ခြေစွမ်းနဲ့ ရလဒ် တိုက်ရိုက် အချိုးကျခဲ့တဲ့ ဘရိုက်တန် 1 – 0 ယူနိုက်တက် ပွဲစဥ်မှ ဧည့်သည်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ဘရိုက်တန် အသင်းနဲ့ အဝေးကွင်း ပွဲစဥ် ကစားခဲ့ရပြီး လုခ်ရှောရဲ့ ဂိုးဧရိယာထဲက လက်ထိဘော ၊ အလစ္စတာ ရဲ့ ပင်နယ်တီ ဂိုးတွေကြောင့် အမှတ် ဗလာ နဲ့ အိမ်ပြန်ခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ထုံးစံအတိုင်းပဲ အခွင့်အရေးတွေ ရရှိခဲ့ကြပြီး အသုံးမချနိုင်ခဲ့တဲ့အတွက် ဂိုမရခဲ့တာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ ဘရိုက်တန် တို့လည်း ဆတူ အခွင့်အရေး ဖန်တီးခဲ့ကြပြီး ဂိုးရဖို့ အားထုတ််ခဲ့ကြပေမဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အားရစရာမရှိ ဖြစ်ခဲ့ရပါတယ် ။

အဆုံးသတ်မှာတော့ FA ဖလား ဆီမီး ဖိုင်နယ် အဆင့်မှာ ဘရိုက်တန် တို့ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဖြုတ်ချနိုင်ခဲ့တဲ့ ယူနိုက်တက်တို့ ပင်နယ်တီပေးပြီး ရှုံးနိမ့်ခဲ့ကြတဲ့ ပွဲစဥ်မှ ကစားသမားတွေရဲ့ rating တွေကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

မီတိုမာနဲ့ အလစ္စတာတို့ရဲ့ ကန်ချက်တွေကို ကာကွယ်ပြီး ပုံစံကောင်းပြနိုင်ခဲ့ပေမဲ့ ထုံးစံအတိုင်း ပင်နယ်တီ မကာကွယ််နိုင်ခဲ့ပြန်ပါဘူး ။

ဘစ်ဆာကာ (6)

FA ဖလား ပွဲစဥ်တုန်းကထက် ပိုပြီး ပါးနပ်လာခဲ့တဲ့ မီတိုမာကို ထိန်းချုပ်ဖို့ အခက်ကြုံခဲ့ရပြီး ဂိုးပေါက် ကန်သွင်းခွင့်တွေလည်း ပေးခဲ့ပါတယ် ။

လင်ဒီလော့ဖ် (6)

အစောပိုင်း မိနစ်မှာ အမှား ကျူးလွန်ခဲ့ပေမဲ့ နောက်ပိုင်း မိနစ်တွေမှာတော့ တည်ငြိမ်တဲ့ ကစားဟန်ကို ပြသသွားနိုင်ခဲ့ပါတယ် ။

ရှော (6)

ယူနိုက်တက် ခံစစ်ကြောင်းရဲ့ အကောင်းဆုံး ခံစစ်မှူးဖြစ််ခဲ့ပေမဲ့ လက်ထိဘောကြောင့် ဗီလိန် ဖြစ်သွားခဲ့ရပါတယ် ။

ဒါးလော့ (6)

ဘယ်ခံစစ်မှာ ကစားခဲ့ရတဲ့ ဒါးလော့ဟာ ဒီပွဲမှာ ခံစစ် ပိုလုံခဲ့ပေမဲ့ တိုက်စစ်ပိုင်းကိုတော့ ပံ့ပိုင်းနိုင်မှု နည်းပါးခဲ့ရပါတယ် ။

ကာစီမီရို (6)

ဂိုးပေါက် ခြိမ်းခြောက်နိုင်ခဲ့ပါတယ် ။ ကစားပုံ ကောင်းခဲ့ပေမဲ့ အလစ္စတာ ကို မလိုအပ်ပဲ ပြစ်ဒဏ် ကျူးလွန်ခဲ့မိပြီး အဝါကဒ် ထိခဲ့ပါတယ် ။ ကိုင်စီဒို ကို ပြစ်ဒဏ် ကျူးလွန်မိချိန် အနီခဲ့တာ ကံကောင်းတယ်လို့ ဆိုရပါ့မယ် ။

ဖရက်ဒ် (5)

ဒီပွဲမှာတော့ ခံစစ်ပိုင်း ကစားပုံ မသေသပ်ခဲ့ပဲ တိုက်စစ် လိုက်ပါပုံက ပိုကောင်းခဲ့ပါတယ် ။ ဒါပေမဲ့ အသုံးမတည့်ခဲ့ပါဘူး ။

အန်တိုနီ (6)

ပွဲချိန် 2 မိနစ်မှာပဲ အခွင့်ကောင်းကို ဖြုန်းတီးခဲ့ပါတယ် ။ ချိတ်ဆက် ကစားပုံ ကောင်းခဲ့ပြီး အခွင့်အရေး အချို့ကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ အဝါကဒ် ထိခဲ့ပါတယ် ။

ဘရူနို (6)

ပေးပို့မှုတွေ ကောင်းခဲ့ပြီး အဝေးဘော ပေးပို့မှုတွေနဲ့ အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ တိုက်စစ် ကစားသမားတွေရဲ့ မပါးနပ်မှုကြောင့် မထူးခဲ့ရပါဘူး ။

ရပ်ရှ်ဖို့ (6)

ကောင်းမွန်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု တစ်ကြိမ် လုပ်နိုင််ခဲ့တာကလွဲရင် သိပ်ပြီး မထူးကဲခဲ့ပါဘူး ။ ကောင်တာတိုက််စစ် ဆင်ခွင့်တွေ ရရှိခဲ့ပေမဲ့ ယခင်လို ပုံစံကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

မာရှယ် (5)

ပထမပိုင်း မပြီးဆုံးမီ အခွင့်ကောင်း ရရှိခဲ့ပေမဲ့ ဖြုန်းတီးခဲ့ပါတယ် ။ ကွင်းလယ်အထိ ဆင်းကစားပေးတာတွေ ရှိခဲ့ပေမဲ့ မထူးခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ…

ဆန်ချို (5)
ဆာဗစ်ဇာ (5)
ဝဂ်ဟော့စ် (5)

#Sports_Myanmar