နံနက်ခင်း အားကစားသတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ် ဟာ ချဲလ်ဆီး အသင်းကို အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ယူပြီး အဆင့် ၁ နေရာကို ပြန်လည် တက်လှမ်း လာနိုင်ခဲ့ ပါတယ် ။

အာဆင်နယ် အတွက် အသင်းခေါင်းဆောင် အိုဒိဂွာ က ၂ ဂိုး ၊ ဂျေဆူး က ၁ ဂိုး သွင်းယူပေးခဲ့ပြီး ချဲလ်ဆီး အတွက် တလုံးတည်းသော ဂိုးကိုတော့ လူငယ်လေး မာဒူကီ က သွင်းယူပေးခဲ့ ပါတယ် ။

 

စပိန် လာလီဂါ မှာတော့ ရီးရဲ မက်ဒရစ် ဟာ ရီးရဲ ဆိုဆီဒက် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်သွားခဲ့ပြီး ဘာစီလိုနာ ကတော့ အိုဆာဆူနာ ကို ဂျော်ဒီ အယ်လ်ဘာ ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ် ။

 

ဒါကြောင့် ဘာစီလိုနာ ဟာ ရာသီကုန်ဖို့ ၅ ပွဲ အလိုမှာ ရီးရဲမက်ဒရစ် ကို ၁၄ မှတ်အထိ ဖြတ်ထား လိုက်ပြီး လာမယ့် ပွဲစဉ် အပြီးမှာ ဗိုလ်စွဲဖို့ ရာနှုန်းပြည့် နီးပါး သေချာသွားခဲ့ပြီ ဖြစ်ပါတယ် ။

 

ဘာစီလိုနာ အသင်း ရဲ့ အားကစား ဒါရိုက်တာ မက်တီယူ အလီမာနီ ဟာ ရာသီအကုန်မှာ နူးကမ့် ကနေ ထွက်ခွာ တော့မယ်လို့ အတည်ပြု သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ အလီမာနီ ရဲ့ နေရာအတွက် ရှာဖွေ နေပြီး ရီးရဲဘက်တစ် ဒါရိုက်တာဟောင်း ကို စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

 

ဆန်းဒါးလန်း အသင်းမှာ အငှားထွက် ကစားနေပြီး ပုံစံကောင်းတွေ ပြနေတဲ့ မန်စီးတီး လူငယ် ကစားသမားလေး ဂျိမ်းစ် မက် အတီး ကို ဘန်လေ ၊ ဘရိုက်တန် ၊ လက်စတာ နဲ့ လိဒ် ယူနိုက်တက် တို့က အပြိုင် စိတ်ဝင်စား နေကြတယ်လို့ သိရှိရ ပါတယ် ။

 

လီဗာပူး နည်းပြကြီး ဂျာဂင် ကလော့ ကတော့ တော့တင်ဟမ် ဟော့စပါး နဲ့ ပွဲမှာ ဒိုင်လူကြီး တီယာနေး ကို ပြောဆိုခဲ့မှုတွေ အတွက် FA ရဲ့ စွဲချက်တင်မှုကို ခံလိုက်ရပြီ ဖြစ်ပါတယ် ။

 

PSG ကို ရာသီအကုန်မှာ ပြောင်းရွှေ့တော့မယ့် ခံစစ်မှူး မီလန် စခရီနီယာ အတွက် အစားထိုး ခံစစ်သမား ရှာဖွေ နေတဲ့ အင်တာမီလန် ဟာ ဖူလ်ဟမ် အသင်း နောက်ခံလူ တိုဆင် အဒရာဘိုင်အိုယို ကို မျက်စိကျနေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး နဲ့ အာဆင်နယ် အသင်းတွေကတော့ ပဲလေ့စ် နောက်ခံလူ မာ့ ဂွီဟီ ကို အပြိုင် စောင့်ကြည့် နေတယ်လို့ သိရှိရ ပါတယ် ။

 

PSG အသင်းကတော့ ကလပ်ရဲ့ ခွင်ပြုချက် မရရှိဘဲ ဆော်ဒီ ကို ခရီးထွက် ခဲ့တဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကို ၂ ပတ် ကစားခွင့် ၊ လေ့ကျင့်ခွင့် ပိတ်ပင် လိုက်သလို ၂ ပတ်စာ လုပ်ခ ကိုလည်း ဒဏ်ငွေ အဖြစ် သတ်မှတ် လိုက်တယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR