လာမယ့် နွေရာသီမှာ အာဆင်နယ် အသင်း ဘယ်နေရာတွေကို လူအင် အားဖြည့်တင်းရမလဲ အကြံပေးလိုက်တဲ့ အလန်စမစ်

အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း အလန်စမစ် က ဂန်းနားတို့ အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဗဟို နောက်ခံလူ ၊ ကွင်းလယ်လူ နှင့် တိုက်စစ်မှူး တစ်ဦး ခေါ်ယူ သင့်ကြောင်း အကြံပေး ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီ ထိပ်ဆုံးနေရာမှာ တောက်လျှောက် ရပ်တည် နေခဲ့ရာကနေ ဒီတစ်ပတ်မှာ ချန်ပီယံ ပြိုင်ဘက် မန်စီးတီး အသင်း ကို ဂိုးပြတ် အရေးနိမ့်သွားခဲ့တာကြောင့် တစ်ကျော့ပြန် ချန်ပီယံ အိပ်မက် ဝေဝါး သွား ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ မန်စီးတီး ထက် နှစ်မှတ်အသာရပြီး ထိပ်ဆုံး နေရာမှာ ရှိနေသေးပေမယ့် မန်စီးတီး က ပွဲကျန် နှစ်ပွဲ ရှိနေသေးတာကြောင့် ပြန်လည် ကျော်တက် ခံရနိုင်တဲ့ အန္တရယ် ရှိနေတာပါ ။

စီးတီး သာ ဒီတစ်ပတ် ဖူလ်ဟမ် အသင်းကို အနိုင်ရရင် အမှတ်ပေး ဇယား ထိပ်ဆုံး ကို ပြန်လည် တက်လှမ်း နိုင်မှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ နောက်တစ်ပတ် ကြားရက်ထဲမှာမှ ချဲလ်ဆီး အသင်း နဲ့ အိမ်ကွင်းပွဲ ကစားရမှာပါ ။ အာဆင်နယ် အသင်းဟာ နောက်ဆုံးလေးပွဲဆက် အမှတ်တွေ လျှော့ခဲ့တာမှာ နောက်ခံလူ ဆလီဘာ မပါဝင် နိုင်တဲ့ အချက်က အဓိက ကျခဲ့ပါတယ် ။

အာဆင်နယ် အသင်းရဲါ လာမယ့် နွေရာသီ အဓိက ပစ်မှတ်ဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် ဖြစ်ပေမယ့် ဆလီဘာ နေရာကို အစားဝင်နိုင်တဲ့ နောက်ခံလူ တစ်ဦးလည်း ထပ်ခေါ်ဖို့ လိုအပ်ကြောင်း စမစ် က ယုံကြည်ထားပါတယ် ။ အလန်စမစ် က Sky Sports မှာ ” ဆလီဘာ မကစားနိုင်ချိန်မှာ အာဆင်နယ် အသင်း ဘယ်လော​က် အထိဖြစ်ပျက် သွားခဲ့သလဲ ခင်ဗျားတို့လည်း တွေ့မှာပါ ။ ကျဆင်းသွားမှုကြီးက ဩချရလောက်ပါတယ် ၊ ဘယ်မန်နေဂျာ ကမှ ဒီလို ဖြစ်သွားတာကို မြင်တွေ့ချင်မှာ မဟုတ်ပါဘူး ။ ”

” ပါတေး ကလည်း တစ်ရာသီလုံး ကစားနိုင်လိုက် မကစားနိုင်လိုက် ဖြစ်နေခဲ့ပါတယ် ၊ ရှာ​ကာ မကစားနိုင်ချိန်မှာလည်း အာဆင်နယ် အသင်းက သူ့ကို သတိရနေခဲ့ရပါတယ် ။ အာဆင်နယ် အသင်း ကွင်းလယ် အင်အား ဖြည့်တင်းမှု အပိုင်းနဲ့ ပတ်သက်ပြီး လူပြောများနေပါတယ် ၊ ဒီကလန်ရိုက်စ် ရောက်လာနိုင်ချေ ရှိနေတယ်ပေါ့ဗျာ ။ ”

” နွေရာသီမှာ ရိုက်စ် ဘယ်အသင်းကို ရောက်မလဲ ဆိုတာက စိတ်ဝင်စားစရာပါ ၊ သူ ဟမ်းမားစ် ကနေ သေချာပေါက် ထွက်ခွာဖို့တော့ ရှိပါတယ် ၊နောက်ပီး ဂျေးဇု – အန်ကီးတီးယား တို့နဲ့ နေရာယှဉ်လှမယ့် နောက်ထပ် တိုက်စစ်မှူး တစ်ဦးပေါ့ဗျာ ၊ ဒါပေမယ့် ကွင်းလယ် နှင့် နောက်တန်း ကစားသမားကတော့ ပွဲထွက် ကစားဖို့ အရည်အချင်းမှီတဲ့သူ ဖြစ်ဖို့ လိုပါတယ် ။ ”

” ဇန်နဝါရီ ကမှ ရောက်လာတဲ့ ခီဗီယော ကလည်း တကယ် ကောင်းတဲ့ ကစားသမား တစ်ဦး အဖြစ် တိုးတက်လာဖွယ် ရှိပါတယ် ။ အာဆင်နယ် က ခီဗီ​ယော ကို ဝယ်လိုက်ပေမယ့် အာတီတာ က အဆင်သင့် မဖြစ်သေးဘူးလို့ ခံစားရတာကြောင့် ဟိုးလ်ဒင်းကိုပဲ အသုံးပြု နေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM