မန်ယူနိုက်တက် ဂန္တဝင် ပီတာရှမိုက်ကယ်က မနေ့ညက တော့တင်ဟမ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ တိုင်ရယ်မာလာစီယားရဲ့ performance ကို ဝေဖန်သွားခဲ့ပြီး အဓိက ကစားသမားတွေ မပါတဲ့အခါ ခံစစ်ပိုင်းဟာ အားနည်းချက်တွေ ရှိနေတယ်လို့ ဝန်ခံလိုက်ပါတယ်။ အဲရစ်တန်းဟတ်ရဲ့ အသင်းဟာ ဒီပွဲစဉ်မှာ ဒဏ်ရာရနေတဲ့ ဗာရန်း နဲ့ မာတီနက်ဇ် တို့ မပါဘဲ ကစားရတာ ဖြစ်ပြီး လူ့ရှောနဲ့ လင်ဒီလော့ တို့က ဗဟိုနောက်ခံ နေရာမှာ ကစားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆန်ချို ရပ်ဖို့ဒ် တို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းမှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ စပါးဘက်က ပေါ်ရို ဆွန် တို့ရဲ့ ဂိုးတွေကြောင့် ၂-၂ နဲ့ သရေတစ်မှတ် ရရှိခဲ့ပါတယ်။ နယ်သာလန် နောက်ခံလူဟာ တော့တင်ဟမ်ရဲ့ ချေပဂိုးမှာ အမှားလုပ်ခဲ့ပြီး ဟယ်ရီကိန်းကို ဆွန် အတွက် ဂိုးဖန်တီးနိုင်အောင် နေရာလွတ် ကြီးကြီးမားမား ပေးခဲ့ပါတယ်။ ယူနိုက်တက် ဂိုးသမားဟောင်းဟာ မာလာစီယားကို ဝေဖန်ခဲ့တဲ့ အပြင် ရှော နဲ့ လင်ဒီလော့ တို့ရဲ့ partnership ကိုလည်း စိတ်ပူနေပါတယ်။
ရှမိုက်ကယ်က “ဗာရန်း နဲ့ မာတီနက်ဇ် တို့ မကစားနိုင်တဲ့ အချိန်မှာ ခံစစ်ပိုင်းဟာ အနည်းငယ် အားနည်းနေခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
ယူနိုက်တက်တို့ ပေးလိုက်ရတဲ့ ပထမဂိုးနဲ့ ပက်သက်ပြီး “ပထမဦးဆုံး အနေနဲ့ ဖြတ်တင်ဘော လုပ်ချိန်မှာ ဘာဖိအားပေးမှုမှ မရှိခဲ့ပါဘူး။ သူတို့ဟာ အစောကတည်းက ဖြတ်တင်ဘော မလုပ်နိုင်အောင် တားဆီးနိုင်ခဲ့သင့်ပါတယ်။ ဒီနေရာမှာ ဘယ်သူမှ နောက်ကနေ မလိုက်ခဲ့ပါဘူး။ လင်ဒီလော့ဟာ ဗဟိုနောက်ခံ တစ်ပိုင်း full-back တစ်ပိုင်း ဖြစ်ပြီး လူ့ရှောဟာ full-back စစ်စစ်ပါ။ သူတို့ဟာ ဘောလုံးဆီကို မျှားခေါ်ခြင်းခံခဲ့ရပြီး space တွေ ပိတ်တာ ၊ ကစားသမားတွေ ကပ်တာတွေ မလုပ်ကြပါဘူး။
ဒုတိယဂိုးကို ကြည့်လိုက်ပါ။ မာလာစီယား ဘာလုပ်နေသလဲ ဆိုတာ ကျနော်လည်း မသိတော့ပါဘူး။ ဘောလုံးဟာ သူ့ရှေ့တည့်တည့်ကနေ ဖြတ်သွားခဲ့ပြီး သူက ဒါကို ရပ်ကြည့်နေခဲ့ပါတယ်။ လူစားဝင်လာတဲ့အခါ ပွဲအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိအောင် လုပ်ရမှာပါ။ ဒါဟာ ကိုယ့်ရဲ့ အလုပ်ပါပဲ။ အဲရစ်တန်းဟတ်ဟာ ဘာကြောင့် ဝမ်ဘစ်ဆာကာကို လူစားလဲပစ်ခဲ့သလဲ ဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ ဒီနေ့ ကောင်းခဲ့လို့ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အဲဒီအချိန်မှာ ၂-၁ နဲ့ ဦးဆောင်နေတာပါ။ ကိုယ့်ရဲ့ အကောင်းဆုံး နောက်ခံလူကို ထုတ်ပြီး အပြောင်းအလဲတွေ လုပ်ရလောက်အောင် ခြေစွမ်းက ဒီလောက်ကြီး ဆိုးမနေပါဘူး။” လို့ ဆိုလိုက်ပါတယ်။
SM