တန်ဟတ်က ဖရက်ဒ်ကို ဘာကြောင့် ပွဲမထုတ်သေးတာလဲဆိိုတာ ရှင်းပြရင်း မန်စီးတီး နဲ့ ဖိုင်နယ်မှာ ဘယ်သူတွေကို ပွဲထုတ်သင့်လဲဆိုတာ အကြံပေးလိုက်တဲ့ ဂယ်ရီ နဗီးလ်

 

ယူနိုက်တက် ဂန္တဝင် ဂယ်ရီ နဗီးလ် ကတော့ ကွင်းလယ်လူ ဖရက်ဒ် ဟာ ဘောလုံးကိုင် ကစားတဲ့ စွမ်းရည်ပိုင်းမှာ အားနည်းချက် ရှိနေခဲ့တာကြောင့် အဲရစ် တန်ဟတ် ဟာ သူ့ကို ပွဲထွက် ကစားခွင့်တွေ မပေးခဲ့တာဖြစ်ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

ဘရာဇီး လက်ရွေးစင် ကွင်းလယ် ကစားသမား ဖြစ်သူ ဖရက်ဒ်ဟာ ယူနိုက်တက်တို့ စပိန်မြေမှာ ရီးယဲ ဘက်တစ် အသင်းကို ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်နောက်ပိုင်း ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပြီး လူစားဝင် ကစားခွင့်တွေသာ ပိုင်ဆိုင်ခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ အဲရစ်ဆင် ပြန်လည် သက်သာခဲ့တဲ့နောက်မှာ ယူနိုက်တက် ကွင်းလယ်မှာ ကာစီမီရို ၊ အဲရစ််ဆင် နဲ့ ဘရူနို တို့ အတွဲကိုပဲ မြင်တွေ့ခဲ့ရပါတယ် ။ အခုတော့ ဂယ်ရီ နဗီးလ်က ဖရက်ဒ် ရဲ့ အားနည်းချက်ကြောင့် ပွဲထွက််ခွင့် ပျောက်ခဲ့ရကြောင်း ရှင်းပြလိုက်ပါတယ် ။

” မန်စီးတီး နဲ့ ကစားရမယ့် FA ဖလား ဖိုင်နယ်ပွဲမှာ ကျွန််တော်တို့ရဲ့ ကွင်းလယ်ကို ပြောင်းလဲသင့်တယ်လို့ ထင်မိပါတယ် ။ ဘရူနို ဖာနန်ဒက်စ် ကို ညာတောင်ပံမှာ ထားပြီး ကွင်းလယ် အထိုင်မှာ စကော့ မက် တော်မီနေး နဲ့ ကာစီမီရို ၊ သူတို့ရဲ့ အရှေ့မှာ အဲရစ်ဆင် (သို့) ဆာဗစ်ဇာ တို့ကို ပွဲထုတ််ဖို့ မျှော်လင့်ပါတယ် ”

” ပြီးတော့ ကျွန်တော်တို့ ပွဲစဥ်ကို သတိရှိရှိ ချဥ်းကပ်သင့်ပါတယ် ။ အာဆင်နယ် တို့ ကွင်းလယ်မှာ ကစားသမား 3 ယောက်အထိ ထားပြီး ကစားခဲ့တာက မှားယွင်းတဲ့ အရွေ့ တစ်ခုပဲ ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်တို့ ကွင်းလယ် ခံစစ်ကို အားပြုပြီး ကစားဖို့ လိုအပ်ပါလိမ့်မယ် ”

” ဒါပေမဲ့ အဲရစ် တန်ဟတ် ကတော့ အဲ့ဒီလို ကစားရတာကို သိပ်ပြီး နှစ်သက်ပုံ မပေါ်ပါဘူး ။ သူက ဘောလုံးကိုင် ကစားရတာ ၊ ဘောလုံးကို ထိန်းချုပ်ပြီး ကစားရတာတွေကို ပိုပြီး နှစ်သက်ပုံပါပဲ ။ ဒီအတွက် သူဟာ အဲရစ်ဆင်ကို အလိုရှိခဲ့​တာကြောင့် ဖရက်ဒ် ကို မထုတ်သုံးခဲ့ပါဘူး ”

” ဖရက်ဒ် ဘာကြောင့် ပွဲထွက်ခွင့်တွေ မရခဲ့တာလဲ ဆိုတဲ့ အပေါ် ကျွန်တော် အလေးအနက်ထားပြီး တွေးတောခဲ့ဖူးပါတယ် ။ တကယ်တော့ ဆာဗစ်ဇာ ဟာ ဖရက်ဒ် ထက် ပိုပြီး ဘောလုံးကိုင် ကစားတာ ကောင်းမွန်လှပါတယ် ” လို့ နဗီးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar