မတ်စ်ဂူဟီ ၊ ဗလာဟိုဗစ် ၊ မူဆာ တို့နှင့် အာဆင်နယ် အသင်းရဲ့ အပြောင်းအရွှေ့သတင်းတွေ အပေါ် ရိုမာနို ရဲ့ မှတ်ချက်

 

အပြောင်းအရွှေ့ဂုရု ဖာဘရစ်ဇီယို ရိုမာနို က အာဆင်နယ် နှင့် ဗလာဟိုဗစ် တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်ပြီး မတ်စ်ဂူဟီ နှင့် မူဆာ တို့ကိုတော့ ကင်းထောက် စောင့်ကြည့်နေကြောင်း caught offside မှာ အတည်ပြု ပြောကြား သွားခဲ့ပါတယ် ။

” ဒူဆန် ဗလာဟိုဗစ်ရဲ့ အေးဂျင့်က အာဆင်နယ် အသင်းထံ သူ့ကစားသမားကို ခေါ်ဖို့ ကမ်းလှမ်းမှု လုပ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကျနော် တွေ့ပါတယ် ။ ဒါပေမယ့် အရိုးသားဆုံး ပြောရရင် ကျနော် အဲ့ဒီ အကြောင်း သတင်းရထားတာမျိုး လုံးဝ မရှိပါဘူး ။ အာဆင်နယ် က အခု အချိန်မှာ ဗလာဟိုဗစ် ကို ခေါ်ဖို့ လုံးဝ လုပ်မနေပါဘူး ၊ ဒါကြောင့် ဗလာဟိုဗစ် နှင့် အာဆင်နယ်တို့ရဲ့ အပြောင်းအရွှေ့အခြေအနေအကြောင်း သတင်းတင်ဆက်စရာလည်း မရှိပါဘူး ။ ”

“ယန်းနက်စ် မူဆာ ကို အာဆင်နယ် နှင့် ချဲလ်ဆီး တို့က စိတ်ဝင်စားနေကြတယ်ဆိုတာ ကျနော် ပြောဖူးပါတယ် ။နှစ်သင်း စလုံးက ဇန်နဝါရီ မှာကတည်းက မူဆာကို စောင့်ကြည့် နေကြတာပါ ၊ အခု အချိန်မှာ ကင်းထောက် စောင့်ကြည့် နေရုံပဲ ရှိပါသေးတယ် ၊ ဘာမှ သတင်းမထူးသေးပါဘူး ၊ ဒါပေမယ့် မူဆာ က ဒီနွေရာသီမှာ ထွက်ခွာဖို့ အခွင့်အလမ်းကောင်း ရှိနေသူ ဖြစ်ပါတယ် ။ ”

” အာဆင်နယ် နှင့် မက်စ်ဂူဟီ ကြားမှာလည်း ဘာမှ ထူးထူးခြားခြား မရှိသေးပါဘူး ။ ဒါပေမယ့် အာဆင်နယ်က သူ့ကို စောင့်ကြည့် နေပါတယ် ၊ ပုံမှန် ကင်းထောက် သလိုမျိုးပါပဲ ၊ ဆုံးဖြတ်ချက် တစုံတရာ မချရသေးပါဘူး ၊ ဂူဟီ နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ မချရသေးပါဘူး ၊ဒါပေမယ့် ထိပ်သီး ကလပ်တော်တော်များများက သူ့ကို စောင့်ကြည့်နေကြတာပါ ။ ”

SM