နယူးကာဆယ် Vs အာဆင်နယ် ပွဲရလဒ်ကို ခန့်မှန်းပေးလိုက်တဲ့ ဒေးဗစ်ဆီးမန်း

ဂန်းနား ဂန္တဝင် ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်း ​ဟာ ဒီတစ်ပတ် စိန့်ဂျိမ်းပတ်ခ့် မှာ ကစားမယ့် နယူးကာဆယ် နှင့် အာဆင်နယ် အသင်း ပွဲရလဒ် ကို ခန့်မှန်း ပေးသွားခဲ့ပြီး ဂန်းနားတို့ အနေနဲ့ လူတွေ အားလုံးကို အသံတိတ်သွားအောင် လုပ်ဖို့ တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီတွင် အမှတ်ပေး ဇယား ထိပ်ဆုံး မှာ ကာလရှည်ကြာ ရပ်တည် နေခဲ့ရာကနေ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေချော်ပီး ဒုတိယ နေရာကို ဆင်းပေးလိုက်ရပါတယ် ။ အာဆင်နယ် အသင်းဟာ တစ်ပွဲပို ကစားထားပေမယ့် ထိပ်ဆုံး က မန်စီးတီး နဲ့ တစ်မှတ်ကွာ အနေအထားမှာ ရှိနေတာ ဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ပုံစံကောင်းရနေတဲ့ နယူးကာဆယ် အသင်း နဲ့ ကစားရမှာပါ ။

ဂန်းနား ဂန္တဝင် ဂိုးသမားဟောင်း ဆီးမန်း ကတော့ Seaman Says Podcast မှာ ” တကယ့်ကို ခက်ခဲ ကြမ်းတမ်းတဲ့ ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ် ။ စိန့်ဂျိမ်းပတ်ခ့် မှာ သွားကစားရမယ့် ပွဲက တကယ့်ကို ကြီးကြီး မားမား ခက်ခဲတာပါ ။ အာဆင်နယ် အတွက်လည်း ခက်ခဲမယ့် ပွဲပါ ၊ ဒါပေမယ့် အာဆင်နယ် အသင်း အနေနဲ့ ဒီရာသီကို အဆင့်ရပ်တည်မှု မြင့်မြင့်မားမား နဲ့ ရပ်တည် နိုင်ဖို့ လိုအပ်ပါတယ် ။ ”

” အာဆင်နယ် အနေနဲ့ အရင်တုန်းကလိုပဲ ကစားပုံကောင်း​တွေ ၊ ရလဒ်ကောင်းတွေ ယူနိုင်ဖို့ လိုအပ်ပါတယ် ။ နယူးကာဆယ် ကွင်းကို သွားပီး ရလဒ်ကောင်း ယူနိုင်ခဲ့ရင် လူတွေ အများကြီး ကို ပါးစပ် ပိတ်သွားစေမှာပါ ၊ ဒါပေမယ့် တကယ့်ကို ခက်ခဲမယ့် ပွဲဖြစ်တာကြောင့် တစ်ဖက် တစ်ဂိုးစီ နဲ့ သရေ ကျပါလိမ့်မယ် ၊ သရေကျရင်တောင် အာဆင်နယ် ပရိသတ်တွေ ပျော်ကြမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM