ဆိုးလ်ရှားကို “ခွေးမသား” လို့ ခေါ်ဆိုလိုက်တဲ့ ယူနိုက်တက် နောက်ခံလူဟောင်း ရိုဟို

အာဂျင်တီးနား လက်ရွေးစင် အသင်းရဲ့ ဗဟို ခံစစ်မှူး တစ်ဦး ဖြစ်တဲ့ မားကို့စ် ရိုဟို ဟာ ယူနိုက်တက် တို့ ဟယ်ရီ မက်ဂွားယား ကို ခေါ်ယူခဲ့ပြီးချိန်မှာ ပွဲထွက် ကစားခွင့်တွေ အကန့်အသတ် ဖြစ်သွားခဲ့ရတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 6 နှစ် အထိ ကစားပေးထားခဲ့တဲ့ ရိုဟို ဟာ 2020 ခုနှစ် မှာတော့ အသင်းမှ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုခဲ့ပြီး မန်ချက််စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲသွားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ အသက် 33 နှစ် ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနား နောက်ခံလူ က ဟယ်ရီ မက်ဂွားယား ကို ယူနိုက်တက် တို့ ခေါ်ယူခဲ့ချိန်မှာ အရမ်းပဲ ဒေါသ ဖြစ်ခဲ့ရကြောင်း ၊ သူ့ကို စျေးကြီးကြီးပေးပြီး ခေါ်ယူခဲ့တဲ့နောက် ပွဲထွက်ခွင့်တွေကို ပေးခဲ့တဲ့ နည်းပြ ဆိုးလ်ရှား အပေါ် ပေါက်ကွဲခဲ့ကြောင့် ဖွင့်ဟ သွားခဲ့လိုက်ပါတယ် ။

” 2019 ခုနှစ် တုန်းက ကျွန်တော်ဟာ အင်္ဂလန်မှာ အရမ်းကို ခြေစွမ်းကောင်းနေခဲ့ရပါတယ် ။ ကျွန်တော်ဟာ ယူရို ပါလိဂ် ပြိုင်ပွဲမှာ ကစားခွင့်တွေလည်း ရရှိခဲ့ပါတယ် ။ ဒါပေမဲဲ့ နည်းပြ နဲ့ ပတ်သက်လို့တော့ ကျွန်တော် အရမ်းကိုပဲ ဒေါသ ဖြစ်ခဲ့ရပါတယ် ”

” သူဟာ ကျွန်တော့်ကို ပွဲထွက် ကစားခွင့်တွေ ပေးရမယ့် အစား ဟယ်ရီ မက်ဂွားယား ကို ပွဲထွက်ခွင့်တွေ ပေးနေခဲ့တယ်လေ ။ အခုတော့ သူ့ကို ပွဲထွက်ခွင့်တွေ မပေးတော့ပဲ လီချာ (လီဆန်ဒရို မာတီနက်ဇ်) ပွဲထွက်ခွင့်တွေ ရရှိနေတဲ့ အပေါ် ဘုရား သခင်ကို ကျေးဇူးတင်မိပါတယ် ”

” တစ်နေ့တော့ ကျွန်တော်ဟာ ဆိုးလ်ရှားရဲ့ အခန်းထဲကို သွားရောက်ခဲ့ပြီး ကျွန်တော့်ကို အသင်းမှ ထွက်ခွာခွင့်ပေးဖို့ (ဒါမှမဟုတ်) ပုံမှန် ပွဲထွက်ခွင့်တွေ ပေးဖို့ ပြောဆိုဖြစ်ခဲ့ပါတယ် ။ ပြီးတော့ ကျွန်တော် ပွဲထွက်ခွင့် မရတဲ့ ကိစ္စ က မှားနေတယ်လို့လည်း သူ့ကို ပြောဖြစ်ခဲ့ပါတယ် ”

” ဒါပေမဲ့ သူတို့ဟာ မက်ဂွားယား အတွက်ကို ပြောင်းရွှေ့ကြေးတွေ အများကြီး ပေးခဲ့ရတာကြောင့် ဘာကြောင့်ဖြစ််ဖြစ် မက်ဂွားယား ပွဲထွက် ကစားရလိမ့်မယ် ဆိုတာကို သူ ပြောခဲ့ပါတယ် ။ သူက အပါတ်စဥ် အပါတ်တိုင်း ကြီိးမားတဲ့ အမှားတွေ ကျူးလွန်ခဲ့တာပါ ”

” ကျွန်တော် ဆိုးလ်ရှားကို ပြောခဲ့တယ် ၊ ” ခွေးမသား ငါ့ကို ကစားခွင့်ပေး ၊ ဒီကောင်က အပါတ်စဥ် အပါတ်တိုင်း အမှားတွေ ကျူးလွန်နေတာ လူတိုင်း မြင်တယ် ” ပေါ့ဗျာ ” လို့ ရိုဟို က အတိတ် က အကြောင်းကို အခုလိုပဲ ပေါက််ကွဲ သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar