မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ မာဆယ် ဆာဗစ်ဇာ ကတော့ ဒီရာသီ အသင်းရဲ့ ကွင်းလယ်ဟာ အရေးကြီိးတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ရပြီး အသင်းကို ကွင်းလယ်လူ ကာစီမီရိုက စုစည်းပေးနိုင်ခဲ့တာပဲလို့ ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ဘိုင်ယန် မြူးနစ် အသင်းရဲ့ ကွင်းလယ်လူ ဆာဗစ်ဇာ ကို ရာသီကုန် အထိ အငှား စာချုပ် နဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ် ။
အဲ့ဒီနောက် အဲရစ်ဆင် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ပွဲစဥ်တွေမှာ သူက 16 ပွဲထိ ပါဝင် ကစားခဲ့ရပြီး ပုံစံကောင််း အချို့ကို ပြသသွားနိုင်ခဲ့ပါတယ် ။ အထူးသဖြင့် ကွင်းလယ််တိုက်စစ် နေရာ ကစားချိန်မှာ သူဟာ ပိုမို တောက်ပနိုင်ခဲ့ပြီး 2 ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ် ။
အခုတော့ အသင်းသစ် အကြောင်းကို အတော်လေး သိရှိိနေခဲ့ပြီ ဖြစ်တဲ့ ဆာဗစ်ဇာ ဒီရာသီ အသင်းရဲ့ ရလဒ်တွေဟာ ကွင်းလယ်အပေါ် အတော်လေး မူတည်နေခဲ့ကြောင်း ၊ ကာစီမီရို ဟာ အသင်းအတွက် တကယ့်ကို အရေးပါသူ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။
” သူဟာ အတွေ့အကြုံရင့် ကစားသမား တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ အဆင့်မှာ ဆွတ်ခူးလို့ ရနိုင်ခြေ ရှိသမျှ ဆုဖလားတိုင်းကို ရရှိပြီးသားသူပဲ ဖြစ်ပါတယ် ။ သူဟာ အဲ့တာကို အကြိမ်ပေါင်းများစွာ လုပ်ပြထားခဲ့ပြီးသားပဲ ဖြစ်ပါတယ် ”
” သူ့ရဲ့ တန်ဖိုး အကြောင်းကို ဆွေးနွေးနေစရာ အကြောင််းကို မရှိပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ သူက အရမ်းကို ထူးကဲလွန်းသူ တစ်ဦး ဖြစ်နေလို့ပါပဲ ။ သူက အသင်းကို အတူတကွ စုစည်းပေးထားနိုင်ခဲ့သူ တစ်ဦးပါပဲ ”
” သူဟာ ကွင်းထဲက ခေါင်းဆောင်တစ်ဦးပါ ။ ကျွန်တော်တို့ အသင်းရဲ့ ကွင်းလယ်မှာ High Quality ရှိနေတယ်လို့ပဲ ထင်မိပါတယ် ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ အခုလိုအဆင့်ကို ရောက်နေခဲ့ကြတာပါ ” လို့ ဆာဗစ်ဇာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။
#Sports_Myanmar