အာဆင်နယ် ကို ပြောင်းမလိုလုပ်ပြီးမှ ချဲလ်ဆီး ကို ပြောင်းသွားခဲ့တဲ့ မူဒရစ် ကို သူ ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟလာတဲ့ ဇင်ချန်ကို

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဇင်ချန်ကို ရဲ့ နိုင်ငံ အသင်းဖော် မူဒရစ် ကို ခေါ်ယူဖို့ တောက်လျှောက် ကြိုးပမ်း ခဲ့ပေမယ့် ချဲလ်ဆီး အသင်းဟာ မူဒရစ် ကို စုစုပေါင်း ယူရို သန်း ၁၀၀ package နဲ့ ကြားဖြတ် ခေါ်ယူ သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ဟာ မူဒရစ်အတွက် ရှက်တာဒိုးနက် အသင်း ထံ သုံးကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် အလုံးစုံ သဘောတူညီမှု ရဖို့ ကြန့်ကြာ နေခဲ့တာကြောင့် ချဲလ်ဆီး အသင်းက ကြားဖြတ် ခေါ်ယူ သွားခဲ့တာပါ ။ မူဒရစ် ဟာ အာဆင်နယ် အသင်းကို လာဖို့ ဆန္ဒ ပြင်းပြနေခဲ့ပေမယ့် ချဲလ်ဆီး အသင်း က ကစားသမားရော အသင်းရောကို ငွေကြေး မက်လုံးပေးပြီး ခေါ်ယူ သွားခဲ့တာ ဖြစ်ပါတယ် ။

မူဒရစ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ဆိုရှယ်မီဒီယာ မှာ အာဆင်နယ် အသင်း ပွဲတွေကို ကြည့်ကြောင်း တင်လေ့ ရှိသလို အာဆင်နယ် နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ကိုလည်း like လုပ်တာမျိုး လုပ်ခဲ့ပါတယ် ။ ဒါ့အပြင် ဇင်ချန်ကို ရဲ့ ဇနီး နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း မူဒရစ်ဟာ အာဆင်နယ် ကသာ ကမ်းလှမ်းလာရင် ငြင်းပယ် နိုင်မှာ မဟုတ်ကြောင်း ဖြေကြား ခဲ့ဖူးပါတယ် ။

ဒါပေမယ့် ပရိသတ်တွေ မျှော်မှန်းထားသလို မူဒရစ် နှင့် အာဆင်နယ် တို့ရဲ့ အပြောင်းအရွှေ့ က ဖြစ်ပေါ် ခဲ့ခြင်း မရှိပါဘူး ။ မူဒရစ် ကို အာဆင်နယ် အသင်းဆီ ပြောင်းလာဖို့ ဆွဲဆောင် စည်းရုံး ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အပေါ် ဇင်ချန်ကို က ” ကျနော် သူ့ကို ခုလို ပြောခဲ့ပါတယ် ၊ ‘ ပြီးတာတွေကလည်း ပြီးသွားခဲ့ပြီ ၊ မင်း ဘာကို လိုချင်ခဲ့တယ် ၊ တခြားသူတွေ ဘာကို လိုချင်ခဲ့သလဲ ဆိုတာက အရေးမကြီးတော့ဘူး ၊ မင်း အခု ချဲလ်ဆီး ကစားသမား ဖြစ်နေပြီ ။’ ”

” ကျနော့် ရဲ့တစ်ကိုယ်ရည် ဆန္ဒအရဆို သူ့ကို အာဆင်နယ် ကစားသမားဖြစ်စေချင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖြစ်မလာခဲ့ပါဘူး ၊ ဒါပေမယ့် ဒါကိုက ဘဝပဲလေ ။ ကျနော် သူ့ကို ‘ မင်း ချဲလ်ဆီး နဲ့ ကာလရှည် စာချုပ် ချုပ်ထားတဲ့ အတွက် မင်းမှာ ရွေးချယ်စရာ တစ်ခုတည်း ရှိတယ် ၊ ရှေ့ဆက်လျှောက်ဖို့ ကိုပဲ ဦးတည်ထားပါ ။ ” လို့ ပြောပြ ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မူဒရစ် ကို မရတဲ့နောက် အာဆင်နယ် အသင်းဟာ ဘရိုက်တန် နည်းပြ ဒီဇာဘီ နဲ့ အဆင်မ​ပြေ ဖြစ်နေတဲ့ ထရော့ဆက်ဒ် ကို အရ ခေါ်ယူ ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ညရိုက်တန် အသင်း ကနေ ထရော့ဆက်ဒ် ကို ပေါင် ၂၇ သန်း နဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ထ​ရောဆက်ဒ် ဟာ အာဆင်နယ် အသင်း မှာ ခြေစွမ်း​ပြ ကစား နေနိုင်ပေမယ့် မူဒရစ် ကတော့ ချဲလ်ဆီး အသင်း အပေါ် အကျိုးပြု နိုင်ဖို့ ရုန်းကန် နေရဆဲ ဖြစ်ပါတယ် ။

SM