ဖလားဆုံးတော့မယ့် ဆင်ပျံ ၊ တန်းတက်လာတဲ့ ရှက်ဖီး ၊ ဖိုင်နယ်တက်တဲ့ အင်တာ တို့နဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ မန်ချက်စတာ စီးတီး ဟာ အမှတ်ပေး ဇယား အဆင့် ၁ က အာဆင်နယ် ကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင် ကစားကာ မီကေး အာတီတာ တို့ရဲ့ ချန်ပီယံ အိပ်မက် ကို ဖျက်ဆီးပစ် ခဲ့ ပါတယ် ။

ပွဲကျန် ၂ ပွဲ ကစားဖို့ ရှိနေသေးတဲ့ မန်စီးတီး ဟာ အာဆင်နယ် နဲ့ ၂ မှတ် အကွာကို ရောက်ရှိလာခဲ့ ပါပြီ ။

 

မန်စီးတီး အတွက် ကယ်ဗင် ဒီဘရိုင်းနား က ၂ ဂိုး ၊ ဟာလန်း နဲ့ ဖိုဒန် တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ ပါတယ် ။

အာလင်း ဟာလန်း ကတော့ ပရီးမီးယားလိဂ် ( ၃၈ ပွဲ ခေတ် ) မှာ တရာသီ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမား အဖြစ် စံချိန် မှတ်တမ်းသစ် ရေးထိုး ပိုင်ဆိုင် သွားနိုင်ခဲ့ ပါတယ် ။

 

အခြားပွဲစဉ်တွေ မှာတော့ လီဗာပူး က ဝက်စ်ဟမ်း အသင်းကို ၂-၁ နဲ့ အနိုင် ရခဲ့ပြီး ချဲလ်ဆီး ကတော့ ဘရန့်ဖိုဒ့် အသင်းကို ၂-၀ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ဒါဟာ ချဲလ်ဆီး အတွက် နောက်ဆုံး ၅ ပွဲမှာ ၅ ပွဲမြောက် ရှုံးနိမ့်မှု ဖြစ်လာစေခဲ့တာပါ ။

 

စပိန် လာလီဂါ မှာလည်း အဆင့် ၁ က ဘာစီလိုနာ ဟာ ဗယ်လက်ကာနို အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။ ဒါကြောင့် ဘာစီလိုနာ နဲ့ ရီးရဲမက်ဒရစ် အကြားမှာ ၁၁ မှတ်သာ ဆက်လက် ကွာဟခဲ့ ပါတယ် ။

 

အင်္ဂလန် ချန်ပီယံရှစ် မှာတော့ ရှက်ဖီး ယူနိုက်တက် အသင်းဟာ မနေ့ညက ပွဲစဉ်ကို အနိုင် ရရှိ အပြီးမှာတော့ လာမယ့် ရာသီ ပရီးမီးယားလိဂ် ကို တန်းတက်ခွင့် ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

 

အီတလီ မှာတော့ အင်တာမီလန် ဟာ ပထမ အကျော့တုန်းက ၁ ဂိုးစီ သရေ ကျခဲ့တဲ့ ယူဗင်တပ် ကို ဖက်ဒရီကို ဒီမာကို ရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ကစားကာ ကိုပါ အီတလီယာ ဖလား ဗိုလ်လုပွဲဆီကို အရောက်လှမ်းသွား နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

 

စီးရီးအေ ထိပ်သီး အေစီမီလန် ဟာ အာဆင်နယ် လူငယ် တိုက်စစ်မှူးလေး ရိစ် နီလ်ဆင် ကို လာမယ့် နွေရာသီ မှာ ခေါ်ယူနိုင်ဖို့ ကြိုးစား နေပြီး နီလ်ဆင် ဟာ အာဆင်နယ် ကနေ အခွတ်နဲ့ ပြောင်းရွှေ့ ထွက်ခွာဖွယ် ရှိနေပါတယ် ။

 

အေစီမီလန် တိုက်စစ်မှူး ရာဖေး လီယို ကတော့ ဥရောပ ထိပ်သီး ကလပ်တွေကို ပြောင်းရွှေ့ဖို့ စိတ်ကူး မရှိသေးဘဲ အေစီမီလန် မှာသာ ဆက်ကစားဖို့ စဉ်းစားထားတယ်လို့ ကြားသိရ ပါတယ် ။

 

ပိုချက်တီနို ဟာ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာပါက ကွင်းလယ်ခံစစ်နေရာကို အဓိက အပြောင်းအလဲ ပြုလုပ်ဖို့ အစီအစဉ် ရှိနေပြီး ကန်တီ ၊ ကိုဗာဆစ် တို့ ၂ ယောက်စလုံး လန်ဒန် ကလပ်ကို စွန့်ခွာ ရနိုင်တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

SPORTS MYANMAR