တော့တင်ဟမ်နဲ့ သရေပွဲမှာ ဝေဖန်ခံရတဲ့ လူစားလဲမှုတွေ လုပ်ဆောင်ခဲ့ရခြင်း အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် တော့တင်ဟမ် ဟော့ စပါး ကွင်းမှာ တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး ပထမပိုင်း နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင််း နှစ်ဂိုးပြန်ပေးခဲ့ရတာကြောင့် သရေ ရလဒ်သာ ရယူနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်ဟာ ဆန်ချို ၊ အဲရစ်ဆင် ၊ မာလာစီယာ ၊ အန်တိုနီ တို့ကို ထုတ်ခဲ့ပြီး မာရှယ် ၊ ဖရက်ဒ် ၊ မာလာစီယာ ၊ ဝဂ်ဟော့စ် တို့ကို ထည့်သွင််း ကစားစေခဲ့တဲ့နောက် တစ်ဂိုး ထပ်မံ ပေးခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒီဂိုးမှာတော့ ဘစ်ဆာကာ အစား လူစားဝင်လာခဲ့တဲ့ မာလာစီယာက အမှားကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ဆန်ချို နဲ့ အဲရစ်ဆင် တို့ဟာ ဒီပွဲမှာ ပုံစံကောင်း ပြသနေခဲ့ရဲ့သားနဲ့ လူစားလဲခံခဲ့ကြရတာပဲ ဖြစ်ပါတယ်။ ဒီအတွက် ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပါသေးတယ် ။ အခုတော့ အဲရစ် တန်ဟတ် မှ သူဘာလို့ အခုလိုလူစားလဲမှုတွေ လုပ်ဆောင်ခဲ့ရသလဲဆိုတာကို ရှင်းပြသွားခဲ့လိုက်ပါတယ် ။

” အကယ်လို့ ခင်ဗျားတို့ ဒီပွဲကို ကြည့်ရှုခဲ့ကြမယ်ဆိုရင် ပထမပိုင်း အပြီးမှာ ကျွန်တော်တို့ ပွဲစဥ်ကို ထိန်းချုပ်နိုင်စွမ်း အားနည်းလာခဲ့ကြတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါလိမ့်မယ် ။ ပြီးတော့ ကျွန်တော်က 2-1 ဆိုတဲ့ ရလဒ် မထွက်ခင်ကတည်းက လူစားလဲဖို့ ကြိုတင် ပြင်ဆင်ထားခဲ့တာပါ ”

” ဂိုးတွေ လာတော့မယ်ဆိုတာကို ကျွန်တော် မြင်ယောင်နေခဲ့တယ်လေ ။ ဖရက်ဒ် ကို ထည့်သွင်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ အသင်းမှာ ကစားအား မြင့်တက်လာမှာပါ ။ ပြီးတော့ သူဟာ ဘောလုံး လုယူနိုင်သူ တစ်ဦးလည်း ဖြစ်တယ်လေ ။ ပြီးတော့ တနင်္ဂနွေ နေ့တုန်းကလည်း သူဟာ တကယ့်ကို တော်လွန်းနေခဲ့ရပါတယ် ”

” ပြီးတော့ မာရှယ်က ​ဘောလုံးကိုင် ကစားနိုင်သူ တစ်ဦးပါပဲ ။ သူ့ရဲ့ အနောက်မှာ ရပ်ရှီ ၊ အန်တိုနီ နဲ့ ဘရူနို တို့ကို ပြေးလွှား ကစားစေဖို့ ဆိုတာက ကျွန်တော့်ရဲ့ Idea ဖြစ်ခဲ့ရပါတယ် ” လို့ အဲရစ် တန်ဟတ် က သူ့ရဲ့ အစီအစဥ်တွေကို ရှင်းပြသွားခဲ့လိုက်ပြီး ပုံစံဆင်တူတဲ့ အသင်းရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ ပတ်သက််လို့ ….

” ဒါက သိမြင်နားလည်မှုနဲ့ ဆိုင်ပါတယ် ။ လွတ်လပ်စွာ ကစားနေတာ ဘယ်သူလဲဆိုတာ ရှာဖွေနိုင်ဖို့လိုတယ်လေ ။ ပထမပိုင်း မတိုင်ခင်တုန်းက ကျွန်တော်တို့ ကွင်းလယ်ဟာ ဖိဖိစီးစီး ကစားနိုင်ခဲ့ပါတယ် ။ အဲ့ဒီ ကစားပုံကို ကျွန််တော်တို့ ကောင်းကောင်း အသုံးချနိုင်ခဲ့ကြပါတယ် ။ ဒါကို စပါးတို့ ရင်ဆိုင်ဖို့ အခက်ကြုံခဲ့ကြပါတယ် ”

” ကျွန်တော်တို့ ဘယ်တောင်ပံ နဲ့ ညာတောင်ပံ အကူးအပြောင််းတွေလုပ်ဆောင်ရင်းနဲ့ ဂိုးတွေကို သွင်းယူနိုင်ခဲ့ကြတာပါ ။ ဒါပေမဲ့ ပထမပိုင်းပြီးတော့ ကျွန်တော်တို့ ကစားပုံ ရှားနားသွားခဲ့ရပါတယ် ။ ကျွန်တော်တို့ ပွဲစဥ် ထိန်းချုပ်နိုင်စွမ်း နည်းပါးသွားခဲ့ကြပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar