ် နောက်ပိုင်း အီတလီ မြေမှာ ပထမဆုံး အကြိမ်် နိုင်ပွဲရရှိခြင်း ဖြစ်သွားခဲ့ရပါတယ် ။

ဟယ်ရီ မက်ဂွားယား ဆိုတာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက် ကစားခွင့်တွေ နည်းပါးခဲ့ပေမဲ့ ဂါးရတ် ဆောက်ဂိတ်ရဲ့ လက်အောက်မှာတော့ အင်္ဂလန် ရဲ့ ဦးစားပေး ပွဲထွက်ခွင့်ရရှိတဲ့ ကစားသမား အမြဲလို ဖြစ်နိုင်ခဲ့ပါတယ် ။

အဆိုပါ ပွဲထွက်ခွင့်တွေနဲ့ ထိုက်တန်အောင် သူ့ဖက်ကလည််း အမြဲလို ပုံစံကောင်း ပြနိုင်ခဲ့တာချည်းပါပဲ ။ ဒါပေမဲ့ ယူနိုက်တက် အတွက် ကစားခွင့်တွေ နည်းပါးနေခဲ့ရတာနဲ့ ပတ်သက်လို့ သူဟာ ပွဲထွက်ခွင့်တွေ အရင်လို ပြန်လည် ရရှိချင်နေကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ဟုတ်ပါတယ် ၊ ဒီရာသီမှာတော့ ကျွန်တော် ကစားချင်သလောက် ပွဲကစားခွင့် မရရှိခဲ့ပါဘူး ။ ဒါပေမဲ့ ကလပ်အသင််း အတွက် ဒီရာသီ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ဟာ ကောင်းမွန်ခဲ့တယ်လို့ ထင်မိပါတယ် ။ လူတွေ ကျွန်တော် သိပ်မကစားရဘူးလို့ တွေးကြပါလိမ့်မယ် ”

” ဒါပေမဲ့ ကျွန်တော် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် 8 ပွဲ 9 ပွဲလောက်မှာ ကျွန်တော်တို့ နိုင်ခဲ့တာချည်းပါပဲ ။ ပြီးတော့ ကျွန်တော်ဟာ နိုင်ငံ့ အသင်းအတွက်လည်း ပုံစံကောင်းပြနိုင်ခဲ့တာချည်းပါပဲ ။ နိုင်ငံ့ အသင်းရဲ့ ပရိသတ်တွေကို စိတ််ဓါတ်ကျအောင် ကျွန်တော် မလုပ်ခဲ့ဖူးပါဘူး ”

” ပြီးခဲ့တဲ့ တစ်ပါတ်ကဆိုရင် ကျွန်တော် ယူနိုက်တက် အတွက်် 2 ပွဲ ကစားပေးခဲ့ရပါတယ် ။ အဲ့ဒီ နှစ်ပွဲလုံး မိနစ် 90 အပြည့်ချည်း ကစားခဲ့ရတာပါ ။ ပြီးခဲ့တဲ့ တစ်လအတွင်း ဆိုရင် ကျွန်တော် အသင်းအတွက် 4 ပွဲ အထိ ပွဲထွက်ခွင့် ၊ ကစားပေးခွင့် ရရှိခဲ့ရပါတယ် ”

” ကျွန်တော်ဟာ အသင်းအတွက် ပွဲစဥ်တိုင်း ပါဝင်ကစားပေးချင်သူပါပဲ ။ ကျွန်တော့် ကလပ်နဲ့ နိုင်ငံ့ အသင်းအတွက်် ကျွန်တော်ဟာ ပွဲစဥ်တိုင်း ပွဲထွက် ကစားပေးခွင့် ရရှိချင််တာ အားလုံး သိကြပါတယ် ” လို့ မက်ဂွားယား က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar