နွေရာသီမှာ လီဗာပူးတို့ ခေါ်ယူသင့်တဲ့ ပရီးမီးယားလိဂ် ကွင်းလယ်လူ ၂ ဦးကို ပြောလိုက်တဲ့ ဂျွန်ဘန်း

 

ဂျွန်ဘန်းက လီဗာပူး အနေနဲ့ လာမည့် နွေရာသီမှာ အာဆင်နယ် မန်ယူနိုက်တက် ချဲလ်ဆီး တို့ ချိတ်ဆက်နေတဲ့ ဘရိုက်တန်စတား မွိုက်စ်ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ ပြောလိုက်ပါတယ်။ ကိုင်စီဒိုဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ခံစစ်ကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဒီရာသီ ဥရောပ၀င်ခွင့် ရည်မှန်းနေတဲ့ ဘရိုက်တန် အတွက် အကောင်းဆုံး ခြေစွမ်းပြသနေပါတယ်။

အက်ကွေဒေါ လက်ရွေးစင်ဟာ ချဲလ်ဆီးရဲ့ စိတ်၀င်စားမှုကို ခံထားရပြီး ဖြစ်တဲ့အပြင် အာဆင်နယ်ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီက ၎င်းအတွက် ဘရိုက်တန်ကို ၂ ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကလည်း ၎င်းကို စိတ်၀င်စားနေတဲ့ အသင်းတွေထဲမှာ ပါ၀င်လာခဲ့ပြီး လာမည့် နွေရာသီမှာ ကမ်းလှမ်းမှု လုပ်သွားဖို့ ရှိနေပါတယ။်

ဒါပေမယ့်လည်း လီဗာပူး ဂန္တ၀င် ဂျွန်ဘန်းက ကိုင်စီဒိုဟာ ယာဂန်ကလော့ရဲ့ အသင်းအတွက် တကယ့်ကို အံ၀င်ခွင်ကျ ဖြစ်မယ့် ကစားသမားလို့ ဆိုလိုက်ပြီး ပရီးမီးယားလိဂ် လူငယ်ကြယ်ပွင့်ကို နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားရန် ကလော့ကို တိုက်တွန်းလိုက်ပါတယ်။

ဘန်းက “ကျနော်ကတော့ ကိုင်စီဒိုဟာ လီဗာပူးအတွက် အရမ်းကို ကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ လီဗာပူးဟာ ကွင်းလယ်ခံစစ် ကစားသမား ၂ ဦးနဲ့ ကစားနေပါတယ်။ ဒါ့ကြောင့် သူဟာ ဒီလူစာရင်းအတွက် အရမ်းကို ကောင်းတဲ့ အားဖြည့်မှု ဖြစ်လာမှာပါ။ သူဟာ ကွင်းလယ်မှာ ဟန်ဒါဆန် မီနာ ဖာဘင်ညို ဝိုင်နယ်ဒန် တို့လိုမျိုး တအားကို လုပ်အားကောင်းသူပါ။ ကိုင်စီဒိုလို ကစားသမားမျိုး ကွင်းလယ်မှာ ရှိနေခြင်းအားဖြင့် ထရန့်နဲ့ ရောဘတ်ဆန်တို့ တိုက်စစ်ကို လွတ်လပ်စွာ လိုက်ပါနိုင်မှာပါ။ ဒါ့ကြောင့် ဒီလို ကစားသမားမျိုး ရှိခြင်းဟာ လီဗာပူး အတွက် တအားကို ကောင်းမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ နွေရာသီမှာ ကီတာ ချိန်ဘာလိန် နဲ့ မီနာ တို့ကို free transfer နဲ့ လက်လွှတ်သွားရဖို့ ရှိနေတဲ့ အပြင် ဖာဘင်ညို ဟန်ဒါဆန် တီယာဂို တို့ကလည်း အသက် ၃၀ ကျော်နေကြပြီ ဖြစ်တာကြောင့် အနည်းဆုံး ကွင်းလယ်လူ ၂ ဦး အားဖြည့်သွားရမှာ ဖြစ်ပါတယ်။ ဘန်းက လီဗာပူးတို့ ခေါ်ယူသွားသင့်တဲ့ နောက်ထပ် ကွင်းလယ်လူ တစ်ဦးကို ပြောပြလိုက်ပါတယ်။

ဘန်းက “ဖူဟမ်ရဲ့ ပယ်လင်ညာဟာ ကိုင်စီဒို လိုမျိုးပါပဲ။ အမှန်ပါပဲ။ ပယ်လင်ညာဟာ တိုက်စစ်ကိုလည်း လိုက်ပါ ကစားပေမယ့် သူ့ရဲ့ အဓိက focus က လုပ်အားကောင်းကောင်းနဲ့ ခံစစ်ကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ကျနော်ကတော့ ပယ်လင်ညာ နဲ့ ကိုင်စီဒို တို့ဟာ လီဗာပူးကို အကူအညီ ဖြစ်စေမယ်လို့ ထင်ပါတယ်။ ကျနော်တို့ဟာ ကွင်းလယ်ကနေ ဘောလုံးတွေ လုယူကာ လုပ်အားကောင်းတဲ့ ကစားသမားတွေ လိုအပ်နေပါတယ်။ ဒါမှသာ ကျနော်တို့ရဲ့ structure နဲ့ ပွဲတွေကို လွှမ်းမိုးနိုင်မှာပါ။

ကျနော်ကတော့ လီဗာပူး အနေနဲ့ ပယ်လင်ညာ နဲ့ ကိုင်စီဒို တို့လို လုပ်အားကောင်းတဲ့ ကွင်းလယ်လူတွေ ရှာဖွေခေါ်ယူသင့်တယ်လို့ ထင်ပါတယ်။ အမှန်ပါပဲ။ ဘောလုံးကိုင်ကစားပုံကောင်းတဲ့ ကစားသမားတွေ ရှိနေတာကလည်း ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ တီယာဂို နဲ့ အယ်လီယော့ တို့ ရှိနေပြီးသားပါ။” လို့ ဆိုလိုက်ပါတယ်။