နံနက်ခင်းအားကစားသတင်းများ

 

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားပြိုင်နေကြတဲ့ တော့တင်ဟမ် ဟော့စပးါ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ၂ ဂိုးစီ သရေကျခဲ့ ကြပါတယ် ။

ဧည့်သည် မန်ယူနိုက်တက် က ပထမပိုင်းမှာ ၂-၀ နဲ့ ဦးဆောင် နေခဲ့ပြီး စပါး က ဒုတိယပိုင်းမှာ ပြန်လည် ချေပခဲ့တာပဲ ဖြစ်ပါတယ် ။

 

အဆင့် ၃ က နယူးကာဆယ် အသင်းကတော့ အဝေးကွင်းမှာ တန်းဆင်း အန္တရာယ်ရှိနေတဲ့ အဲဗာတန် အသင်းကို ၄-၁ နဲ့ အနိုင် ကစားခဲ့ပြီး မန်ယူနိုက်တက် ကို ၂ မှတ် အသာ နဲ့ ဥိးဆောင် သွားခဲ့ ပါတယ် ။

အခြားပွဲစဉ် မှာတော့ ဘုန်းမောက်က အဆင့် ၂၀ က ဆောက်သမ်တန် ကို ၁-၀ နဲ့ အနိုင် ကစားသွားခဲ့ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန် က ယူနိုက်တက် ဟာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကို နွေရာသီမှာ ဦးစားပေး ပစ်မှတ် အဖြစ် ခေါ်ယူသင့်ကြောင်း တိုက်တွန်း ပြောဆိုခဲ့ ပါတယ် ။

 

ဒါပေမယ့် ပိုချက်တီနို သာ ချဲလ်ဆီး နည်းပြ ဖြစ်လာခဲ့မယ် ဆိုပါက ဟယ်ရီကိန်း ဟာ လန်ဒန် မှာ အသင်းပြောင်းရွှေ့ ကစားလာနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် နေပါတယ် ။

 

ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အသုံးပြု ခဲ့တဲ့ ဘောလုံးကို လာမယ့် ဇွန်လထဲမှာ လေလံတင် ရောင်းချ သွားမှာ ဖြစ်ပြီး ပေါင် ၂ သိန်းခန့် ရရှိမယ်လို့ မျှော်လင့်ထားကြောင်း သတင်း ကြားသိရ ပါတယ် ။

 

PSG အသင်းကတော့ ဖေဖော်ဝါရီ ကတည်းက ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူးကြီး နေမာ ဟာ ပြည်လည် အားဖြည့်မှု လုပ်ငန်းစဉ်တွေ လုပ်ဆောင် နေပါပြီလို့ အသိပေး ထုတ်ပြန်သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR