လက်ရှိ ရိုးမားအသင်းမှာ ကစားနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်သူ နီမန်ဂျာ မာတစ်က သူ့ရဲ့အသင်းဟောင်းဟာ နောက်ရာသီိမှာ အမှတ်ပေး ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ထောက််ခံသွားခဲ့လိုက်ပါတယ် ။
ဒါ့အပြင် လက်ရှိ နည်းပြ အဲရစ် တန်ဟတ်ရဲ့ လက်အောက််မှာ ပုံစံကောင်း အချို့ကို ပြသထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားပုံကိုလည်း နှစ်သက်မိကြောင်း အသင်းဟောင်းဟာ တိုးတက်လာတယ်လို့ ခံစားရကြောင်းပါ မာတစ် က ပြောခဲ့လိုက်ပါတယ် ။
” သူ ကစားစေချင်တဲ့ ပုံစံကို ကျွန်တော် အမြဲတမ်း နှစ်သက်် သဘောကျမိခဲ့ပါတယ် ။ အခုချိန် ယူနိုက်တက်တို့ ကစားနေကြတဲ့ ပုံစံကိုလည်း နှစ်သက်ပါတယ် ။ သူတို့ ဒီရာသီမှာ အနိမ့်အမြင့် အတက်အကျတွေ ရှိခဲ့ကြပါတယ် ။ နည်းပြသစ် ရောက်လာတဲ့ အသင်းတိုင်းမှာ ဒါမျိုး ဖြစ်တာက သဘာဝကျတယ်လေ ”
” သူတို့ အခုလို progress လုပ်နိုင်ခဲ့တဲ့အပေါ် ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ် ။ နောက်ရာသီဆိုရင် သူတို့ဟာ အမှတ်ပေး ဖလား အတွက် သေချာပေါက် တိုက်ပွဲဝင်ကြလိမ့်မယ်လို့ ကျွန်တော် တွေးထင်မိပါတယ် ” လို့ မာတစ် က ပြောကြားရင်း ပရီးမီးယားလိဂ်မှ သူ ကစားခဲ့တဲ့ ရက််စွဲတွေနဲ့ ပတ်သက်လို့…
” အင်္ဂလန် ရဲ့ အကြီးမားဆုံး အသင်း နှစ်သင်း အတွက် ကိုယ်စားပြု ကစားပေးခွင့် ရရှိခဲ့လို့ ကျွန်တော် ဂုဏ်ယူမိပါတယ် ။ ကျွန်တော့်ရဲ့ အိပ်မက်တွေကို ချဲလ်ဆီး ၊ ယူနိုက်တက် တို့နဲ့ ဖြည့်ဆည်းနိုင်ခဲ့တယ်လေ ။ ဒါဟာ ကျွန်တော့်အတွက်တော့ ခမ်းနားလွန်းတဲ့ အောင်မြင်မှုပါပဲ ”
” ကျွန်တော် အဲ့ဒီ အသင်းတွေကို အပေါင်း လက္ခဏာ ဆောင်ကျဥ်းစွာ အမှတ်ရနေဦးမှာပါ ။ ဒီနှစ်သင်းလုံးက ကျွန်တော့်ရဲ့ ရင်ဘတ်ထဲမှာ စပါယ်ရှယ် နေရာ တစ်ခုကို ပိုင်ဆိုင်ထားပြီးသားပါပဲ ” လို့ မာတစ် က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။
#Sports_Myanmar