မက်ဒရစ်ဒါဘီမှာ ပြိုင်ဘက် ကစားသမား ကော်တွိုက်စ် ကို အရာဝတ္တူ ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့တဲ့ အိမ်ကွင်း ပရိသတ်တွေရဲ့ လုပ်ရပ်ကို ရှုတ်ချ ပေမယ့် ကော်တွိုက်စ် ဟာ ပရိသတ်တွေ ဒေါသထွက်အောင် စတင် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆီမြွန်နီ နှင့် ကိုကီ တို့က ပြောကြား လိုက်ကြပါတယ် ။
ကော်တွိုက်စ် ဟာ မီလီတောင်း ဂိုးသွင်းအပြီးမှာ အက်သလက်တီကို မက်ဒရစ် ပရိသတ်တွေဘက်လှည့်ကာ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ် ။ အကျိုးဆက် အနေနဲ့ ပရိသတ်တွေ ဟာ ကော်တွိုက်စ် ကို ပလက်စတစ်အိတ် ၊ မီးခြစ် စသည့် အရာဝတ္တု ပစ္စည်းတွေနဲ့ ပစ်ပေါက် ခဲ့ကြရာ ဒိုင်လူကြီး က ပွဲကို ခေတ္တခဏ ရပ်နားဖို့ ဆုံးဖြတ် ခဲ့ပါတယ် ။
ဆီမြွန်နီ အပါအဝင် အက်သလက်တီကို မက်ဒရစ် ကစားသမားတွေဟာ ပွဲပျက်မသွားအောင် ဖြောင်းဖြ ပြောဆို ခဲ့ရပါတယ် ။ ပွဲပြီးခါနီးမှာ အက်သလက်တီကို မက်ဒရစ် ဘက်က ကော်ရီယာ ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် အိမ်ရှင်တို့ ရှုံးပွဲ ကြုံတွေ့ ခဲ့ရခြင်းတော့ မရှိပါဘူး ။
ပွဲအပြီးမှာတော့ ဆီမြွန်နီ က ” ကျနော်တို့ အားလုံး ပါဝင်ဖို့ လိုအပ်ပါတယ် ။ ပရိသတ်တွေကို ရန်သွားစရင် သူတို့ ဒေါသထွက်ကြမှာပါပဲ ၊ သွင်းဂိုး အတွက် အောင်ပွဲ ခံလို့ ရပါတယ် ၊ ဒါပေမဲ့ ပြိုင်ဘက် ပရိသတ်တွေ ရှိတဲ့ ပွဲကြည့်စင်ကို ကြည့်ပီး အောင်ပွဲ ခံတာမျိုး ၊ ခနဲ့တဲ့တဲ့ လုပ်တာမျိုးတော့ မလုပ်သင့်ပါဘူး ၊ အပြုအမူနှစ်ခုကို နှိုင်းယှဉ်တာ မဟုတ်ပါဘူး ၊ နှစ်ခုစလုံးက မလုပ်သင့်ပါဘူး ။ ”
ကိုကီကလည်း ” တကယ့်ကို ပြင်းထန်တဲ့ အခြေအနေပါပဲ ။ ဒါပေမဲ့ ကွင်းထဲမှာ မဖြစ်သင့်တဲ့ အဖြစ်အပျက်တွေပါ ၊ ကျနော်တို့က ပရော်ဖက်ရှင်နယ် ကစားသမားတွေပါ ၊ ကျနော်တို့ ဘယ်နေရာကို ရောက်နေသလဲ ဆိုတာ သိဖို့ လိုသလို ပါးနပ် လိမ်မာဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM