နံနက်ခင်း အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန် အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ၁-၀ နဲ့ အနိုင် ရပြီး အက်ဖ်အေ ဖလား ဆီမီးဖိုင်နယ် က ရှုံးကြွေးကို ပြန်ဆပ် နိုင်ခဲ့ ပါတယ် ။

ဘရိုက်တန် အတွက် တလုံးတည်းသော ဂိုးကို ကွင်းလယ်လူ မက် အလစ္စတာ က ၉၀+၉ မိနစ် မှာ ရရှိတဲ့ ပင်နယ်တီ ကနေ သွင်းယူပေးခဲ့တာပါ ။

 

အီတလီ စီးရီးအေ မှာတော့ နာပိုလီ အသင်းဟာ ယူဒီနီးစ် အသင်းကို အဝေးကွင်းမှာ ၁ ဂိုးစီ သရေ ကစားပြီး စီးရီးအေ အမှတ်ပေး ချန်ပီယံဆုကြီးကို ရယူသွားခဲ့ ပါတယ် ။

ဒါဟာ နာပိုလီ အတွက် တတိယအကြိမ်မြောက် စီးရီးအေ ချန်ပီယံ ဖြစ်လာခဲ့တာ ဖြစ်ပြီး ၃၃ နှစ်ကြာ အမှတ်ပေး ချန်ပီယံဆုနဲ့ ဝေးကွာမှုကို အဆုံးသတ် နိုင်ခဲ့ ပါတယ် ။

 

လီဗာပူး အသင်းရဲ့ ဝါရင့် ကွင်းလယ် ကစားသမားကြီး ဂျိမ်းစ် မေနာ ဟာ ရာသီအကုန်မှာ ဘရိုက်တန် အသင်းဆီ အလွတ် နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ ကြားသိရ ပါတယ် ။

ဒါ့အပြင် လီဗာပူး ဟာ ဘရိုက်တန် က အာဂျင်တီးနား ကွင်းလယ်လူ မက် အလစ္စတာ ကို ခေါ်ယူဖို့လည်း သဘောတူညီမှု ရရှိထားပြီလို့ သတင်း ထွက်လာခဲ့ ပါတယ် ။

 

စီးရီးအေ မှာ တန်းတင် ကျန်ရစ်တော့မယ့် တန်းတက် မျက်နှာသစ် မွန်ဇာ အသင်းဟာ လာမယ့် ရာသီမှာ အေစီမီလန် နဲ့ စာချုပ်ပြည့်လို့ လမ်းခွဲလာမယ့် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ် ။

မွန်ဇာ အသင်းပိုင်ရှင် ဘာလူစကိုနီ ( အေစီ ဥက္ကဌဟောင်း ) ဟာ ဇလာတန် နဲ့ သိကျွမ်း ရင်းနှီးသူတွေ ဖြစ်ကြပြီး သူတို့ရဲ့ ဆက်ဆံရေးဟာ တိုက်စစ်မှူးကြီး ကို မွန်ဇာဆီ ပြောင်းရွှေ့လာနိုင်တဲ့ အလားအလာကောင်း တခု အဖြစ် သတ်မှတ်နေကြပါတယ် ။

 

ဘာစီလိုနာ ကနေ ထွက်ခွာပြီး အက်စတွန် ဗီလာ အသင်းမှာ အားကစား ဒါရိုက်တာ အဖြစ် လာရောက် လုပ်ကိုင်မယ့် မက်တီယူ အလီမာနီ ဟာ ဘာစီလိုနာ တောင်ပံ ကစားသမား ဖာရန် တောရက်စ် ကိုလည်း ဗီလာ အသင်းဆီ ခေါ်ဆောင်ဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ နဲ့ ပေါ်တူဂီကွင်းလယ်လူဟောင်း ဒေကို ကတော့ လစ်လပ်သွားမယ့် ဘာစီလိုနာ ဒါရိုက်တာ ရာထူးကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ စိတ်ကူး ရှိနေတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ အသင်းမှာ ၁၉၉၆ ကနေ ၁၉၉၈ ခုနှစ် အထိ ကစားခဲ့ပြီး လက်ရှိ ပေါ်တို ဒုဥက္ကဌ အဖြစ် လုပ်ကိုင် နေတဲ့ ပေါ်တူဂီ ဂိုးသမားဟောင်းကြီး ဗစ်တာ ဘိုင်ယာ ဟာလည်း ဘာစီလိုနာ အားကစား ဒါရိုက်တာ ရာထူး ကို ပါဝင် ယှဉ်ပြိုင်နိုင်တယ်လို့ သတင်း ထွက်နေပါတယ် ။

 

ပြင်သစ် ကလပ် နိစ် ( Nice ) အသင်းမှာ ကစားနေတဲ့ ဘာစီလိုနာ နောက်ခံလူဟောင်း တိုဒီဘို ဟာ ပရီးမီးယားလိဂ် ကလပ် တသင်းထံ ပြောင်းရွှေ့ဖို့ ရှိနေပြီး ဘာစီလိုနာ အနေနဲ့ အဆိုပါ အပြောင်းအရွှေ့ရဲ့ ၂၀% ကို အကျိုး ခံစားခွင့် ရရှိမယ်လို့ သိရပါတယ် ။

 

လက်စတာ စီးတီး ရဲ့ အားထားရတဲ့ တောင်ပံ ကစားသမား ဟာဗေး ဘန်းစ် ဟာ လာမယ့် ရာသီမှာ တော့တင်ဟမ် ဟော့စပါး အသင်းထံ ရောက်ရှိ နိုင်တယ်လို့လည်း သတင်း ထွက်ပေါ်လာပါတယ် ။

 

လေဗာကူဆင် အသင်းကို ကိုင်တွယ်ပြီး ပုံစံကောင်းတွေ ရရှိနေတဲ့ နည်းပြ ဇာဘီ အလွန်ဆို ကတော့ တော့တင်ဟမ် ဟော့စပါး နည်းပြ ရာထူးကို စိတ်မဝင်စားဘဲ ဂျာမန် ကလပ် အတွက်သာ အာရုံစိုက် လုပ်ကိုင် သွားဦးမယ်လို့ အဖြေပေးသွားခဲ့ ပါတယ် ။

အလွန်ဆို ဟာ အနာဂါတ် မှာ ရီးရဲမက်ဒရစ် နည်းပြ ဖြစ်လာနိုင်တယ်လို့လည်း ထင်ကြေးပေး ခံထားရသူ ဖြစ်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဇန်နဝါရီလ တုန်းက စတုတ်စီးတီး နဲ့ ကစားခဲ့တဲ့ FA Youth Cup ပွဲစဉ်က ခိုက်ရန် ဖြစ်ပွားမှု အတွက် ပေါင် ၇၅၀၀ ဒဏ်ငွေ ပေးဆောင်ဖို့ FA က အမိန့်ချမှတ်ခဲ့တယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR